လာမယ့်နွေရာသီမှာ မြင်တွေ့ရနိုင်ချေရှိတဲ့ ပရီးမီးယားလ်ဂ်ထိပ်သီးတွေရဲ့ တိုက်စစ်ပိုင်းအပြောင်းအလဲ

ဟာလန်းနဲ့မန်စီးတီအကြား သဘောတူညီမှုရသွားပြီလို့ သတင်းတွေ ခိုင်ခိုင်မာမာထွက်လာခဲ့သလို လီဗာပူးလ်နဲ့ ဆာလက်တို့ကြားက စာချုပ်သစ်အတွက်ဆွေး‌နွေးမှုတွေက အဆုံးသတ်သွားပြီဆိုတဲ့ ကောလဟလတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ 

အားကစားဂျာနယ်လစ်တစ်ဦးဖြစ်သူ ဖာဘရီဇီယို ရိုမန်နိုနဲ့ ဂါဒီယန်းတို့က ဆာလက်နဲ့လီဗာပူးလ်တို့ရဲ့ ဆွေးနွေးမှုတွေဟာ အဆင်မပြေဖြစ်နေတယ်လို့ ပြောလာခဲ့ပါတယ်။ လက်ရှိမှာတော့ ကစားသမားနဲ့အသင်းကြား နှစ်ဦးနှစ်ဖက် ဆွေးနွေးညှိနှိုင်းမှုတွေက အဆင်မပြေသေးပေမယ့် ရာသီမကုန်ခင်မှာ ဒီကြားထဲမှာ ဆာလက်နဲ့လီဗာပူးလ်တို့  သဘောတူညီမှု အသစ်ရသွားနိုင်ချေလည်း ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။ 

ဆာလက်က အန်ဖီးလ်မှာပဲ ဆက်နေဖို့ ဆန္ဒရှိနေပေမယ့် စာချုပ်သစ်အတွက်တော့ လက်ရှိလစာထက် ပိုများတဲ့ လစာနှုန်းထားတစ်ရပ်ကို အလိုရှိနေပါတယ်။ လီဗာပူးလ်အသင်းကလည်း ဆာလက်လိုချင်တဲ့ လစာငွေအများအပြကို ပေးချေဖို့ လက်တွန့်နေတာကြောင့် စာချုပ်သစ်ကိစ္စဟာ ခုလိုမျိုး ရပ်တန့်နေတာဖြစ်ပါတယ်။ 

ဆာလက်က လီဗာပူးလ်ကမ်းလှမ်းခဲ့တဲ့ လစာနှုန်းထားဟာ သူ့အတွက် ထိုက်သင့်တဲ့ပမာဏ မရှိဘူးလို့ ယုံကြည်နေသလို လီဗာပူးလ်အသင်းဘက်ကလည်း သူတို့ရဲ့ကစားသမားတွေကို လစာငွေပေးချေမှု ပုံစံကို မပျက်စီးစေမယ့် ကောင်းမွန်တဲ့‌ကမ်းလှမ်းမှုတစ်ခုနဲ့ ဆာလက်ကို ကမ်းလှမ်းခဲ့တာလို့ ယုံကြည်နေပါတယ်။လီဗာပူးလ်အသင်းရဲ့ မန်နေဂျာ ဂျာဂင်ကလော့ပ်ကတော့ အသင်းအနေနဲ့ ဒီထက်ပို မတတ်နိုင်တော့ဘူးလို့ ဆိုခဲ့ပါတယ်။ဆာလက်ကလည်း သူ့အနေနဲ့ ရူးလောက်အောင်များတဲ့ပမာဏကို တောင်းဆိုနေတာ မဟုတ်သလို အသင်းကလည်း သူဘာလိုချင်တယ်ဆိုတာ သိတယ်လို့ ပြောခဲ့ဖူးပါတယ်။ 

ကောလဟာလတွေအရ ဆာလက်အနေနဲ့ လီဗာပူးလ်ကနေ ထွက်ခွာဖြစ်မယ်ဆိုရင် ပရီးမီးယားလိဂ်မှာပဲ ဆက်ရှိနေချင်တယ်လို့ သိရပါတယ်။ 

Advertisements

လီဗာပူးလ်အသင်းက သူတို့ရဲ့ အကောင်းဆုံးကစားသမားကို ဆုံးရှုံးရဖို့ ရှိနေချိန်မှာ မန်စီးတီးအသင်းကတော့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့အတွက် သဘောတူညီမှု ရသွားပြီးလို့ ဒေးလီးမေးလ်က ဖော်ပြလာခဲ့ပါတယ်။ 

လာမယ့်နွေရာသီအတွက် မန်စီးတီးရဲ့ အဓိက ပစ်မှတ်က ဟာလန်းဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရသွားခဲ့ပြီလို့ သတင်းအချို့က ဖော်ပြလာပါတယ်။ ဒေါ့မွန်ကြယ်ပွင့်လေးအတွက်ပေးချေရမယ့် စာချုပ်ဖျက်သိမ်းကြေး ၆၃သန်းက မန်စီးတီးအတွက် အခက်အခဲမရှိသလို ကစားသမားရဲ့အေးဂျင့် ရွိုင်းအိုလာကို ပေးချရမယ့် ငွေကြေးပါထွက်တွက်ရင်တော့ ဒီအပြောင်းအရွှေ့ဟာ ပေါင်သန်း၁၀၀အထိ ကုန်ကျသွားဖို့ရှိနေပြီး မန်စီးတီးဘက်ကတော့ ပေးချေဖို့ အသင့်ရှိနေပါတယ်။ 

ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီနဲ့ ဘာစီလိုနာတို့ကလည်း ဟာလန်းကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းကပဲ အသာရသွားဖို့ များနေပါတယ်။ 

မန်စီးတီးရဲ့ မြို့ခံပြိုင်ဘက် မန်ယူကလည်း နွေရာသီမှာ သူတို့အသင်းရဲ့ တိုက်စစ်လူစာရင်းကို အပြောင်းအလဲတွေ လုပ်သွားဖို့ ရှိနေပါတယ်။သရဲနီတွေရဲ့ ပစ်မှတ်ကတော့ လိုင်ယွန်အသင်းရဲ့ တိုက်စစ်ကစားသမား မူဆာ ဒမ်ဘီလီဖြစ်တယ်လို့  သိရပါတယ်။ဒမ်ဘီလီကို ခေါ်ယူဖို့ မန်ယူဟာ ကနဦးကမ်းလှမ်းမှုတွေ ပြုလုပ်ပြီးပြီလို့ ဆိုပါတယ်။ 

အသက်၂၅နှစ်ရှိပြီဖြစ်တဲ့ လိုင်ယွန်အသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင် ဒမ်ဘီလီဟာ ဖူလ်ဟမ်မှာ ကြီးပြင်းလာခဲ့သူဖြစ်ပြီး မန်ယူမန်နေဂျာဟောင်းဆိုးရှားလ်က သူ့ကို ခေါ်ယူဖို့ အရင်က စိတ်၀င်စားခဲ့ပါသေးတယ်။ 

လန်ဒန်မြို့ခံတွေဖြစ်တဲ့ အာဆင်နယ်ကလည်း လာမယ့်နွေရာသီမှာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ ရှိနေသလို စပါးအသင်းရဲ့တိုက်စစ်မှူး ဟယ်ရီကိန်းကနေလည်း အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။ဒါကြောင့် လာမယ့်နွေရာသီမှာတော့ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေရဲ့ တိုက်စစ်မှာ ကစားသမားအ၀င်အထွက်အများအပြားနဲ့ တိုက်စစ်အင်အားစုအသစ်တစ်ခုကို မြင်တွေ့ရဖို့ ရှိနေပါတယ်။  အာဆင်နယ်နဲ့တိုက်စစ်မှုးကိစ္စဟာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ပြီး အခုလိုရလဒ်တွေကောင်းနေတဲ့နောက် ထိပ်တန်းတိုက်စစ်မှုးတစ်ယောက်ကို ခေါ်ယူတော့မလားဆိုတဲ့  ပြောဆိုရေးသားမှုတွေဆက်တိုက်ထွက်ပေါ်လာပါတယ်။ Football London ကတော့  တိုက်စစ်မှုး  ၂ ယောက်အထိလျာထားတယ်လို့ ဆိုပါတယ်။ အာတီတာကလည်း ခြေစွမ်းပြနေတဲ့တိုက်စစ်မှုး လာကာဇက်နဲ့ ညှိုနှိုင်းမယ်ဆိုတဲ့သတင်းတွေထွက်နေပြန်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: