Gunners’ Side – နောက်ဆုံးရ အာဆင်နယ် သတင်းများ (14Mar)

လက်စတာကို နိုင်အပြီးမှာ မှတ်တမ်းသစ်တစ်ခုကို ရရှိသွားတဲ့ အာဆင်နယ်

လက်စတာစီးတီးအသင်းကိုနိုင်ခဲ့တဲ့ပွဲအပြီးမှာ  အာဆင်နယ်အသင်းဟာ  ၁၁ ပွဲကစားပြီး အမှတ်အများဆုံးစုဆောင်းနို်င်တဲ့အသင်းတစ်သင်းဖြစ်လာခဲ့ပါတယ်။ ငါးပွဲဆက်အနိုင်အဖြစ်  မြေခွေးတို့ကိုအနိုင်ရပြီးတဲ့နောက် အမြင့်ဆုံးရရှိနိုင်တဲ့ ၃၃ မှတ်အနက် ၂၉ မှတ်အထိ ဂန်းနားတို့ဟာ စုဆောင်းနိုင်ခဲ့တာဖြစ်ပါတယ်။  အခြားသောလန်ဒန်ကလပ် ချဲလ်ဆီးဟာလည်း  နယူးကာဆယ်ကိုအနိုင်ရပြီး  ငါးပွဲဆက်အနိုင်မှတ်တမ်းကိုရရှိထားပါတယ်။

အိုဒီဂတ်ခြေစွမ်းပြလာခြင်းအတွက် ကစားသမားကိုရော အသင်းကိုပါ ချီးကျူးတဲ့ ဟက်ဆယ်ဘိန့်ခ်

ချဲလ်ဆီးအသင်းရဲ့ ဂန္တဝင်ကစားသမားဖြစ်တဲ့ ဂျင်မီဖလွိုက်ဟက်ဆယ်ဘိန့်က   မာတင်အိုဒီဂတ်အပေါ်မှာ ယခုလိုပဲမှတ်ချက်ပေးခဲ့ကြောင်း Football London ကဖော်ပြလာပါတယ်။

“ အသက် ၁၆ နှစ်အရွယ်ကတည်းက  ရီးရဲလိုအသင်းနဲ့အတူ ဖိအားတွေခံခဲ့ရတယ်။  မက်ဒရစ်မှာကစားရတဲ့ လူငယ်လေးတွေက ဘာအမှားမှ လုပ်ခွင့်မရှိပါဘူး။ သူတို့အတွက် သိပ်ခက်ခဲတဲ့ ယှဥ်ပြိုင်မှုတွေပြုလုပ်ခဲ့ကြရတာပါ။ အိုဒီဂတ်က ရီးရဲမှာ အစွမ်းပြဖို့ ခက်ခဲ ခဲ့တယ်။ ဒီလိုနဲ့အာဆင်နယ်ရောက်လာတယ်။ စစရောက်ချင်းမှာ အိုဒီဂတ်အခုလောက်အစွမ်းမပြနိုင်ခဲ့ပါဘူး။ ဒါပေမယ့် အသင်းနဲ့ကစားသမားကြား အပြန်အလှန်ယုံကြည်မှုနဲ့အတူ ဒီနေ့အခြေအနေရောက်လာတယ်။ လူငယ်တစ်ယောက်အနေနဲ့  အများတွေကနေ ပိုကောင်းအောင်ကြိုးစားခဲ့တာပါပဲ  “  လို့ အသေးစိတ်ပြောပြသွားခဲ့ပါတယ်။

သူ့လက်ထက်က အမှားအချို့ကို ဝင်းဂါး​ဝန်ခံလာ

အာဆင်ဝင်းဂါးဟာ သူ့လက်ထက်တုန်းက ဖာဘရီဂတ်စ် ၊ အက်ရှ်လေကိုးတို့နဲ့ပတ်သတ်ပြီး မှားယွင်းတဲ့ ဆုံးဖြတ်ချက်အချို့ကို ချခဲ့မိကြောင်းအခုလိုပြောပြလာပါတယ်။

“ ပြောရမယ်ဆိုရင် ကစားသမားတစ်ယောက်က  ၇-၈-၉ နှစ်လောက်အထိအသင်းအတွက်ကစားပေးလေ့ရှိကြပါတယ်။ ပြီးရင်တော့အသင်းပြောင်းတာပေါ့။ ဖာဘရီဂတ်စ်တို့လို လူငယ်မျိုးဆက်ကျတော့  အကြာကြီးထိမ်းရခက်ပါတယ်။ သူပြောင်းသွားမှာကို ကျွန်တော်တို့သိပါတယ်။  အက်ရှ်လေကိုး ကိုထွက်ခွာခွင့်ပေးမိတာကတော့  ကျွန်တော်တို့ မှားသွားခဲ့တယ်လို့ထင်တယ်ဗျာ။ သူက အသင်းအတွက် ၁၀နှစ်လောက်ကစားပေးပြီးထားသူဖြစ်ပါတယ်။ ဖာဘရီဂတ်စ်ကတော့ ဘာကာကို ပြန်ပြောင်းချင်တာကို ကျွန်တော်သိပါတယ် “  ဆိုပြီးပြောသွားခဲ့တာဖြ်ပါတယ်။

Advertisements

ပါတေးကို အလေးအနက်ချီးကျူးလာတဲ့ ရွိုင်ကိန်း

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ကွင်းလယ်လူပါတေးရဲ့ အရေးပါမှုကို အခုလိုပဲထုတ်ပြောလာခဲ့ပါတယ်။

“  လာမယ့်နှစ်အနဲငယ်အတွင်းမှာ အသင်းရဲ့ အရေးအကြီးဆုံးကစားသမားဖြစ်လာပါလိမ့်မယ်။ ပါတေးက အသင်းကြီးတွေနဲ့လည်းတူတူကစားခဲ့ဖူးပြီးသားပါ။ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုလိုအပ်နေတဲ့ အာဆင်နယ်ကွင်းလယ်မှာ သူဘယ်လောက်ကောင်းအောင်ကစားပြနေတယ်ဆိုတာ အားလုံးအမြင်ပါပဲ၊ သူသာကြံခိုင်မှုပြည့်နေရင် ဘယ်လောက်ထိစွမ်းမယ့်သူလဲဆိုတာ ကျွန်တော့်အနေနဲ့သံသယလုံးဝမရှိပါဘူး “  လို့ပြောလာခဲ့တာပါ။

ကော်တင်ဟိုကို ပြန်လည်ပစ်မှတ်ထားလာတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ  ဗီလာအသင်းမှာကစားနေတဲ့ ကွင်းလယ်လူကော်တင်ဟိုကို ပြန်လည်ပစ်မှတ်ထားလာတယ်လို့  စပိန်သတင်းစာ Fichajes ကဖော်ပြလာပါတယ်။ ကော်တင်ဟိုဟာ  ဗီလာအတွက် ၉ ပွဲကစား  ပြီးချိန်မှာ  ၄ ဂိုးသွင်း  ၃ဂိုးဖန်တီးပေးထားနိုင်တာလဲဖြစ်ပါတယ်။ ဘရာဇီးသားကို နယူးကာဆယ်အသင်းကလဲ စောင့်ကြည့်နေပြီး ခေါ်ယူလိုတဲ့အသင်းကတော့ လစာကြေးကြီးကြီးပေးရနိုင်တယ်လို့သိရပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: