ဘောလုံးလောက မျက်နှာစာမှာ နေရာပြန်ရလာတဲ့ ကော်တင်ဟို

ကော်တင်ဟိုဟာ ဘယ်နေရာရောက်ရောက်လင်းတဲ့ကြယ်ဖြစ်ပါတယ်။ ဒါပေမယ့် အမုန်းဒဏ်ဖိစီးခြင်းကို ခံစားခဲ့ရပါတယ်။  သူကိုယ်တိုင်လည်း ရွေးချယ်မှုမှားယွင်းခဲ့ခြင်းအပေါ် စိတ်ဖိစီးခဲ့ပုံပါပဲ။ ဒါပေမယ့်အခုတော့ အရာရာဟာ လွင့်ပျယ်စပြုပါပြီ။

ဘာစီလိုနာမှာသူမအောင်မြင် ၊​ ဒီလိုနဲ့အငှားချကစားသမားဘဝကိုရောက်တယ်။ ဘိုင်ယန်မြူးနစ်မှာ ထိုက်သင့်တဲ့ခြေစွမ်းကိုပြတယ်။ ဂိုးတွေလည်းသွင်းပြတယ်။ ဒီလိုနဲ့ နူးကမ့်ပြန်ရောက်တယ်။ သူရုန်းကန်ခဲ့ပါတယ်။ ဒါပေမယ့်လည်းအဆင်မပြေခဲ့ပြန်။ ဒီလိုနဲ့ အသင်းတော်တော်များများနဲ့ နာမည်ထွက်ပြီးသကာလ အက်စတွန်ဗီလာကို ရောက်လာခဲ့တယ်။

၉ ပွဲကစားပြီးချိန်မှာ  ၄ ဂိုးသွင်း  ၃ ဂိုးဖန်တီးဆိုတာ ပရီးမီးယားလိဂ်အဆင့်မှာ အောင်မြင်တဲ့ မှတ်တမ်းဖြစ်ပါတယ်။ ဒါ့အပြင် ကွင်းထဲမှာလည်း သက်ရောက်မှုကောင်းတဲ့ခြေစွမ်းကိုပြသနေပါသေးတယ်။ စတီဗင်ဂျာရတ်နဲ့အတူ သူ့ရဲ့အချိန်တွေပြန်လည်စတင်ခြင်းပါပဲ။ အသက် ၂၉ သားဟာ ဒိတ်ဒိတ်ကျဲပြန်မဖြစ်ရင်တောင်  မထင်မရှားနေဝင်သွားစရာမရှိတော့ဘူးလို့ယူဆရပါတယ်။ အငှားနဲ့ လာရောက်ကစားနေတာဖြစ်လို့ ရာသီကုန်ရင်လဲ ဂျာရတ်နဲ့ဆက်လက်  လက်တွဲသွားကောင်း လက်တွဲနိုင်မှာပါ။

ဒါပေမယ့်   အာဆင်နယ်ကလည်း သူတို့ရဲ့စိတ်ဝင်စားမှုကို လက်တွေ့အကောင်အထည်ဖော်ဖို့အတွက် ပြန်လည်ပြင်ဆင်နေပြီဖြစ်ကြောင်း စပိန်သတင်းစာ Fichajes  က ဖော်ပြလာပါတယ်။ ဒီတော့ ရာသီကုန်မှာ ဘရာဇီးမှော်ဆရာဘာတွေဆက်ဖြစ်လာမလဲက စိတ်ဝင်စားစရာပါ။

ကော်တင်ဟို ကိုအပြီးခေါ်ထားချင်ရင်တော့ ဘယ်အသင်းကဖြစ်ဖြစ် လစာကောင်းကောင်းပေးဖို့လိုအပ်ပါတယ်။ လောလောဆယ်မှာတော့  အာဆင်နယ်နဲ့ နယူးကာဆယ်တို့က ပြန်လည်စောင့်ကြည့်နေပြီလို့ စပိန်ဖက်ကသတင်းတွေမှာတွေ့စပြုနေပါပြီ။

အာဆင်နယ် Blog တစ်ခုဖြစ်တဲ့ Just Arsenal ကတော့ ကော်တင်ဟိုကို  အိုဒီဂတ်  ၊ စ မစ်ရိုးတို့နဲ့အတူပွဲထွက်လာမယ့် ဖြစ်နိုင်ခြေကိုရေးသားထားပြီး ၊ ဆုဖလားအိမ်မက်အတွက် အထောက်အကူပြုမှာဖြစ်ကြောင်းသုံးသပ်ထားပါတယ်။ ထိုနည်းတူစွာ ဂွီမာရေးစ်ခြေစွမ်းပြနေတဲ့ နယူးကာဆယ်ကွင်းလယ်မှာလဲ ဘရာဇီးအတွဲဖြစ်လာရင် သိပ်စိတ်လှုပ်ရှားစရာကောင်းမှာဖြစ်ပါတယ်။

ကော်တင်ဟိုတစ်ယောက် ပြန်လည်စတင်ခဲ့ပြီလို့ပဲဆိုရပါမယ်။ ဒါပေမယ့် တည်ငြိမ်တဲ့ ကစားသမားဘဝအတွက်ကိုတော့ သူအသင်းတစ်သင်းသေချာပေါက်ရွေးချယ်ရပါလိမ့်မယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: