အိုဒီဂတ်၊ ပါတေး၊ ရမ်စ်ဒေးလ်၊ ချန်ပီယံလိဂ်၀င်ခွင့်တွေနဲ့ ပတ်သက်ပြီး အာတီတာ ဘယ်လို မှတ်ချက်ပေးခဲ့လဲ

လက်စတာကို အနိုင်ရခဲ့တာနဲ့ပတ်သက်ပြီး အသင်းရဲ့ Boss အာတီတာကတော့ အတော်လေးပဲ ပျော်ရွှင်နေပုံရပါတယ်။ ပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံရမှာတော့ အာတီတာက ပါတေး၊ရမ်ဒေးလ်၊အိုဒီဂတ်တို့ရဲ့ ကွင်းထဲက ခြေစွမ်း၊ ချန်ပီယံ၀င်ခွင့်နဲ့ နောက်လာမယ့် ပွဲစဉ်မှာ လီဗာပူးလ်နှင့် ရင်ဆိုင်ဖို့ရှိနေတာတွေ စတဲ့ အကြောင်းအရာတွေကို ပြောပြခဲ့ပါတယ်။ 

ပါတေးရဲ့ ဂိုးအပေါ် 

“သူရဲ့ ခြေနဲ့ကန်သွင်းခဲ့တဲ့ ဘောလုံးဟာ ဂိုးရလုနီးပါးဖြစ်ပြီး ဘားတန်းထိခဲ့ပေမယ့် အတော်လှတဲ့ ကန်ချက်ပါ။ ပါတေးက အသင်းရဲ့ သွင်းဂိုးနှစ်ဂိုးစလုံးမှာ ပါ၀င်ပတ်သက်ခဲ့ပါတယ်။သူက ဖေဖော်ဝါရီလအတွက် အသင်းရဲ့ အကောင်းဆုံးကစားသမားဆု ဘာလို့ရခဲ့တာလဲဆိုတာ ဒီပွဲစဉ်မှာ တွေ့မြင်နိုင်ပါတယ်။ သူရဲ့‌ ခြေစွမ်းက မိနစ်တိုင်းမှာ တည်ငြိမ်နေတယ်။အသင်းက ပိုကောင်းတဲ့အရာကို လိုချင်နေတာလည်း သူသိသလို အခြားအသင်း‌ဖော်တွေနဲ့လည်း စည်းလုံးမှု၊နားလည်မှု တွေ ပိုပြီး အားကောင်းလာပါတယ်။ ဒီလိုမျိုး တည်တည်ငြိမ်ငြိမ်နဲ့ သူ့ရဲ့ခြေစွမ်းကို ဆက်ထိန်းထားဖို့ပဲ လိုအပ်ပါတယ်။ 

အသင်းရဲ့ ခြေစွမ်းတည်ငြိမ်မှုအပေါ် 

“ဒါက နည်းပြတိုင်းလိုချင်တဲ့အရာဖြစ်ပြီး ကစားသမားတွေက ကျွန်တော်တို့ ဘာလိုချင်လဲဆိုတာ နားလည်ကြပါတယ်။ကျွန်တော်တို့ ကစားစေချင်တဲ့အတိုင်း လျင်လျင်မြန်မြန်လည်း ကစားနိုင်ပေမယ့် ဒါက ထင်သလောက်တော့ မရိုးစင်းခဲ့ပဲ  ရှုပ်ထွေးလာခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုမျိုးကစားနိုင်ဖို့ဆိုတာ ချိန်သားကိုက်ဖို့၊နည်းစနစ်မှန်ဖို့၊အ‌ရည်အသွေးရှိဖို့ ၊မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့ စတဲ့အရာတွေကို လိုအပ်ပါတယ်။ ဒီနေ့မှာ‌တော့ ကစားသမားတွေအားလုံးဟာ တစ်သွေးသားတစ်သားတည်းဖြစ်ပြီး တူညီတဲ့အရာတွေကို အတူတူရှာဖွေနေတဲ့ အခိုက်အတန့်တွေ ရှိခဲ့ပါတယ်။ဒါဟာ အရမ်းအရေးကြီးပါတယ်။ 

အိုဒီဂတ်ရဲ့ ပုံစံအပေါ် 

“ပွဲတိုင်းမှာ ကစားနေကျအတိုင်းပဲ ဒီနေ့မှာ သူက တကယ်ကိုကောင်းခဲ့ပြန်ပါတယ်။ခံစစ်ကစားနေတဲ့အချိန်မှာ၊ ကျွန်တော်တို့ သာနေတဲ့အချိန်တွေမှာ ၊ကျွန်တော်တို့ ပြန်နိမ့်သွားတဲ့အချိန်တွေမှာ ၊ build-up play တဲ့အခါ၊ ပင်နယ်တီဧရိယာထဲမှာ  သူဘာလုပ်ရမလဲဆိုတာကို ကောင်းကောင်းနားလည်ပြီး ကစားပွဲကို လိုအပ်သလို ထိန်းချုပ်ခဲ့ပါတယ်။ ကျွန်တော့်အထင် သူ့စရောက်လာခဲ့တဲ့အချိန်ကနေ အခုအချိန်ထိ အများကြီးကို တိုးတက်လာခဲ့ပါပြီ။သူဟာ ကြီးကျယ်တဲ့ တာ၀န်ကျေမှုနဲ့ရင့်ကျက်မှုတွေကို ကွင်းထဲမှာ ပြသနိုင်သလို အခြားကစားသမားတွေကိုလည်း ပိုကောင်းအောင် ပြုလုပ်ပေးပါတယ်။” 

အိုဒီဂတ်ကို တကယ်တန်တဲ့ ဈေးနဲ့ ရခဲ့တာလားဆိုတဲ့အပေါ် 

“ကျွန်တော်မသိပါဘူး။ဒီလိုပြောဖို့တော့ နည်းနည်းစောပါသေးတယ်။သေချာတာကတော့ သူဟာ  ကျွန်တော်တို့လိုချင်တဲ့ပုံစံ၊ ကျွန်တော်တို့ရဲ့ အသင်းမှာ အံ၀င်မယ့် ကစားသမားဆိုတာကို ယုံကြည်‌ စေခဲ့ပါတယ်။ ဒီအသင်းကို ကိုယ်စားပြုဖို့ ကျွန်တော်တို့ လိုချင်တဲ့ အရည်အသွေးတွေအကုန် သူ့မှာ ရှိပြီး သူဟာ အသင်းနဲ့အတူ ရှိနေတဲ့အတွက် ကျွန်တော်တို့ အရမ်းပျော်ရွှင်ရပါတယ်။ 

ကစားသမားတွေရဲ့ ပျော်ရွှင်နေမှုအပေါ် 

ဒါက ဖြစ်သင့်တဲ့အတိုင်းပါပဲ။ကျွန်တော်ထင်တာကတော့ အသင်းတစ်သင်းကို ကိုယ်စားပြုနေတဲ့ ကစားသမားတွေက မပျော်ရွှင်ဘူးဆိုရင် တာ၀န်ရှိတဲ့ ကျွန်တော်တို့လိုလူတွေအနေနဲ့ တစ်ခုခုလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ဘာလို့လဲဆိုတော့ ကျွန်တော်တို့လုပ်နေတဲ့အရာတွေထဲမှာ တစ်ခုခုက သေချာပေါက်မှားနေလို့ပါပဲ။ သူတို့မှာ ဘောလုံးသမားဖြစ်ဖို့ အခွင့်အရေးနဲ့ ပျော်ရွှင်မှုတွေရှိပြီး ဒါကို သူတို့သဘောကျရမှာပါ။ ဒါဟာ သူတို့လုပ်နေတဲ့အရာတွေရဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပြီး အခု သူတို့(အာဆင်နယ်ကစားသမားတွေ)မှာ ကောင်းမွန်တဲ့အချိန်လေးတစ်ခုရှိနေတာ ခင်ဗျားတို့ ခံစားမိမှာပါ။သူတို့က လွတ်လပ်တဲ့စိတ်နဲ့ဘောလုံးကစားရတာကို နှစ်သက်နေကြပြီး ဒါက အရေးကြီးဆုံးပါပဲ။” 

ဗုဒ္ဓဟူးနေ့မှာ ကစားရမယ့် လီဗာပူးလ်နဲ့ ပွဲစဉ်က အသင်းအတွက် စမ်းသပ်မှုတစ်ခုဖြစ်လာမလား 

“ပြိုင်ဘက်က မတူညီတဲ့ level တစ်ခုကဖြစ်ပြီး သူတို့ကိုအနိုင်ယူဖို့ဆိုရင် ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ အဆင့်အတန်းအသစ်တစ်ခုကို ပြသနိုင်မှဖြစ်ပါမယ်။ ဒါကို ကျွန်တော်တို့ သိရှိပြီးဖြစ်သလို မနက်ဖြန်မှာ သူတို့ကို ဘယ်လိုအနိုင်ယူနိုင်မလဲဆိုတာအတွက် ပြင်ဆင်သွားမှာဖြစ်သလို အရေးကြီးဆုံးအချက်ဖြစ်တဲ့ သူတို့ကို အနိုင်ယူနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကို ဘယ်လိုတည်ဆောက်မလဲဆိုတာလည်း ပြင်ဆင်သွားမှာပါ” 

လက်စတာနဲ့ပွဲစဉ်ပြသခဲ့တဲ့ ရမ်ဒေးလ်ရဲ့ အံ့မခန်းလက်စွမ်းအပေါ် 

“ကျွန်တော်တို့ တကယ်ကောင်းမွန်တဲ့ ကာကွယ်မှုတစ်ခုပြုလုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။အတိမ်း အစောင်းခံလို့မဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့ ခြေတစ်လှမ်းနောက်ကျနေပြီး ဘားနပ်စ်ရဲ့ခေါင်းတိုက်ချက်ကို ကာကွယ်ဖို့ ဂိုးသမားဟာ ရှေ့တက်လာခဲ့ဖို့ လိုအပ်ပြီး ပြဿနာကို ဖြေရှင်းနိုင်ဖို့လိုအပ်ခဲ့ပါတယ်။သူဒီနေ့ ဒါကို သေသေချာချာပဲ ထပ်လုပ်နိုင်ခဲ့ပါတယ်။”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: