Gunners’ Side – နောက်ဆုံးရ အာဆင်နယ် သတင်းများ (13Mar)

စမစ်ရိုးဘောလုံးနဲ့ပြေးသွားတာကြည့်နေရရုံနဲ့တင် ရသမြောက်ကြောင်း ကစားဖော်ပြော

အသင်းရဲ့နောက်ခံလူ ဟိုးဒင်းက လူငယ်ကွင်းလယ်ကစားသမားလေး စမစ်ရိုးကို အံ့အားသင့်စရာကောင်းတဲ့ကစားသမားဖြစ်ကြောင်းအခုလိုချီးကျူးပြောကြားလာပါတယ်။  “ ဘယ်လိုကစားသမားမျိုးလဲဗျာ  … တကယ်ကောင်းတဲ့သူပါ။  သူဘောလုံးကိုင်ပြီး ပြေးနေတာကိုကြည့်ရတာနဲ့တင်အရသာရှိပါတယ်။  သူက လှလှပပရွေ့လျားနေတာပါပဲ “  ဆိုပြီး Sky Sports Football ကနေတစ်ဆင့်ပြောပြလာတာပါ။ စမစ်ရိုးဟာ လက်စတာစီးတီးနဲ့ကစားမယ့်ပွဲမှာလည်း ပါဝင်နိုင်ဖွယ်ရှိနေပါတယ်။

လာကာဇက်နဲ့  အာတီတာ စာချုပ်သစ်အတွက် ဆွေးနွေးသွားမှာဖြစ်ကြောင်း အတည်ပြုခဲ့

လာကာဇက်ရဲ့ စာချုပ်သစ်နဲ့ပတ်သတ်ပြီး  လက်စတာနဲ့ပွဲကြိုအင်တာဗျူးမှာ အာတီတာက အခုလိုပဲပြောပြလာခဲ့ပါတယ်။ “  ဒီအကြောင်းကို နွေရာသီမှာဆွေးနွေးဖို့ ကျွန်တော်တို့ သဘောတူထားပါတယ်။  ဘောလုံးရာသီပြီးတာနဲ့ စတင်ပြီးဆွေးနွေးသွားမှာပါ “  လို့ပြောခဲ့တာပါ။ ပြင်သစ်သတင်းစာ Jeunes Footeux ကတော့ အာတီတာရဲ့ အစီအစဥ်တွေကို လာကာဇက်အနေနဲ့ သဘောကျနေပြီးစာချုပ်သစ်ချုပ်ဆိုရေးအတွက် စဥ်းစားဖွယ်ရှိတယ်လို့ သိရပါတယ်။

ဖိလစ်ကိုရောင်းချဖို့ အေးဂျင့်ဖြစ်သူက အက်သလက်တီကို  အသင်းကို တွန်းအားပေးနေ

အာဆင်နယ်အသင်းရဲ့ပစ်မှတ်ဖြစ်တဲ့  ယာအိုဖိလစ်ကို  အက်သလက်တီကိုဖက်ကရောင်းချလိုခြင်းမရှိပေမယ့် ကစားသမားအေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်က  ရောင်းချဖို့တွန်းအားပေးနေတယ်လို့  သတင်းများကဖော်ပြနေကြပါတယ်။  Football London ရဲ့အဆိုအရ အာဆင်နယ်အသင်းဟာ တိုက်စစ်မှုး ၂ ယောက်ခေါ်ယူမှာဖြစ်တယ်လို့သိရပြီး ၊ သတင်းထောက်  မီဂွယ် ဒီလေနီကတော့   ဖိလစ်ကို ခေါ်ယူဖို့ အာဆင်နယ်အသင်းထံသို့ ကမ်းလှမ်းမှုရှိဖူးတယ်လို့  ဆိုထားပါတယ်။

ဂျေးဆူအတွက်အခွင့်အရေးတစ်ခုဖြစ်လာကြောင်း Football London ပြောကြားလာ

မန်စီးတီးအသင်းဟာ  တိုက်စစ်မှုးဟာလန်းကိုခေါ်ယူဖို့အတွက် သဘောတူညီမှုရထားပြီးဆိုတဲ့သတင်းတွေထွက်လာပြီးနောက်မှာ ဂါဘရီယယ်ဂျေးဆူရဲ့ အနာဂတ်မတည်မငြိမ်ဖြစ်လာခဲ့တာကြောင့် အာတီတာအတွက်အခွင့်အရေးတစ်ခုဖြစ်လာကြောင်း Football London ကရေးသားဖော်ပြလာပါတယ်။ ဂျေးဆူဟာ  အာတီတာကို နှစ်သက်သဘောကျသူတစ်ဦးဖြစ်ပြီး   ၊ အာဆင်နယ်ဖက်ကလည်း ကစားသမားကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

လူငယ်ကစားသမား ၄ ဦးကို အသင်းကြီးနဲ့လေ့ကျင့်စေတဲ့အာတီတာ

လူငယ်ကစားသမားအများစုကို အသင်းကြီးနဲ့အတူလေ့ကျင့်ရေးဆင်းပေးနေတဲ့ အာတီတာဟာ လက်စတာနဲ့ပွဲကြို အစီအစဥ်မှာလဲ  ဆွမ်ဆွန် ၊ အဇိ ၊ ဆာလာအက်ဒိန်း နဲ့  ဒင်ဇီယီတို့ကို  ခေါ်ယူလေ့ကျင့်စေခဲ့ပါတယ်။ ပွဲထဲမှာထည့်မကစားစေပေမယ့်  အရံစာရင်းမှာတော့ အမြဲတန်းလိုလိုလူငယ်ကစားသမားတွေကို မြင်တွေ့နေရပြီဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: