“ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှကြိုမသိနိုင်ပါဘူး ” အာတီတာနဲ့ ပွဲကြိုအင်တာဗျူး

လက်စတာနဲ့ပွဲစဉ်မတိုင်မီ  ပွဲကြို သတင်းစာရှင်းလင်းပွဲမှာတော့ အာတီတာက အသင်းရဲ့ လတ်တလောအခြေအနေ၊ ပြိုင်ဘက်လက်စတာအသင်းနဲ့ ပတ်သက်ပြီး ထင်မြင်ချက်၊ ကစားသမားတွေရဲ့အနာဂတ်၊ ထိပ်သီးလေးသင်းစာရင်း၀င်ဖို့အတွက် ပြိုင်ပွဲ၀င်နေမှုတွေနဲ့ ပတ်သက်ပြီး အကြောင်းအရာ အများအပြားကိုပြောဆိုခဲ့ပါတယ်။ ဒီအကြောင်းအရာတွေကို အာဆင်နယ်ရဲ့ တရား၀င်၀က်ဘ်ဆိုဒ်မှာ တင်ထားပြီး အကြောင်းအရာကို ထုတ်နှုတ်ကာ သင့်လျော်သလို ဘာသာပြန်တင်ဆင်လိုက်ရပါတယ်။ 

နောက်ဆုံးရ အသင်းရဲ့သတင်းတွေအပေါ်

“အပြောင်းအလဲတွေ‌တော့ အများကြီးမရှိပါဘူး။ တိုမီယာဆုရဲ့အခြေအနေကိုတော့ ကျွန်တော်တို့ စောင့်ကြည့်နေတုန်းပါပဲ။သူ့ကို အကာအကွယ်ပေးဖို့၊အကောင်းဆုံးပြန်ကစားနိုင်ဖို့၊ဘေးအကင်းဆုံးနဲ့ အသင်းကို တတ်နိုင်သလောက် အမြန်ဆုံးကူညီပေးနိုင်အောင် ကြိုးစားနေပါတယ်။ စမစ်ရိုးကတော့ ပြန်ပါနိုင်တော့မှာပါ” 

လာကာဇက် လက်စတာနဲ့ပွဲမှာ ပါ၀င်နိုင်မှာလား

ပါနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ 

လက်ရှိ ချဲလ်ဆီးရဲ့အခြေအနေနဲ့ တူချယ်ရဲ့ကိုင်တွယ်နေမှုအပေါ်

“ဒါက ကိုင်တွယ်ဖို့ အရမ်းကိုခက်ခဲတဲ့ ဖြစ်ရပ်တစ်ခုပါ။သူအမြဲ ပြသခဲ့တဲ့အတိုင်း အကောင်းဆုံးဖြစ်နိုင်တဲ့ နည်းလမ်းနဲ့ ကိုင်တွယ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ သူပြောဖူးတဲ့အတိုင်း ဒီကိစ္စမှာ  သူ့အနေနဲ့ အလွန်အကျွံမပါ၀င်ဖို့ပဲ လိုအပ်တာပါ 

အဆင့်လေးနေရာအတွက် အာဆင်နယ်က ရေပန်းအစားဆုံးဖြစ်နေပြီး အဆင့်၃နေရာပါ ရနိုင်တဲ့အပေါ်

“ကျွန်တော်မသိပါဘူး။ အရေးကြီးတာက မနက်ဖြန်မှာ ဘယ်လိုလေ့ကျင့်မလဲ၊ ဘယ်လိုကစားမလဲဆိုတာပါပဲ။ကျန်တာကတော့ ဘောလုံးဆိုတာက ခန့်မှန်းလို့မရပါဘူး။ဘာ‌ တွေဆက်ဖြစ်မလဲဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ပါဘူး။ အသင်းရဲ့စွမ်းဆောင်ရည်နဲ့ ပွဲစဉ်တိုင်းကို အနိုင်ရဖို့အတွက်ပဲ ကျွန်တော်တို့ အာရုံစိုက်ထားပါတယ်” 

အသင်းရဲ့ ရလဒ်တွေတောက်လျှောက်ကောင်းမွန်နေမှုအပေါ်

“ထိပ်တန်းအသင်းဖြစ်ဖို့ဆိုရင် ဆက်တိုက်အနိုင်ရနေဖို့လိုအပ်ပြီး  ယုံကြည်မှုရှိရှိနဲ့ ဆက်သွားနေဖို့လိုအပ်ပါတယ်။ဒီထက်ပိုပြီး (အသင်းရဲ့လေးပွဲဆက်အနိုင်ထက်ပိုပြီး) အနိုင်ရဖို့လိုအပ်ပါတယ်။ဘာလို့လဲဆိုတော့ ပရီးမီးယားလိဂ်မှာ ၁၀ပွဲ၊၁၁ပွဲ၊၁၂ပွဲ ဒါမှမဟုတ် ၁၈ပွဲ ဒီလိုမျိုး ဆက်တိုက်အနိုင်ယူနိုင်တဲ့ အသင်းကြီးတွေရှိပါတယ်” 

လာကာဇက်ရဲ့ စာချုပ်အခြေအနေအပေါ်

“ခင်ဗျားတို့ သိတဲ့အတိုင်း ကျွန်တော်တို့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ရာသီကုန်မှာ ကျွန်တော်တို့ ဘယ်‌နေရာမှာ ရှိနေတယ်ဆိုတာ သိရတာနဲ့ ဆုံးဖြတ်ချက်တွေ အတူတူလုပ်သွားမှာပါ။ ဒါကို အခြားသူတွေ တလွဲတွေးမှာ ကျွန်တော်မလိုချင်ပါဘူး။ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ကတော့ ရာသီကုန် နွေရာသီမှပဲ အတူတူ ဆုံးဖြတ်ချက်ချသွားဖို့ပါ” 

ယူကရိန်းကို ထောက်ပံ့ပေးဖို့အတွက် အာဆင်နယ်က အသင်းတစ်ခုကို ဖွဲ့စည်းပြီး Save The Childrenကို လှူဒါန်းနေတဲ့အပေါ် 

“ဒါဟာ တကယ်ကို ကြီးကျယ်ပါတယ်။အသင်းက စည်းလုံးညီညွတ်မှုကို ပြသချင်တာ ဖြစ်ပြီး ကျွန်တော်တို့အားလုံးစည်းလုံးညီညွတ်တယ်ဆိုတာ ပြသတာပါ။ ဒီစစ်ပွဲရဲ့ အကျိုးဆက်တွေကို ကျွန်တော်တို့ တိုက်ရိုက်မခံစားရရင်တောင် ဒါဟာ ဘယ်လောက်ဆိုးရွားလဲဆိုတာ တွေးကြည့်ဖို့တောင် တကယ်ခက်ပါတယ်။ အနည်းဆုံးတော့ ကျွန်တော်တို့ရဲ့ ဂရုစိုက်မှု၊စည်းလုံးညီညွတ်မှုနဲ့ တန်ဖိုးထားမှုကို ခံစားနေရတဲ့သူတွေအပေါ်(ယူကရိန်းပြည်သူတွေအပေါ် ပြသချင်ပါတယ်” 

လက်စတာ အသင်းရဲ့ လက်ရှိရာသီ ပုံစံနဲ့ ပတ်သက်ပြီး

“သူတို့ရဲ့ရလဒ်နဲ့ စွမ်းဆောင်ရည်တွေပိုကောင်းလာတယ်ဆိုတာ ကျွန်တော်သဘောတူပါတယ်။သူတို့ဟာ ခရီးဝေးကြီးကို လျှောက်လှမ်းလာရတဲ့အသင်းဖြစ်ပြီး ဘရန်ဒန်ရော်ဂျာနဲ့ နည်းပြအဖွဲ့၀င်တွေဟာ တကယ်ကိုကောင်းတဲ့အလုပ်ကို လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။လက်ရှိရာသီ သူတို့အသင်းမှာ ဒဏ်ရာပြဿနာတွေလည်းရှိခဲ့ပြီး ကျွန်တော်တို့လိုပဲ ကိုဗစ်ကူးစက်မှုပြဿနာတွေလည်း ကြုံတွေ့ခဲ့ရတာပါပဲ။ဒါပေမယ့် အခုလက်ရှိမှာတော့ သူတို့ပိုကောင်းလာပြီလို့ ထင်ပါတယ်။” 

ထိပ်သီးလေးသင်း၀င်ခွင့် ပြိုင်ပွဲနဲ့ပတ်သက်ပြီး 

“ကျွန်တော်မသိပါဘူး ဘာလို့လဲဆိုတော့ လာမယ့်ပွဲစဉ်ကိုပဲ ကျွန်တော်တ အာရုံစိုက်ထားချင်လို့ပါ။ကျွန်တော်တို့ ဘယ်လိုကောင်းကောင်းပြင်ဆင်ထားတယ်၊ဘယ်လိုမှန်ကန်တဲ့ ဦးတည်ချက်ရှိတယ်၊ပရိသတ်တွေရှေ့မှာ ဘယ်လိုကောင်းကောင်းကစားနိုင်တယ်ဆိုတာက အသင်းကို မောင်းနှင်သွားမှာ ဖြစ်ပြီး သူတို့(အသင်း)နဲ့ထိုက်တန်တဲ့ စွမ်းဆောင်ရည်၊ရလဒ်တွေကို ကျွန်တော်တို့ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: