ပါတေးကို ဂိုးသွင်းခိုင်းဖို့မကြိုးစားပဲ ဘယ်လင်ဂမ်ကိုသာခေါ်ယူဖို့ ဂန္တဝင်တိုက်တွန်း

Highbury Squad အစီအစဥ်နဲ့အတူ ဘောလုံးအားကစားအကြောင်းတွေကိုတင်ဆက်နေတဲ့ အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ကင်းဘဲလ်က အာတီတာအနေနဲ့ ကွင်းလယ်ကိုပိုမိုအင်အားတောင့်တင်းစေဖို့အတွက် ဒေါ့မွန်အသင်းရဲ့ လူငယ်လေး ဂျူဒီဘယ်လင်ဂမ်ခေါ်ယူသင့်ကြောင်းအကြံပြုပြောကြားလာပါတယ်။

ကင်းဘဲက  သော်မတ်စ်ပါတေးတစ်ယောက်ထဲကို မှီခိုနေရတဲ့ကွင်းလယ်ကို  အဂ်လန်လူငယ်လေးနဲ့ ထပ်မံအင်အားဖြည့်စေချင်နေတာပါ။ 

“ အရည်အသွေးမြင့်တယ်၊ ကောင်းမွန်တဲ့ခြေစွမ်းရှိတယ်၊ တိုးတက်လာဦးမယ့်လူငယ်တစ်ယောက်လဲဖြစ်တယ်။  နိုင်ငံလက်ရွေးစင်အဆင့်လဲမှီတယ်။ ဒီလိုကစားသမားမျိုးကို အာဆင်နယ်က သိပ်လိုတာပေါ့ဗျာ “

“ အာဆင်နယ်ကွင်းလယ်မှာ ဂိုးသွင်းမယ့်သူလိုနေပါတယ်။ ပါတေးဆီကနေ ဒါတွေမျှော်လင့်နေဖို့ထက် ကစားသမားသစ်သာခေါ်စေချင်ပါတယ်။ ပါတေးဘယ်လိုကန်နေတယ်ဆိုတာလဲအားလုံးအမြင်ပဲမဟုတ်လား  “

ဒါကတော့ ကင်းဘဲရဲ့မှတ်ချက်ပဲဖြစ်ပါတယ်။ 

အသက် ၁၈ နှစ်အရွယ်ကစားသမားလေးကို သဘောကျနှစ်သက်နေတာ ကင်းဘဲတစ်ယောက်ထဲတော့မဟုတ်ပါဘူး။ အခြားသော ဘောလုံး Pundit တစ်ယောက်ဖြစ်တဲ့ စပါးအသင်းရဲ့ ဂန္တဝင်ကြီး ဂယ်ရီလိုင်နီကာ ကလည်း သူ့ကိုသဘောကျနေတာပါ။  ကွင်းလယ်ကစားသမားစစ်စစ်တစ်ယောက်ဖြစ်သလို ဂိုးတွေလဲသွင်းယူနိုင်တဲ့ကစားသမားလေးကို ဥရောပအသင်းကြီးတွေကလဲ စောင့်ကြည့်နေကြပါတယ်။  အာတီတာရဲ့ လူငယ် Squad ထဲမှာလဲအံဝင်နိုင်မယ့်သူအဖြစ် ဘောလုံး Website တော်တော်များများကလည်း ညွန်းနေကြပါတယ်။

ကင်းဘဲလ်က အခုလိုဆက်ပြောပါသေးတယ်။

“ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်က အခုထက်ပိုပြီး ဖန်တီးနိုင်စွမ်းမြင့်ဖို့လိုပါသေးတယ်။ ဘယ်လင်ဂမ်ဘယ်လိုကစားနေတယ်ဆိုတာ အားလုံးအမြင်ပါပဲ .. သူက တိုက်စစ်ကိုလည်းလိုက်ပါနိုင်သူပါ “ လို့ပြောခဲ့တာပါ။

စီနီယာအဆင့်နဲ့အတူ  တတိယမြောက်ရာသီကိုဖြတ်သန်းနေတဲ့ ဘယ်လင်ဂမ်က  ရောက်လေရာအသင်းတိုင်းမှာ နေရာရသူဖြစ်လို့  အသက် ၁၈ နှစ်မှာပဲ ပွဲပေါင်း ၁၂၄ ပွဲထိကစားပြီး ၁၄ ဂိုးသွင်းယူထားခဲ့ပြီး ဖြစ်ပါတယ်။ ခေါ်ယူလိုတဲ့အသင်းကတော့ သန်း ၈၀ ဝန်းကျင်သုံးစွဲရဖို့ရှိပါတယ်။ ဘာမင်ဂမ်ကလာတဲ့လူငယ်လေးတစ်ယောက်ဟာ ဂျာမနီမြေမှာထွန်းတောက်ပြီးတဲ့နောက် ဘယ်ကိုခရီးဆက်မလဲကတော့ စောင့်ကြည့်ရပါလိမ့်ဦးမယ်။

အပြောင်းအရွှေ့သတင်းအနေနဲ့ကတော့ လီဗာပူးနည်းပြ ကလော့ပ်ရဲ့ စိတ်ကြိုက်ကစားသမားလေးဖြစ်ပြီးဘယ်လောက်ပေးရပေးရခေါ်ချင်နေတယ်လို့  ပြီးခဲ့တဲ့နှစ်အောက်တိုလာလလောက်တုန်းက သတင်းထွက်ခဲ့ဖူးပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: