Football London က ဆောင်းပါးရှင်နှစ်ယောက်ဟာ မတ်လ ၁၁ ရက်နဲ့ ၁၂ ရက်မှာ သတင်းရင်းမြစ်နှစ်ခုကို ကိုးကားပြီး အာဆင်နယ်အသင်းခေါင်းဆောင်သစ်က ဘယ်သူဖြစ်မလဲဆိုတာကို မတူကွဲပြားစွာ ရေးသားလာကြပါတယ်။ ကာဝါမီဘွာကေး ကတော့ တီယာနေ ကိုရည်ညွန်းထားပြီး ၊ ခရစ္စဝီတလေကတော့ မာတင်အိုဒီဂတ်သာဖြစ်ကြောင်းပြောဆိုထားကြတာပါ။ သတင်းဌာနတစ်ခုထဲက အာဆင်နယ်သတင်းထောက်တွေရဲ့ (ခရစ္စကတော့ Chief ဖြစ်ပါတယ်) ရေးသားမှုတွေကို တူတူလေ့လာကြည့်ရအောင်ပါ။
ရိန်းဂျားအသင်းရဲ့ တိုက်စစ်မှုးဟောင်းအယ်လီမက်ကွိုက်စ်ကတော့ အသင်းရဲ့ နောက်ခံလူ တီယာနေဟာ အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင်သစ်အဖြစ်လျာထားခြင်းခံရသူဖြစ်ကြောင်း အတိအလင်းပြောလာခဲ့ပါတယ်။
“ သူဘယ်လိုလူဆိုတာ ဆဲလ်တစ်မှာကစားစဥ်ကထဲက ကျွန်တော်သိနေတာပါ။ သူ့နဲ့အတူကစားသူတွေကို တကယ်တိုးတက်စေတဲ့သူပါ “ လို့ မက်ကွိုက်စ်က The Sun ကိုပြောခဲ့တာပါ။ “ သူကသေချာပေါက် ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ တူညီတဲ့ ဥပမာကိုပေးရမယ်ဆိုရင်တော့ လီဗာပူးက အင်ဒီရောဘတ်ဆန်ပေါ့ဗျာ။ သူတို့နှစ်ယောက်စလုံးက တိုးတက်လိုစိတ်ရှိတာတွေ၊ အသင်းအပေါ်ချစ်မြတ်နိုးကြတာတွေ ၊ ကစားပွဲတွေမှာအာရုံစူးစိုက်ကြတာတွေမှာ တူညီကြပါတယ် “ လို့ ပြောခဲ့ပါတယ်။
“ ကျွန်တော်နဲ့အတူ talkSPORT မှာအလုပ်လုပ်နေကြတဲ့ လောရာဝုဒ်စ် ၊ ဒါရန်းဘန့် နဲ့ ရေးပါလားတို့အကုန်လုံးက တီယာနေကို အာဆင်နယ်အသင်းခေါင်ဆောင်လို့ပဲမြင်နေကြတာပါ “ လို့သူက ဆိုလာပြန်ပါတယ်။
တီယာနေနဲ့နီးစပ်ခဲ့သူအနေနဲ့ တီယာနေကိုသဘောကျတာအဆန်းမဟုတ်ပါဘူး။ ထိုနည်းတူစွာပဲ နော်ဝေအသင်းရဲ့မန်နေဂျာ ဆိုဘက်ကန်ကလည်း အိုဒီဂတ်က သာအာဆင်နယ်အသင်းခေါင်းဆောင်ဖြစ်တယ်လို့ ဆိုလာပါတယ်။
“ မာတင်နဲ့ပတ်သတ်ပြီးတော့ အာတီတာဟာ ကျွန်တော်နဲ့အမြင်တူပါလိမ့်မယ်။ တဖက်အသင်းကွင်းဖက်ခြမ်းမှာ အိုဒီဂတ်ရှိနေခြင်းအားဖြင့် ဂိုးတွေရမယ် ၊ ဖန်တီးမှုတွေဖြစ်လာမယ် “ လို့ နော်ဝေသတင်းစာ VG နဲ့တွေ့ဆုံရာမှာ ပြောဆိုလာခဲ့ပါတယ်။
“ ဒါပေမယ့် ဒီထက်ပိုတဲ့အမြင်တူမှုတွေရှိသေးတယ်ဗျ။ ခံစစ်ကိုအားပြုကစားရတဲ့အချိန်မှာလည်း အိုဒီဂတ်ကအတော်လေး စမတ်ကျတဲ့သူဖြစ်ပါတယ်။ သူကနည်းစနစ်လဲကြွယ်တယ်။ ဦးဆောင်နိုင်စွမ်းလဲရှိပါတယ် … နော်ဝေးလက်ရွေးစင်အသင်းအတွက်တော့ သူကို နောက်ချိန်တိုက်စစ်ကစားသမားအဖြစ်လည်းမြင်မိတာပါပဲ “ လို့ ပြောခဲ့ပါတယ်။ ဒီတော့ သတင်းထောက်က အိုဒီဂတ်ကို အသင်းခေါင်းဆောင်ဖြစ်လာမယ်လို့ရောထင်လားလို့မေးတဲ့အခါ “ ဒါပေါ့… သူကခေါင်းဆောင်အရည်အသွေးရှိသူတစ်ယောက်ပါ။ ဆုံးဖြတ်တာကတော့ အာတီတာရဲ့အလုပ်ပေါ့ “ လို့ဖြေဆိုခဲ့ပါတယ်။
မတူညီတဲ့အမြင်တွေနဲ့ပြောဆိုခဲ့ကြပေမယ့် အာဆင်နယ်မှာ ခေါင်းဆောင်အရည်အသွေးနဲ့ပြည့်စုံကြတဲ့ လူငယ် ၂ ယောက်ရှိနေတယ်လို့တော့ အကြမ်းဖျင်းပြောလို့ရပါတယ်။ ချွင်းချက်အနေနဲ့ မက်ကွိုက်စ်ကတော့ တီယာနေဟာ အရည်အချင်းရှိသူဖြစ်သလို တချိန်ထဲမှာပဲ အတွေ့အကြုံတွေလိုအပ်နေသေးကြောင်းကိုလဲပြောဆိုထားပါသေးတယ်။
Leave a Reply