အပြောင်းအရွှေ့သတင်းနဲ့အတူ ခြေစွမ်းတွေကိုပါပြန်ယူလာတဲ့ ယာအိုဖိလစ်

လွန်ခဲ့တဲ့ ၂ လလောက်ကစပြီး  အက်သလက်တီကိုနည်းပြ ဆီမြွန်နီအနေနဲ့ ယာအိုဖိလစ်ကို စိတ်လျော့ပြီဖြစ်ကြောင်း ၊ ရာသီကုန်ရင် ပြန်လည်ရောင်းချတော့မှာဖြစ်ကြောင်းသတင်းတွေထွက်လာခဲ့ပါတယ်။ ပြီးတော့ သူ့လို ပေါ်တူဂီသားတွေရှိတဲ့ မန်ယူ ၊ နောက်တော့  အာဆင်နယ် ၊ ဒါ့အပြင်ပြည်တွင်းပြိုင်ဖက် ဘာစီလိုနာကလည်း စိတ်ဝင်စားကြောင်း ဆက်တိုက်ဖတ်လာရပါတယ်။ သူ့ရဲ့ အေးဂျင့်တွေက အာဆင်နယ်ကိုခေါ်မလားဆိုပြီးကမ်းလှမ်းသွားရောက်ကမ်းလှမ်းကြောင်းသတင်းထွက်လာပါသေးတယ်။ အခြေအနေတွေကတော့ မျိုးစုံပါပဲ။

ဘောလုံးလာကမှာ ယာအိုဖိလစ်စပြီးကျော်ကြားလာကတည်းက သူနဲ့ပတ်သတ်ရင် ပရိတ်သတ်တွေကြားရတဲ့သတင်းစကားက  ၂ ခုသာရှိခဲ့ပါတယ်။ ၂၀၁၈ ဝန်းကျင်ကယာအိုဖိလစ်ဆိုရင်  ရိုနယ်ဒိုကို ဆက်ခံမယ့် ထွန်းတောက်ကြယ်လေးဖြစ်ပြီး ၊ ယခုနှစ်ပိုင်းတွေက ယာအိုဖိလစ်ကတော့ ထင်သလောက်ဖြစ်မလာတဲ့သူဆိုပြီး ရေးသားကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် စပိန်မြေကနေစွန့်ခွာရဖို့ အထိသတင်းတွေအစုံထွက်လာတာပါ။

ဘင်ဖီကာကနေ စပိန်ကလပ်ဆီပြောင်းလာပြီးတဲ့နောက် ယာအိုဖိလစ်ဟာ ခြေစွမ်းလုံးဝမပြနိုင်တာမျိုးတော့မဟုတ်ပါဘူး။ ဒဏ်ရာပြသနာရယ် ၊  နယ်မြေသစ်မှာအသားမကျသေးခြင်းရယ်ကြောင့်သာ ထင်သလောက်ဖြစ်မလာခြင်းဖြစ်ပါတယ်။ အခွင့်အရေးရတိုင်းသူဘယ်လိုကစားသမားဆိုတာကို ထုတ်ပြနိုင်ခဲ့သူတစ်ယောက်လဲဖြစ်ပါတယ်။  ငယ်ရွယ်တဲ့ကစားသမားလေးတစ်ယောက်အပေါ်မှာ ပြောင်းရွှေ့ကြေးသန်း ၁၀၀ ကျော်ဆိုတဲ့ပမဏကလဲ ဖိအားဖြစ်စေသလားမပြောနိုင်ပါ။ သူကတော့ ပွဲတိုင်းမှာ ခြေစွမ်းကောင်းတွေအမြဲပြသဖို့ကြိုးစားတာသိသာပါတယ်။ ကြိုးစားအားထုတ်မှုနဲ့ပတ်သတ်လို့ကတော့ ဖိလစ်က နာမည်မပျက်ခဲ့တဲ့သူပါ။

နောက်ဆုံးကစားတဲ့  ၂ ပွဲမှာ သူ ၃ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ တစ်ရာသီလုံးမှာ ၈ ဂိုးသွင်း ၄ ဂိုးဖန်တီးဆိုတာဟာ မျှော်လင့်ထားတဲ့ပမာဏမဟုတ်တာတော့သေချာပါတယ်။ ဒါပေမယ့် လုံးဝအသုံးမတည့်ဖြစ်နေတာမျိုးလဲမဟုတ်ပြန်ပါဘူး။  ယာအိုဖိလစ်ဟာ အသက် ၂၂ သာရှိသေးတဲ့ကစားသမားလေးဖြစ်ပါတယ်။  သူဟာ အက်သလက်တီကိုလိုအဆင့်မှာ  အငြင်းပွားစရာမရှိအောင်တော့ စွမ်းဆောင်ပြနေဆဲပါပဲ။  အခုဆို သူက စပိန်မှာ ၃ ရာသီတိုင်ပြီ။ ဂိုးပေါင်း  ၂၈ ဂိုးနဲ့  ဖန်တီးမှု ၁၃ ကြိမ်ကို ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

အသင်းနဲ့အဆင်မပြေတော့တာကြောင့် ပြောင်းရွှေ့ရမယ်ဆိုတဲ့သတင်းတွေထွက်လာပြီးတဲ့နောက်မှာ ဖိလစ်ခြေပြန်မှန်လာပါတယ်။ အခုတော့ ဂိုးသွင်းယူမှုတွေကိုပါပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ ဒီတော့ စျေးကွက်ထဲမှာ သူ့နာမည်ကို ဆက်ပြီးကြားလာရဖို့ရှိပါတယ်။

Football London ရဲ့သတင်းထောက် ခရစ္စဝီတလေကတော့  အာဆင်နယ်တို့ ဖိလစ်ကို စိတ်ဝင်စားနေတာဟာ ကောလာဟာလမဟုတ်ပဲ အလေးအနက်စောင့်ကြည့်ခြင်းဖြစ်ကြောင်းပြောဆိုလာပါတယ်။ ထို့အတူ မန်ချက်စတာယူနိုက်တက်ကလဲ သူတို့ရဲ့ ပေါ်တူဂီတပ်ဖွဲ့ထဲကို သွတ်သွင်းလိုနေကြောင်းသတင်းထွက်ဖူးပါတယ်။ ယူနိုက်တက်ဖက်ကအခြေအနေကတော့ အပြောင်းအလဲရှိနိုင်ပေမယ့် ခရစ္စဝီတလေရဲ့ ဖော်ပြမှုကိုတော့ ထည့်သွင်းတွေးတောရမှာအသေအချာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဆီမြွန်နီက မီဒီယာကနေ တဆင့်ထုတ်ပြောလာခဲ့တာကစိတ်ဝင်စားစရာကောင်းပါတယ်။  ယာအိုဖိလစ်ဟာ သူ့ရဲ့ လေ့ကျင့်ပေးမှုတွေ ၊ ဖိအားပေးမှုတွေကို တစ်နေ့မှာနားလည်လာလိမ့်မယ်လို့ပြောခဲ့တာပါ။  ခြေစွမ်းပြန်တက်လာချိန် ၊ စျေးကွက်ထဲမှာ နာမည်ရလာချိန်နဲ့တိုက်ဆိုင်နေတဲ့  ပြောစကားပဲဖြစ်ပါတယ်။ ဒီစကားရဲ့အနက်အဓိပ္ပါယ်ကိုတော့ သူကိုယ်တိုင်ပဲသိမှာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယာအိုဖိလစ်ကတော့ စာမျက်နှာတွေထက်ကို တဖန်ပြန်ရောက်လာခဲ့ပါပြီ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: