လက်စတာနဲ့ပွဲမတိုင်ခင်  ဂန်းနားတို့ရဲ့ အနှစ်ချုပ်အချက်အလက်များ

တနင်္ဂနွေမှာ လက်စတာနဲ့ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်ဟာ အာဆင်နယ်အတွက် ခြောက်ရက်အတွင်းမှာကစားရဖို့ရှိနေတဲ့ သုံးပွထဲက ပထမဆုံးပွဲစဉ်ဖြစ်ပါတယ်။ ရာသီကုန်ထိ ယှဉ်ပြိုင်ရဖို့ လက်ကျန်ပွဲစဉ်ကတော့ ‌၁၃ပွဲရှိနေပါသေးတယ်။ 

  • ပထမအကျော့တွေ့ဆုံမှုမှာတော့ အာဆင်နယ်က ၀-၂ ဆိုတဲ့ရလဒ်နဲ့ လက်စတာကို အနိုင်ရထားခဲ့ပါတယ်။နှစ်သင်းထိပ်တိုက် တွေ့ဆုံမှုတွေမှာ အာဆင်နယ်ကပဲ ပိုပြီးအသာရထားပါတယ်။ နောက်ဆုံး ဆယ်ပွဲမှာ ၈ပွဲနိုင် ၁ပွဲသရေ ၁ပွဲရှုံးဆိုတဲ့မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ထားပြီး အမှတ်ပေးဇယားရဲ့ အဆင့်လေးနေရာမှာ ရပ်တည်နေပါတယ်။ လက်စတာစီးတီးအသင်းကတော့ ဒီရာသီမှာ ရလဒ်တွေမကောင်းဖြစ်နေပြီး နောက်ဆုံးနှစ်ပွဲဆက်တိုက်တော့ အနိုင်ယူထားခဲ့ကာ အဆင့် ၁၂ နေရာကို ပြန်တက်လာနိုင်ခဲ့ပါတယ်။ နှစ်သင်းကြားအမှတ်ကွာဟမှု ၁၅ မှတ်ဖြစ်ပါတယ်။
  • ကြားပွဲစဉ်အဖြစ် ယူရိုပါလိဂ်ကစားထားခဲ့ရတဲ့အတွက် လက်စတာဟာ အနည်းငယ်တော့ ပွဲပန်းနေမှာ ဖြစ်ပါတယ်။အသင်းရဲ့ အဓိကတိုက်စစ်မှူးတဖြစ်လဲ၊အာဆင်နယ်ကို ဒုက္ခ‌အပေးနိုင်ဆုံး အသင်းရဲ့ကစားသမားဖြစ်တဲ့ ဗာဒီကလည်း ဒီပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပြီး အာဆင်နယ်အတွက် သတင်းကောင်းတစ်ခုဖြစ်ပါတယ်။
Advertisements
  • လက်ရှိရာသီမှာ လက်စတာအသင်းရဲ့ခံစစ်က ကစားပုံဆိုးရွားနေခဲ့ပြီး ၂၅ပွဲမှာ ၄၄ဂိုးအထိ ခွင့်ပြုထားရပါတယ်။ဒါကြောင့် အိုဒီဂတ်၊ဆာကာ၊မာတင်နယ်လီ၊လာကာဇက်တို့ကို တားဆီးဖို့အတွက် လက်စတာအနေနဲ့ အခက်အခဲတွေ့နိုင်ပါတယ်။ အာဆင်နယ်အသင်းကတော့ အိမ်ကွင်းမှာ ရလဒ်ပိုကောင်းလေ့ရှိပြီး ချန်ပီယံလိဂ်၀င်ခွင့်အတွက်လည်း ယှဉ်ပြိုင်နေရတဲ့ အတွက် လက်စတာနဲ့ပွဲစဉ်ကို အမှားအယွင်းမရှိ အနိုင်ယူဖို့ကြိုးစားလာမှာ ဖြစ်ပါတယ်။ 
  • အာဆင်နယ်အသင်းရဲ့ ပွဲထွက်လူစာရင်းကတော့ ၀က်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်က လူစာရင်းကိုပဲ အပြောင်းအလဲ မရှိ ဆက်လက်အသုံးပြုလာဖို့ ရှိပါတယ်။ တိုမီယာဆု ဒဏ်ရာကနေ အရှင်းမကောင်းသေးတဲ့အတွက် စီဒရစ်ကိုပဲ နောက်တန်းညာအစွန်မှာ ဆက်သုံးဖို့ ရှိနေပြီး စမစ်ရိုးကလည်း ကိုဗစ်ကူးစက်မှာကနေ ပြန်လည်သက်သာလာခါစသာ ရှိသေးတာကြောင့် ပွဲထွက်လူစာရင်းမှာ ပါ၀င်လာဖို့ မရှိပဲ အရန်လူစာရင်းမှာပဲ ပါလာဖို့ ရှိနေပါတယ်။
  • တစ်ဖက်မှာတော့ အာဆင်နယ်ရဲ့ အနီးကပ်ဆုံးပြိုင်ဘက်တွေ ဖြစ်တဲ့ စပါးနဲ့ မန်ယူတို့ ထိပ်တိုက်တွေ့ဆုံနေတာကြောင့် အာဆင်နယ်အနေနဲ့ လက်စတာကို မဖြစ်မနေအနိုင်ယူပြီး ပြိုင်ဘက်တွေကို အမှတ်ဖြတ်ထားနိုင်ဖို့တော့ လိုအပ်နေပါတယ်။
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: