မန်ယူနဲ့ ဝက်စ်ဟမ်းတို့သာ ဥရောပအဆင့်မှာဗိုလ်စွဲခဲ့ပါက အဆင့် ၄ ရရင်တောင် ချန်ပီယံလိဂ်နဲ့လွဲမယ့် အာဆင်နယ်

ရာသီကုန်မှာ အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ် အဆင့်လေးနေရာမှာ ရပ်တည်နိုင်ခဲ့ရင်တောင် ချန်ပီယံလိဂ်၀င်ခွင့်နဲ့ လွဲချော်နိုင်ချေ ရှိနေပါတယ်။ ဒီကိစ္စဟာအတော်လေးကို ဖြစ်နိုင်ချေတော့နည်းပေမယ့်လည်း မိုးမပြို၊ပြိုခဲ့သည်ရှိသော်ဆိုတဲ့ အတွေးနဲ့ ဖော်ပြလိုက်ရတာဖြစ်ပါတယ်။ 

UEFAရဲ့စည်းမျဉ်းအရ နိုင်ငံတစ်နိုင်ငံကနေ အများဆုံး ကလပ်အသင်း၅သင်းသာ ချန်ပီယံလိဂ်မှာ ပါ၀င်ယှဉ်ပြိုင်ခွင့်ရှိတာဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ မန်စီးတီး၊လီဗာပူးလ်၊ ချဲလ်ဆီးတို့က  ချန်ပီယံလိဂ်တိုက်ရိုက်၀င်ခွင့်နဲ့ အနီးစပ်ဆုံး အသင်းတွေဖြစ်ပါတယ်။ အာဆင်နယ်အတွက် စိုးရိမ်စရာ ကောင်းတဲ့ပြိုင်ဘက်တွေက ၀က်စ်ဟမ်းနဲ့ မန်ယူတို့ဖြစ်ပါတယ်။ 

ဒီနှစ်သင်းဟာ ပရီးမီးယားလိဂ်မှာအာဆင်နယ်ရဲ့ ချန်ပီယံလိဂ်၀င်ခွင့်တစ်နေရာအတွက် အနီးစပ်ဆုံး ပြိုင်ဘက်တွေဖြစ်သလို အခြားနည်းနဲ့လည်း အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်၀င်ခွင့်ကို ခြိမ်းခြောက်နေပါတယ်။ ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းအရ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တို့မှာ ဗိုလ်စွဲတဲ့ အသင်းတွေဟာ နောက်ရာသီအတွက် ချန်ပီယံလိဂ်၀င်ခွင့် တိုက်ရိုက်ရမှာ ဖြစ်ပါတယ်။ 

အာဆင်နယ်ရဲ့ ပြိုင်ဘက်‌အသင်း တွေထဲမှာ မန်ယူက ချန်ပီယံလိဂ်မှာ ယှဉ်ပြိုင်နေပြီး ၀က်စ်ဟမ်းက ယူရိုပါလိဂ်မှာ ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။တကယ်လို့ မန်ယူနဲ့၀က်စ်ဟမ်းတို့က သူတို့ရဲ့ပြိုင်ဘက်တွေကို ကျော်ဖြတ်ပြီး နောက်ဆုံးမှာ ဥရောပချန်ပီယံတွေ အသီးသီးဖြစ်သွားတဲ့အခါမှာ နောက်ရာသီတွေအတွက် ချန်ပီယံလိဂ်၀င်ခွင့်တိုက်ရိုက်ရသွားမှာ ဖြစ်ပါတယ်။ 

ဒီလိုမျိုး မန်ယူနဲ့ ၀က်စ်ဟမ်းတို့ ချန်ပီယံလိဂ် ၀င်ခွင့်ရသွားတဲ့အခါမှာ ယူအီးအက်ဖ်အေရဲ့စည်းမျဉ်းစည်းကမ်းတွေအရ နိုင်ငံတစ်နိုင်ငံတည်းကနေ အသင်းငါးသင်းထက် ချန်ပီယံလိဂ်မှာ ပါ၀င်ယှဉ်ပြိုင်ခွင့်မရှိတဲ့အတွက်  ပရီးမီးယားလိဂ်ရဲ့ အဆင့် ၁၊၂ ၊ ၃မှာ ရပ်တည်နေတဲ့ အသင်းတွေကသာ တိုက်ရိုက်၀င်ခွင့်နဲ့ ချန်ပီယံလိဂ်၀င်ခွင့်ရသွားမှာ ဖြစ်ပြီး အဆင့်လေးနေရာကအသင်းကတော့ ယူရိုပါလိဂ်၀င်ခွင့်နဲ့သာ ကျေနပ်လိုက်ရမှာ ဖြစ်ပါတယ်။ 

ဒီလိုအဖြစ်အပျက်မျိုးကို အာဆင်နယ်ရဲ့ မြို့ခံပြိုင်ဘက် စပါးအသင်းကြုံတွေ့ခဲ့ဖူးပါတယ်။၂၀၁၂ခုနစ်မှာ ယူအီးအက်ဖ်အေက နိုင်ငံတစ်နိုင်ငံကနေ ချန်ပီယံလိဂ်၀င်ခွင့်ရမယ့် အသင်း၄သင်းသာ ရှိရမယ်လို့ သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။အဲ့ဒီအချိန်မှာ ပရီးမီးယားလိဂ် အဆင့် ခြောက်နေရာမှာ ရှိနေတဲ့ ချဲလ်ဆီးအသင်းက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲပြီး တိုက်ရိုက်၀င်ခွင့် ရသွားခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်သီးသုံးသင်းကသာ ချန်ပီယံလိဂ်၀င်ခွင့်ရသွားပြီး အဆင့်လေးနေရာမှာ ရှိနေတဲ့ စပါးက ချန်ပီယံလိဂ်၀င်ခွင့်နဲ့သာ ကျေနပ်လိုက်ရခဲ့ပါတယ်။ 

ဆောင်းပါးရဲ့အစမှာ ကျွန်တော်ပြောခဲ့သလိုပဲ ဒီလိုမျိုး မန်ယူနဲ့ ၀က်စ်ဟမ်းနှစ်သင်းစလုံးက ဥရောပပြိုင်ပွဲတွေမှာ ဗိုလ်စွဲခဲ့တာကြောင့် အဆင့်လေးနေရာမှာ ရှိနေတဲ့ အာဆင်နယ်က ချန်ပီယံလိဂ်၀င်ခွင့်နဲ့ လွဲချော်ဖို့ဆိုတာ ဖြစ်နိုင်ချေတော့ အတော်လေး နည်းပါးတယ်။ဒါပေမယ့် လည်း မိုးမပြို၊ပြိုခဲ့သည်ဆိုသော်ဆိုတဲ့ အတွေးနဲ့သာ ဒီသတင်းကို ရေးသားလိုက်ရတာပဲ ဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: