Gunners’ Side – နောက်ဆုံးရအာဆင်နယ်သတင်းများ ​(11Mar)

ရမ်းဒေးလ်ကို ထုတ်ဖော်ချီးကျူးလာတဲ့ မာတီနက်စ်

အာဆင်နယ်ဂိုးသမားဟောင်း အီမီမာတီနက်စ်က  ရမ်းစ်ဒေးရဲ့ အောင်မြင်မှုတွေအတွက် ကျေနပ်မိကြောင်း Amazon Prime ရဲ့ အစီအစဥ်ကနေတဆင့်အခုလိုပြောကြားလာပါတယ်။

“ သူက အများကြီးဖြတ်သန်းကြိုးစားလာရတာပါ၊  အခုတော့  သူကပွဲတိုင်းကိုကစားနေရပြီဖြစ်သလို ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ တိုက်ပွဲဝင်နေရပါပြီ။  ရမ်းစ်ဒေးလ်က အောင်ပွဲခံတဲ့အခါမှာတောင် စိတ်ကူးတည့်သလိုတွေလွတ်လွတ်လပ်လပ် လုပ်ချင်တိုင်းလုပ်နေတာပါ။ သူက တကယ့်ကိုပဲ အောင်မြင်မှုနဲ့ထိုက်တန်သူပါ “  ဆိုပြီး အဂ်လန်လူငယ်ဂိုးသမားရဲ့ လွတ်လပ်တက်ကြွနေတဲ့ပုံစံကို ချီးကျူးခဲ့ပါတယ်။

လိုကွန်ဂါကို ကွင်းလယ်တစ်နေရာအတွက် မျှော်လင့်ချက်ထားနေတဲ့ အာဆင်နယ်နည်းပြအဖွဲ့

အာဆင်နယ်နည်းပြအဖွဲ့က  ဆန်ဘီလိုကွန်ဂါဟာ Number 6 Role မှာ ပါတေးထက်ပိုပြီးသင့်တော်ကောင်းမွန်သူဖြစ်တယ်လို့ ယုံကြည်နေကြကြောင်း The Athletic သတင်းဌာနက ဖော်ပြလာပါတယ်။  ဂါနာလက်ရွေးစင်ကစားသမားပါတေးအနေနဲ့  ရေရှည်မှာ  Number 8 လုပ်ဆောင်ချက်တွေကို အမြဲလုပ်ဆောင်နိုင်ဖို့မလွယ်ဘူးလို့ ယူဆနေကြတာကြောင့်  လိုကွန်ဂါကို အဆိုပါနေရာအတွက်အလေးထားနေကြတာဖြစ်တယ်လို့ ရေးသားထားပါတယ်။

Advertisements

ပရီးမီးယားလိဂ်နဲ့သင့်တော်တယ်ဆိုပြီး ဝိုင်းဝန်းရေးသားနေကြတဲ့  အာဆင်နယ်ပစ်မှတ်ဟောင်း

အာဆင်နယ်အသင်းနဲ့ နာမည်ထွက်ခဲ့တဲ့  ဆီဗီးလားတိုက်စစ်မှုး အယ်နာဆရီကို  အဂ်လန်ကစားဟန်နဲ့ကိုက်ညီတဲ့ကစားသမားတစ်ယောက်ဖြစ်ကြောင်း Goal က သုံးသပ်ရေးသားလာပါတယ်။ အရပ် ၆ပေ ၂ လက်မ ရှိပြီး ခွန်အားသုံးကစားနိုင်တာကြောင့် ပရီးမီးယားလိဂ်မှာအဆင်ပြေမယ်လို့ သုံးသပ်သူများက ယုံကြည်နေကြတာဖြစ်ပါတယ်။  Planet Sports ရဲ့ ရေးသားချက်အရ အာဆင်နယ်အသင်းအနေနဲ့  အယ်နာဆရီကို ခေါ်ယူလိုပါက ပေါင်သန်း ၄၀ ခန့်နဲ့ခေါ်ယူနိုင်တယ်လို့ သိရပါတယ်။

မျှော်လင့်ချက်ကနေလာတဲ့ ဖိအားတွေကို ဆာကာ ကောင်းကောင်းနားလည်ထားတယ်လို့ ဆီးမန်းရှင်းပြ

ဂန္တဝင်ကြီးဆီးမန်းက  အသင်းရဲ့ လူငယ်ကစားသမားဆာကာနဲ့ပတ်သတ်ပြီး အခုလိုမှတ်ချက်ပြုလာခဲ့ပါတယ်။

“ အားလုံးကတော့ ဆာကာဟာ ဖိအားကင်းစင်စွာနဲ့ ကစားနေတယ်ဆိုပြီးပြောနေကြတာပါပဲ။ ဒါပေမယ့် ကျွန်တော့်ကိုယုံပါ။ သူ့မှာ ဖိအားတွေရှိပါတယ်။ ပရိတ်သတ်တွေရဲ့မျှော်လင့်ချက်တွေအကြောင်းကို သူကောင်းကောင်းသိပါတယ်။  အထူးသဖြင့် ယူရိုပြိုင်ပွဲရဲ့ အတွေ့အကြုံတွေကနေ သူကောင်းကောင်းနားလည်နေပါတယ် “ ဆိုပြီး ပြောဆိုလာတာဖြစ်ပါတယ်။             ဆာကာဟာ ယူရိုပြိုင်ပွဲမှာ ကစားသမားဘဝတိမ်းစောင်းသွားရလောက်တဲ့အထိ ပရိတ်သတ်အချို့ရဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို ခံခဲ့ရတာဖြစ်ပါတယ်။

ဂနာဘရီကို ပြန်လာဖို့တောင်းဆိုနေကြတဲ့ ပရိတ်သတ်များ

အာဆင်နယ်အသင်းရဲ့ ပရိတ်သတ်တွေဟာ အသင်းရဲ့ ကစားသမားဟောင်း ဂနာဘရီကို အသင်းဆီပြန်လာဖို့  ဆိုရှယ်မီဒီယာမှာတောင်းဆိုနေကြတယ်လို့ သိရပါတယ်။  စပိန်သတင်းစာ Fichajes ရဲ့ဖော်ပြချက်အရ အာတီတာရဲ့ အဝယ်စာရင်းမှာတောင်ပံနေရာအတွက်ကစားသမားအချို့လည်းလျာထားကြောင်းသိရပါတယ်။ သတင်းများမှာတော့   နိုအာလန်း ၊ အဆန်ဆီယိုနဲ့  ပင်နိုတို့ကို စိတ်ဝင်စားနေကြတယ်ဆိုတဲ့ အကြောင်းတွေ့နေရပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: