ချဲလ်ဆီးသတင်းမှတ်စု (11Mar)

ဂျာစီနဲ့ ကားတစ်စီးရှိနေသရွေ့ အသင်းအတွက် ဆက်လက်တိုက်ပွဲဝင်မယ်လို့ တူချယ်ပြော

 နည်းပြတူချယ်က  ချဲလ်ဆီးအသင်းရဲ့  ပိုင်ဆိုင်မှုနဲ့ သုံးစွဲခွင့်များကိုကန့်သတ်လိုက်ခြင်းကြောင့်များစွာ အခက်အခဲဖြစ်ခဲ့ရပေမယ့် သူ့အနေနဲ့ အသင်းရဲ့ကားတစ်စီးရှိနေရင်ပဲ အခြေအနေအရပ်ရပ်ကို ရအောင်ရင်ဆိုင်သွားမှာဖြစ်ကြောင်းပြောဆိုလာပါတယ်။

“ အသင်းက ကစားသမားတွေ ဝတ်ဖို့ ဂျာစီရယ်  ၊ စီးဖို့ ဘတ်စ်ကားရယ်ရှိနေသေးသ၍ ကစားရမယ့်ပွဲတွေကို အကောင်းဆုံး ကြိုးစားသွားမယ် “  လို့ပြောဆိုလာတာဖြစ်ပါတယ်။ ဒါ့အပြင်အသင်းသားတွေအနေနဲ့ လုပ်ဆောင်စရာရှိတာတွေကို အာရုံစိုက်ထားကြကြောင်းကိုလဲ ပြောဆိုသွားခဲ့ပါတယ်။

Trivago ခရီးသွားလုပ်ငန်းက ချဲလ်ဆီးကို ဆက်လက်ထောက်ပံ့သွားမယ်

Three UK ဖက်က စပွန်ဆာရုပ်သိမ်းသွားပေမယ့် ခရီးသွားလုပ်ငန်းဖြစ်တဲ့ Trivago က ဆက်လက်လက်တွဲသွားမှာဖြစ်ကြောင်းကြေငြာသွားခဲ့ပါတယ်။ ဒါကြောင့် ဆက်လက်ကစားရမယ့်ပွဲတွေမှာ  3 ဆိုတဲ့ လိုဂိုအစား  Trivago ရဲ့ စာသားကို ပြောင်းလဲမြင်တွေ့ရတော့မှာဖြစ်ပါတယ်။

ဖြစ်ပျက်နေတာတွေကိုနားလည်ထားပေမယ့် ကွင်းတွင်းရလဒ်တွေအတွက် အကောင်းဆုံးကစားပေးမယ်လို့  မေဆင်မောင့် ကတိပြု

အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်တဲ့ မေဆင်မောင့်က  သူ့အနေနဲ့ ဖြစ်ပျက်နေတဲ့ပြသနာများကြားထဲကနေပြီး အသင်းအတွက် အာရုံစူးစိုက်ကြိုးစားသွားမှာဖြစ်တဲ့အကြောင်း Mailonline  မှတဆင့်ပရိတ်သတ်တွေကို အသိပေးလာပါတယ်။

“  ကွင်းပြင်ပမှာကတော့ ကိစ္စပေါင်းများစွာဖြစ်ပေါ်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဘာတွေဖြစ်နေတယ်ဆိုတာလဲ သိနေရတာမို့ အာရုံစူးစိုက်ရတော့ခက်ခဲပါတယ်။ ဒါပေမယ့်   အခက်အခဲကြားထဲကပဲ ပွဲကောင်းတစ်ပွဲကိုရရှိခဲ့ပါတယ်။ (နောဝစ်ချ်နဲ့ပွဲကိုဆိုလို) ရှေ့ဆက်ပြီးတော့လဲ ကျွန်တော်တို့လုပ်နိုင်တဲ့ ကွင်းတွင်းကိစ္စများအတွက် အာရုံစိုက်ထားပါ့မယ် ​“  လို့ပြောဆိုလာတာဖြစ်ပါတယ်။

Advertisements

ပူတင်မှာတာဝန်အရှိဆုံးလို့  လီဗာပူးနည်းပြ ကလော့ကပြောဆိုပြီး UK အစိုးရရဲ့လုပ်ဆောင်ချက်ကို ထောက်ခံခဲ့

လီဗာပူးနည်းပြ ကလော့ပ်က  တူချယ်အတွက်ကိုယ်ချင်းစာမိကြောင်းထုတ်ပြောလာသလို ၊ တာဝန်အရှိဆုံးက ပူတင်ဖြစ်ကြောင်း နဲ့  UK အစိုးရရဲ့လုပ်ဆောင်ချက်ကိုလည်းထောက်ခံခဲ့ပါတယ်။

“ ဒီကိစ္စမှာ တာဝန်အရှိဆုံးလူက ဗလာဒီမာ ပူတင်ပါပဲ။ အသင်းနဲ့ပတ်သတ်တဲ့ ကစားသမားတွေ ၊ ဝန်ထမ်းတွေဟာ ဘာမှမသက်ဆိုင်ကြပါဘူး။ ရိုမန်အေဘရာမိုဗစ်က ဘယ်လိုပါဝင်ပတ်သတ်နေလဲတော့ကျွန်တော်မသိပါဘူး။ နှစ်ပေါင်းများစွာဆက်ဆံရေးမှာ နီးစပ်မှုတစ်ခုတော့ရှိပါလိမ့်မယ်။ UK အစိုးရအနေနဲ့ ၁၀၀%​မှန်ကန်တဲ့လုပ်ရပ်ကိုလုပ်လိုက်တယ်လို့မြင်မိပါတယ်။ ပရိတ်သတ်တွေအတွက်တော့ တကယ်စိတ်မကောင်းစရာပါ  “  လို့ ပြောဆိုသွားခဲ့ပါတယ်။

ချဲလ်ဆီးအနေနဲ့ ရာသီသစ်မှာ အငှားချလူငယ်များကို အားကိုးရဖွယ်ရှိ

ချဲလ်ဆီးအနေနဲ့  ကန့်သတ်ချက်များကြောင့် ကစားသမားသစ်ခေါ်ယူခွင့်မရှိတော့ပါက အငှားချကစားသမားများရဲ့ အင်အားနဲ့ လက်ကျန်ကစားသမားများပေါင်းစပ်ကာ ရာသီသစ်ကိုဖြတ်သန်းရဖွယ်ရှိကြောင်းသိရှိရပါတယ်။  ချဲလ်ဆီးရဲ့ အငှားချကစားသမားတွေထဲမှာတော့ ဂယ်လက်ဂါ ၊ ဘရိုဂျာ ၊ ဂေးမားတို့လို ကစားသမားတွေပါဝင်နေပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: