အံ့သြစရာဂိုးမှတ်တမ်းနဲ့ ၁၇နှစ်အရွယ်တိုက်စစ်မှုးကို အာဆင်နယ်အပါအဝင် အသင်းကြီးတွေစောင့်ကြည့်နေကြ

Daily Mail သတင်းစာရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ အံ့ဖွယ်ချာတိတ်လေး ရီယက်စ်ကလယ်ရီ ကို  ပြည်တွင်းပြည်ပပြိုင်ဖက်တွေနဲ့ အပြိုင်လုဖို့ ပြင်ဆင်လာပြီဖြစ်ပါတယ်။  ဝက်စ်ဘရွန်းအသင်းရဲ့ အသက် ၁၇ နှစ်အရွယ်တိုက်စစ်မှုးလေးဟာ အာဆင်နယ်အပါအဝင်  နယူးကာဆယ် ၊ အဲဗာတန် ၊ ဘိုင်ယန်မြူးနစ် ၊ ဆဲလ်ဘတ် နဲ့ဘာစီလိုနာတို့ရဲ့ စိတ်ဝင်စားခြင်ကိုခံနေရတာလဲဖြစ်ပါတယ်။  

U18 အဆင့်ပြိုင်ပွဲ ၉ ပွဲမှာ ၁၃ ဂိုးသွင်းယူပေးထားနိုင်တဲ့ ဟော့သွန်းအကယ်ဒမီထွက်  တိုက်စစ်မှုးလေးကို ဝက်စ်ဘရွန်းအသင်းက  U23 ပြိုင်ပွဲတွေဆီကိုခေါ်ဆောင်လာခဲ့ပါတယ်။ အဲ့ဒီနောက် EPL2 မှာ ၁၁  ပွဲကစားပြီး ၇ ဂိုးသွင်း ၊  ၁ဂိုးဖန်တီးပြခဲ့ပါတယ်။ ဒီကိန်းဂဏန်းဟာ ရေးရက်စ်ရဲ့ အဆင့်အတန်းကိုဖော်ပြနေတဲ့ ညွန်းကိန်းတစ်ရပ်ပဲဖြစ်ပါတယ်။

ဂိုးရှေ့မှာဆိုရင် ကြောက်စရာကောင်းတဲ့အစွမ်းတွေကိုပြသထားတဲ့လူငယ်လေးကို ဘိုင်ယန်မြူးနစ်ကလည်း ယခုနှစ်အစောပိုင်းမှာ ကင်းထောက်အဖွဲ့စေလွတ်စောင့်ကြည့်ခဲ့တယ်လို့ဆိုပါတယ်။  လူငယ်အသင်းကစားသမားလေးကို ပထမဆုံး ပရိုဖက်ရှင်နယ်စာချုပ် ချုပ်ဆိုဖို့အတွက် ဝက်စ်ဘရွန်းအသင်းဖက်က ကြိုးစားနေတာဖြစ်ပေမယ့် အောင်မြင်မှုတော့မရရှိသေးပါဘူး။  အခုတော့  အာဆင်နယ်လဲ ပါဝင်လာပြီဖြစ်ပါတယ်။

တန်းဆင်းဇုန်တိုက်ပွဲမှာအခြေအနေကောင်းစပြုလာတဲ့ နယူးကာဆယ်အသင်းရဲ့နည်းပြဟောင်းဝီးကလည်း သူ့အသင်းကိုအားဖြည့်ဖို့ ရေးယက်စ်ကို စောင့်ကြည့်နေတယ်လို့ သတင်းများမှာ ဖော်ပြထားပါတယ်။  ကစားသမားလေးရဲ့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု ၊ လျှင်မြန်မှုနဲ့ ဂိုးလာဘ်မြင်မှုတို့က အသင်းတော်တော်များများကိုအာရုံကျလာစေပုံပါပဲ။

ရေးရက်စ် ကလယ်ရီ ကို သူ့ရဲသန်မာတဲ့ပုံစံနဲ့ ခန္တာကိုယ်အချိုးအစားကြောင့် လူကာလူနဲ့ ခိုင်းနှိုင်းကြပါတယ်။  တကယ်လည်း သူ့ရဲ့ ကစားပုံက  ချဲလ်ဆီးတိုက်စစ်မှုးနဲ့ဆင်တူတာကြောင့် Number 9  Role လိုနေတဲ့အသင်းတိုင်းကတော့သူကိုနှစ်သက်ကြမှာဖြစ်ပါတယ်။  မှတ်တမ်းများအရတော့ ၇၄ မိနစ်တိုင်းမှာ တစ်ဂိုးသွင်းယူထားနိုင်တဲ့သူလဲဖြစ်ပါတယ်။  စီနီယာအဆင့်ကိုလည်း  FA ဖလားပွဲမှာ ဘရိုက်တန်ကိုရင်ဆိုင်ပြီး စတင်ထိတွေ့ထားခဲ့ပြီးဖြစ်ပါတယ်။   ပြည်တွင်းကစားသမားခေါ်ယူမှုကိုအလေးထားကြတဲ့ ပရီးမီးယားလိဂ်အသင်းတွေဟာ ကစားသမားလေးကို စိတ်ဝင်စားတာကတော့ အကျိုးအကြောင်းသင့်တဲ့ကိစ္စပဲဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီရက်ပိုင်းမှာ  ဗီလာရီးရဲရဲ့ လူငယ်လေးပင်နို ၊  အက်သလက်တီကို မက်ဒရစ်ရဲ့ ယာအိုဖိလစ်တို့နဲ့လဲသတင်းတွေထွက်နေပြီး  Football London ရဲ့ သတင်းထောက် ခရစ္စဝီတလေကတော့  ပေါ်တူဂီသားနဲ့ပတ်သတ်လို့ ကောလာဟာလမဟုတ်ကြောင်း အတည်ပြုရေးသားထားခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: