Gunners’ Side – နောက်ဆုံးရအာဆင်နယ်သတင်းများ (10Mar)

ယာအိုဖိလစ်ကို အာဆင်နယ်တို့ အလေးအနက်စိတ်ဝင်စားနေတာဖြစ်တယ်လို့  နာမည်ကျော်သတင်းထောက်ရေးသားလာ

အာဆင်နယ်အသင်းဟာ အသင်းကို အင်အားဖြည့်တင်းဖို့တိုက်စစ်မှုး  ၂ ဦးထိခေါ်ယူဖို့ရှိနေပြီး  ၊  အက်သလက်တီကို မက်ဒရစ်မှ ယာအိုဖိလစ်ကို အလေးအနက်စိတ်ဝင်စားနေကြောင်းကို Football London မှ သတင်းထောက် ခရစ္စဝီတလေ က သူ့ရဲ့ဆောင်းပါးမှာ အခိုင်အမာရေးသားလာခဲ့ပါတယ်။  ဖိလစ်ကို လန်ဒန်သားတွေစောင့်ကြည့်နေကြောင်းကို  သတင်းထောက် မီဂွယ်ဒီလေးနီက  ယခုလအစောပိုင်းမှာစတင်ရေးသားခဲ့ပြီးနောက် ယခုလိုထပ်မံဖော်ပြလာကြခြင်းဖြစ်ပါတယ်။ ဖိလစ်ဟာ လတ်တလောမှာ ပုံစံကောင်းတွေပြန်လည်ရရှိနေသူလည်းဖြစ်ပါတယ်။

ရမ်းစ်ဒေးလ် အဂ်လန်မှာ နံပါတ် ၁ ဖြစ်လာဖွယ်ရှိနေ

အာဆင်နယ်ဂိုးသမားရမ်းစ်ဒေးလ်ဟာ  နိုင်ငံလက်ရွေးစင်အသင်းရဲ့  နံပါတ်တစ် ဂိုးသမားဖြစ်လာနိုင်ခြေရှိကြောင်း Football London က သုံးသပ်ရေးသားလာပါတယ်။ လက်ရှိဂိုးသမားဖြစ်သူ  ပစ်ဖို့ဒ်ရဲ့  မတည်ငြိမ်တဲ့စွမ်းဆောင်ရည်များကြောင့် ရမ်းစ်ဒေးလ်အပေါ်ကို အလေးပေးရေးသားလာတာဖြစ်ပါတယ်။ ရမ်းစ်ဒေးလ်ဟာ လက်ရှိပရီးမီးယားလိဂ်မှာ  ထိပ်တန်းကစားသမားများဖြစ်တဲ့  အီဒါဆင် ၊ မန်ဒီတို့ရဲ့နောက်မှာ စွမ်းဆောင်ရည်အကောင်းဆုံးသူအဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။

အာဆင်နယ်ပစ်မှတ် ပင်နိုကို  အပြိုင်စိတ်ဝင်စားလာကြတဲ့ ပရီးမီးယားလိဂ်ကလပ်များ

စပိန်သတင်းစာ Eldesmarque ရဲ့ဖော်ပြချက်အရ  လီဗာပူးအသင်းနဲ့ နယူးကာဆယ်အသင်းတို့ဟာ  အာဆင်နယ်ရဲ့ ကာလရှည်ပစ်မှတ်ဖြစ်တဲ့ ယာရီမီပင်နို ကိုစောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။ အဆိုပါ ဗီလာရီးရဲ ရဲ့ ဆယ်ကျော်သက်လေးဟာ အံ့သြဖွယ်ရာခြေစွမ်းနဲ့ ဂိုးသွင်းအားကို ပြသနေပြီးနောက် အသင်းကြီးများစွာရဲ့  ပစ်မှတ်အဖြစ်နာမည်ကိုထွက်လာတာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ် ကိုစိတ်ဝင်စားကြသူတွေထဲမှာ အာဆင်နယ်လဲပါဝင်လာ

အာဆင်နယ်နဲ့ နယူးကာဆယ်အသင်းတို့ဟာ  မန်ချက်စတာယူနိုက်တက်မှာ မတည်မငြိမ်ဖြစ်နေတဲ့ တိုက်စစ်မှုး မားကပ်စ်ရက်ရှ်ဖို့ကို စောင့်ကြည့်နေကြတယ်လို့  90 Mins  ကရေးသားဖော်ပြလာကြပါတယ်။  အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ရက်ရှ်ဖို့ဟာ ယူနိုက်တက်ရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ခဲ့ပေမယ့်  နည်းပြအပြောင်းအလဲအပါအဝင် အခြားသောကိစ္စရပ်များကြောင့် ပွဲထွက်ခွင့်နည်းပါးလာမှာကို စိုးရိမ်နေတာပြီး အသင်းပြောင်းဖို့စဥ်းစားနေတာဖြစ်ကြောင်းသိရပါတယ်။

လာကာဇက်ကို ဆက်ရှိနေစေချင်တဲ့ အီယန်ရိုက်

အာဆင်နယ်ဂန္တဝင်ကြီး အီယန်ရိုက်က  လာကာဇက်ရဲ့ အသင်းအတွက်အရေးပါပုံကို  သူ့ရဲ့ Podcast ကနေ အခုလိုပဲပြောပြသွားခဲ့ပါတယ်။  “  သူ့ရဲ့ အခန်းကဏ္ဏက ကျွန်တော်တို့လုပ်ဆောင်နေသမျှအရာတိုင်းအတွက် အရေးပါပါတယ်။ ဝက်ဖို့ဒ်နဲ့ပွဲက ဖန်တီးမှု ၂ ကြိမ်က နမူနာကောင်းပေါ့ဗျာ။  လာကာဇက်အသင်းမှာရှိမနေဘူးလို့ တွေးကြည့်လိုက်ပါ။  ဒီလူကို  ၁ နှစ် ဒါမှမဟုတ်   ၂ နှစ်လောက်တော့ ဆက်ဆွဲထားသင့်ပါတယ်  “  ဆိုပြီး မှတ်ချက်ပေးပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: