လာကာဇက်ဖြေထုတ်ခဲ့သော Deadlock များ

အသင်းကြီးက ဖိကစားတယ်။  တဖက်အသင်းက ၇-၂-၁  ၊  ၉-၁  ၊  ၁၀-၀   စသည်ဖြင့်  ခံစစ်ပိတ်ကစားရင်း  Transition လုပ်နိုင်မယ့် အခွင့်အရေးကိုစောင့်တယ်။ အဲ့ဒီလိုပွဲတွေမှာဖြစ်နိုင်ချေအများဆုံးက  ၃ ခုရှိပါတယ်။   ကပ်ပြီးအသင်းကြီးကနိုင်တာ  ၊ သရေကျတာနဲ့  မထင်မှတ်ပဲ Counter မိပြီး ရှုံးနိမ့်သွားတာတွေပဲဖြစ်ပါတယ်။ ဒီစာကို ဖတ်ကြည့်မိတဲ့အခါမှာ မျက်လုံးထဲမှာပွဲအချို့ပေါ်လာမယ်ထင်ပါတယ်။  ( ဥပမာ – နော်တင်ဟမ်ဖောရက်စ်ကို အာဆင်နယ် ရှုံးတဲ့ပွဲ )

ဝူဗာဟက်တန်ကို အမ်းမရိတ်မှာ နောက်ကျအနိုင်ဂိုးရရှိခဲ့ပြီးနောက် လာကာဇက်ဟာ အသင်းရဲ့ပရိသတ်တွေနဲ့အတူ အားရပါးရအောင်ပွဲခံခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ OG လို့ ပြန်ပြောင်းသတ်မှတ်ခဲ့တာကတော့ ကပ္ပတိန်အတွက် နှာမြောစရာ ဖြစ်ခဲ့ရပါတယ်။ဘာပဲဖြစ်ဖြစ် အသင်းဖော်တွေနဲ့ ပရိသတ်တွေအတွက်တော့ ဒါဟာ လာကာဇက်ရဲ့ သွင်းဂိုးပါပဲ။ 

၀က်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း အသင်းရဲ့ ပရိသတ်တွေဟာ လာကာဇက်ရဲ့ သွင်းဂိုးကို မြင်တွေ့ခွင့်ရဖို့ မျှော်လင့်ခဲ့ကြပါတယ်။ အိုဒီဂတ်၊ မာတင်နယ်လီ နဲ့ ဆာကာတို့ရဲ့ သွင်းဂိုးတွေကို မြင်တွေ့ခဲ့ရပေမယ့် လာကာဇက်ရဲ့သွင်းဂိုးကိုတော့ စိတ်မကောင်းစွာနဲ့ပဲ ပရိသတ်တွေ မြင်တွေ့ခွင့် မရခဲ့ပါဘူး။ ဒါပေမယ့် ပြင်သစ်သားကြီးဟာ ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ်ထားနိုင်တာကိုတော့ မေ့ထားလို့မရပါဘူး။ ဆာကာ၊ မာတင်နယ်တို့ရဲ့ သွင်းဂိုးတွေကို လာကာက ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးတွေမှာ လာကာဇက်ရဲ့ အခန်းကဏ္ဏက များပြားလှပါတယ်။

ဝက်ဖိုဒ့်ရဲ့  ပိတ်ကစားတဲ့စနစ်က အရမ်းကြီးကောင်းမွန်တဲ့ High Quality Blocking  မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် သူအတိုင်းအတာနဲ့သူကောင်းနေတဲ့ Block တွေဖြစ်ပါတယ်။  အာဆင်နယ်တို့ တကယ်အခက်ခဲဆုံးရင်ဆိုင်ခဲ့ရတဲ့  Defensive Line က အကြပ်က ဝုဗ်နဲ့ကစားတဲ့ ပထမအကျော့ဖြစ်ပါတယ်။   နီဗက်စ်နဲ့ ပိုဒန့်စ်တို့ဟာ  ခံစစ်ကနေ တိုက်စစ်ကို ချက်ခြင်းပြောင်းနို်င်စွမ်းရှိကြတဲ့ ကွင်းလယ်ကစားသမားတွေဖြစ်ကြပြီး  တကယ်လည်း အာဆင်နယ်တို့ဟာ အဖွင့်ဂိုးရတာစောခဲ့တာကလွဲရင် တစ်ပွဲလုံးမှာ ခက်ခက်ခဲခဲရုန်းခဲ့ရတာဖြစ်ပါတယ်။  (ပြောင်းပြန်ပြောရရင်  အာဆင်နယ်ရဲ့ Transition အရမ်းကောင်းပါတယ်။ စီးရီးအေမှာဆိုရင်တော့ ဂျူဗင်တပ်စ်တို့ဟာ သူတို့ပုံစံပျက်နေတဲ့ ရာသီစပွဲတွေမှာ အသုံးများခဲ့တဲ့ပုံစံဖြစ်ပါတယ်)

ဒီလိုတစ်ပွဲတည်းမှာ သွင်းဂိုးနှစ်ဂိုးဖန်တီးနိုင်ခဲ့တာကတော့ လာကာဇက်အတွက် အာဆင်နယ်ကစားသမားဘ၀ ပထမဆုံးအကြိမ်ပဲ ဖြစ်ပါတယ်။ ၀က်စ်ဟမ်းကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်ကစပြီး အာဆင်နယ်နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် ကိုးပွဲမှာ လာကာဇက်ဟာ ဂိုးဖန်တီးမှု ခုနစ်ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ကိုးပွဲအတွင်းမှာ လာကာဇက်ရဲ့ ဂိုးဖန်တီးမှုကို လိုက်မီတဲ့ မရှိပါဘူး။ လာကာဟာ အိုဇေးလ်ရဲ့ ၂၀၀၆ခုနစ်မှာ တင်ရှိခဲ့တဲ့ ပရီးမီးယားလိဂ်ကိုးပွဲဆက်တိုက်မှာ ခုနစ်ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တဲ့ စံချိန်ကို လိုက်မီခဲ့တာလည်းဖြစ်ပါတယ်။ နောက်လာမယ့် ပွဲစဉ်တွေမှာသာ ဂိုးတွေထပ်မံဖန်တီးနိုင်ခဲ့ရင် ကပ္ပတိန်ကြီးဟာ အာဆင်နယ်ကစားသမားဘ၀အတွက် မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ ရှိနေပါတယ်။  ဒါဟာ လာကာဇက်ရဲ့ အားသာချက်ကို အခြားလူငယ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ပေါင်းစပ်ကာ ပုံဖော်ခဲ့တာဖြစ်ပါတယ်။

အသင်းမှာ တိုက်စစ်မှူးတစ်ယောက်ရဲ့ အဓိက တာ၀န်က ဂိုးသွင်းယူဖို့ ဖြစ်ပြီး လာကာဇက်အနေနဲ့လည်း သွင်းဂိုးတွေပိုမိုသွင်းယူလိုမှာတော့ အသေအချာပါပဲ။ ဒါပေမယ့် အရေးကြီးဆုံးက ပွဲသိမ်းခရာမှုတ်ချိန်မှာ အနိုင်ရလဒ်နဲ့ အိမ်ပြန်နိုင်ဖို့သာ ဖြစ်ပါတယ်။ လာကာဇက်အနေနဲ့ သွင်းဂိုးတွေ ရှာဖွေဖို့ ခက်ခဲနေရင်တောင် ဒီလိုမျိုး ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးနေနိုင်တာက အသင်းအတွက်ရမှတ်တွေရှာဖွေဖို့ ကြီးမားတဲ့ အထောက်အပံ့တစ်ခုဖြစ်စေတာ အမှန်ပါပဲ။ 

ဒီလိုလုပ်ဆောင်မှုမျိုးကို  ပရီးမီးယားလိဂ်သမိုင်းမှာ  အလန်ရှီးယားရဲ့ကစားပုံကနေတဆင့်တွေ့နိုင်ပါတယ်။ လွန်ခဲ့တဲ့နှစ်အများစုမှာဆိုရင်တော့ ဘန်ဇီမားရဲ့ ကစားပုံကိုညွန်းရပါမယ်။ ဒါတွေကတော့ High Class Example  များဖြစ်ပါတယ်။ တဖက်နောက်တန်းကို Attract လုပ်၍သော်လည်းကောင်း ၊  ကစားဖော်နဲ့ချိတ်ဆက်၍သော်လည်းကောင်း ကန်ခွင့်တွေဖန်တီးယူတာပါပဲ။

Finishing ပိုင်းမှာ ပုံစံကောင်းမရတော့တဲ့နောက်မှာ လာကာဇက်ကို Attacking Midfielder ဆန်ဆန် Function ကိုပြောင်းပြီးကစားစေတာဟာ ကစားသမားကိုလဲအမှားနဲစေသလို ၊ အသင်းအတွက်လဲအကျိုးများစေမှာပါ။

လာကာဇက် ကြောင့်သာမဟုတ်ခဲ့ရင် ဝက်ဖို့ဒ်နဲ့ပွဲမှာ မာတင်နယ်လီနဲ့ဆာကာတို့အတွက် ခုလိုမျိုးဂိုးတွေအများကြီးသွင်းဖို့ လွယ်ကူစေမှာ မဟုတ်ပါဘူး။  အထူးသဖြင့်  မာတင်နယ်လီ Form ပျက်နေတာကို သတိထားမိကြမယ်ထင်ပါတယ်။ လာကာဇက်ဟာ အူဘာမီယန်းလိုမျိုး သွင်းဂိုးတွေကို ကိုယ်တိုင်ရှာဖွေနိုင်သူတော့ မဟုတ်ပေမယ့် သူ့ရဲ့ဦးဆောင်မှု၊ သူရဲ့အသင်းဖော်တွေကို အထောက်အပံ့ဖြစ်စေတဲ့ ကစားဟန်၊ဖန်တီးမှုတွေနဲ့အတူ အသင်းကို ရမှတ်တွေ ရှာဖွေပေးနေတဲ့ ဂိုးဖန်တီးရှင် တဖြစ်လဲ၊ တိုက်စစ်မှူး  ဖြစ်ပါတယ်။   အူဘာ ၊ လာကာ အတွက်မိနေတုန်းက ပုံစံတွေကလည်း နမူနာကောင်းတွေဖြစ်ပါတယ်။

အာတီတာအနေနဲ့ အသင်းမှာ Prolific Striker မရှိသေးခင်မှာ  ရှိတဲ့သူကိုအတင်းတွန်းပြီး Traditional Attacking Play ကစားမယ့်အစား အခုလိုမျိုး Link Up  တွေသုံးနေတာက လက်တွေ့နဲ့ကိုက်ညီမှုရှိပါတယ်။ ဒါပေမယ့် နည်းစနစ်ဆရာအာတီတာဆိုတာလဲ တချက်တချက်အဆန်းထွင်တတ်ပါသေးတယ်။ ကိုယ်တွေက မိုင်ပေါင်းများစွာဝေးတဲ့နေရာကနေ မြင်တာပြောရတာပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: