အူဘာမီယန်း ရှိခြင်းမရှိခြင်းဟာ အသင်းကို ဘာတွေထူးခြားစေခဲ့သလဲ

အာဆင်နယ်အသင်းရဲ့တိုက်စစ်မှူးဟောင်း အူဘာမီယန်းက အသင်းကနေ ထွက်ခွာခဲ့ပြီးနောက် ဘာစီလိုနာမှာ ဂိုးတွေသွင်းပြီး ခြေစွမ်းပြလျက်ရှိပါတယ်။ ဘာစီလိုနာ ဂျာစီနဲ့ အောင်ပွဲခံနေတဲ့ ကပ္ပတိန်ဟောင်းကြီးကို တွေ့ရတဲ့အခါ အာဆင်နယ်ပရိသတ်တွေအတွက် အနည်းငယ်တော့ လွမ်းစရာကောင်းနေနိုင်မှာပါ။ 

ဒီတော့ အခုချိန်မှာ မေးခွန်းတစ်ခုတော့ ထုတ်စရာရှိပါတယ်။ အာတီတာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချခဲ့တာ ဟုတ်ရဲ့လား ဆိုတာပါပဲ။ 

အာတီတာဟာ အသင်းရဲ့ကပ္ပတိန်ကို စည်းကမ်းမလိုက်နာမှုတစ်ခုနဲ့  အသင်းခေါင်းဆောင်အဖြစ်ကနေ ရပ်နား၊ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ကာ  ဒုတိယအခွင့်အရေးလည်း ပြန်မပေးခဲ့ပါဘူး။ ဂါဘွန်လက်ရွေးစင်ကြီးဟာ အသင်းနဲ့ စာချုပ်သက်တမ်းအချိန်တစ်ခုကြာကျန်နေသေးပေမယ့် အာတီတာကတော့ သူ့ကိုဇန်နဝါရီမှာပဲ အလွတ်ပြောင်းရွှေ့စေခဲ့ပြီး အခြားတိုက်စစ်မှူးတစ်ယောက်လည်း အစားထိုးမခေါ်ယူခဲ့ပါဘူး။ 

အာတီတာနဲ့ အသင်းရဲ့ ဆုံးဖြတ်ချက်ဟာ ဘယ်လောက်ထိမှန်ကန်လဲ၊ ဘယ်လောက်ထိကော မှားယွင်းနေလဲဆိုတာ လက်ရှိအချိန်မှာ အဖြေရှာမယ်ဆိုရင် အနည်းငယ်တော့ စောကောင်းစောပါလိမ့်မယ်။ ဒါပေမယ့် နှိုင်းယှဉ်မှုတွေကနေ နီးစပ်တဲ့ အဖြေတစ်ခုတော့ ထွက်လာဖို့ ရှိပါတယ်။ 

အူဘာမီယန်းဟာ အာဆင်နယ်ကစားသမားဘ၀ကို အကောင်းဆုံးစတင်နိုင်ခဲ့သူဖြစ်ပါတယ်။ ဒေါ့မွန်မှာ ဂိုးတွေ တဒိုင်းဒိုင်းသွင်းယူခဲ့တဲ့ အူဘာမီယန်းဟာ အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက်မှာလည်း သူ့ရဲ့သွင်းဂိုးတွေဟာ မရပ်တန့်သွားခဲ့ပါဘူး။မြောက်လန်ဒန်မှာ ပထမဆူံ နှစ်နှစ်ခွဲကြာခဲ့ပြီး‌တဲ့နောက် ပြိုင်ပွဲစုံသွင်းဂိုး ၇၀ သွင်းယူပေးခဲ့ပါတယ်။ 

၂၀၁၉-၂၀၂၀ဘောလုံးရာသီ အာဆင်နယ်အသင်းရဲ့ FAဖလားချန်ပီယံအောင်ပွဲမှာ အော်ဘာဟာ အဓိက ကျခဲ့သူဖြစ်ပါတယ်။ဆီမီးဖိုင်နယ်မှာ ဂွာဒီယိုလာရဲ့ မန်စီးတီးကို နှစ်ဂိုးသွင်းယူပြီး အာဆင်နယ်အသင်းကို ဖိုင်နယ်ကို ပို့ဆောင်ပေးခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဖိုင်နယ်မှာလည်း ၀င်ဘလေကွင်းကြီးထဲ အူဘာမီယန်းဟာ သွင်းဂိုးနှစ်ဂိုးထပ်မံသွင်းယူကာ အာဆင်နယ်ကို ချန်ပီယံဖြစ်စေခဲ့ပါတယ်။ 

၂၀၂၀ နို၀င်ဘာမှာတော့ အူဘာမီယန်းဟာ အသင်းနဲ့ တစ်ပတ်လုပ်ခငွေ ပေါင်၃၅၀၀၀၀ရရှိမယ့် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဒီနောက်မှာ‌တော့ သူဟာ ပုံမှန်ခြေပြန်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။ 

၂၀၂၁ ဒီဇင်ဘာမှာတော့ အာတီတာဟာ အသင်းနဲ့ ပူးပေါင်းဖို့ နောက်ကျခဲ့တဲ့ အော်ဘာမီယန်းကို ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ ချန်လှပ်ခဲ့ပါတယ်။ဒီနောက်မှာတော့ ကပ္ပတိန်ရာထူးကနေလည်း ရပ်စဲခံခဲ့ရသလို အသင်းရဲ့ပွဲထွက်လူစာရင်းမှာလည်း နောက်တစ်ကြိမ်ပြန်လည်ပါ၀င်ခွင့်မရခဲ့ပါဘူး။ ဒီလိုနဲ့ ဇန်နဝါရီမှာတော့ အော်ဘာမီယန်းဟာ လန်ဒန်ကစွန့်ခွာပြီး ကတ်တလန်ဒေသကို ထွက်ခွာသွားခဲ့ပါတယ်။ 

အော်ဘာမီယန်းမရှိတော့တဲ့၊ အစားထိုး တိုက်စစ်မှူးလည်း မခေါ်ယူထားတဲ့ အာဆင်နယ်ဟာ အော်ဘာမီယန်းရှိစဉ်ကထက် ခြေစွမ်းကောင်းပိုမို ပြသထားနိုင်ပြီး မာတင်နယ်လီ၊ အိုဒီဂတ်၊ ဆာကာ၊ စမစ်ရိုးစတဲ့ လူငယ်တွေရဲ့ ရုန်းအားနဲ့အတူ နိုင်ပွဲတွေရယူထားနိုင်ခဲ့ပါတယ်။ 

လက်ရှိရာသီ အော်ဘာမီယန်း မထွက်ခွာခင်နဲ့ ထွက်ခွာပြီး အာဆင်နယ်ရဲ့ ရလဒ်တွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်

 

အော်ဘာမီယန်းပါ၀င်သော ပွဲစဉ်များ 

  • ပွဲ-၁၄ပွဲ
  • နိုင်-၇ပွဲ
  • သရေ-၂ပွဲ
  • ရှုံး-၅ပွဲ
  • တစ်ပွဲပျမ်းမျှရမှတ်-၁.၆၄မှတ်
  • အနိုင်ရနှုန်း-‌၅၀%
  • ရှုံးနိမ့်နှုန်း-၃၅.၇%
  • ဂိုး-၁၈ဂိုး
  • တစ်ပွဲပျမ်းမျှသွင်းဂိုး -၁.၂၈
  • ပေးဂိုး-၂၀
  • တစ်ပွဲပျမ်းမျှပေးဂိုး-၁.၄၂

အော်ဘာမီယန်း ချန်လှန်ထွက်ခွာခဲ့ပြီးနောက် ပွဲစဉ်များ 

  • ပွဲ-၁၀ပွဲ
  • နိုင်-၈ပွဲ
  • သရေ-၁ပွဲ
  • ရှုံး-၁ပွဲ
  • တစ်ပွဲပျမ်းမျှရမှတ်-၂.၅မှတ်
  • အနိုင်ရနှုန်း-၈၀ရာခိုင်နှုန်း
  • ရှုံးနိမ့်နှုန်း-၁၀ရာခိုင်နှုန်း
  • သွင်းဂိုး-၂၃ဂိုး
  • တစ်ပွဲပျမ်းမျှသွင်းဂိုး-၂.၃ဂိုး
  • ပေးဂိုး-၇ဂိုး
  • တစ်ပွဲပျမ်းမျှပေးဂိုး-၀.၇ဂိုး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: