“ အမ်းမရိတ်ရယ် ဂန်းနားရယ် အာတီတာရယ် “

အာတီတာဟာ Sky Sports နဲ့တွေ့ဆုံမှုမှာ အကြောင်းအရာတော်တော်များများကို ပြောပြခဲ့ပါတယ်။ သူပြောပြခဲ့တဲ့အကြောင်းအရာတွေထဲမှာ ပရိသတ်တွေရဲ့အားပေးမှု၊ အသင်းအပေါ်ထားရှိတဲ့ ကစားသမားတွေရဲ့ သံယောဇဉ်နဲ့ပေးဆပ်မှု စတဲ့ ခေါင်းစဉ်တွေပါ၀င်ခဲ့ပါတယ်။ 

ပရိသတ်တွေရဲ့ အားပေးထောက်ခံမှု အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတဲ့ အမ်းမရိတ်အကြောင်းကို အာတီတာက ခုလိုပဲပြောလာခဲ့ပါတယ်။ 

ဒါ(အမ်းမရိတ်ရဲ့ အငွေ့အသက်) ကို ခင်ဗျားတို့ ခံစားလို့ရပါတယ်။ ဒါကို ပြောပြဖို့တော့ ခက်လိမ့်မယ်၊ ဒါပေမယ့် ခင်ဗျား အမ်းမရိတ်ကိုရောက်တဲ့အခါမှာ  ခံစားကြည့်လို့ရပါတယ်။ အဲ့ဒီ့ခံစားချက်ဟာ အစစ်အမှန်ပဲ ဖြစ်ပြီး ခွန်အားတွေ၊ စိတ်ခံစားချက်တွေ စီးဆင်းနေပါတယ်။ ပရိသတ်တွေနဲ့အသင်းရဲ့ကြားမှာ မှန်ကန်ခိုင်မာတဲ့ ဆက်နွယ်မှု တစ်ခုကို ကျွန်တော်ခံစားရပါတယ်” 

“ကျွန်တော် ဒီမှာ တကယ်ဘာလုပ်ချင်လဲလို့ ခင်ဗျားမေးလာခဲ့ရင် ကျွန်တော်ကတော့ အမ်းမရိတ်ကို အင်္ဂလန်မှာ ဆော့ရအခက်ဆုံး ကစားကွင်းဖြစ်အောင်လုပ်ချင်တာလို့ပဲ ပြန်ဖြေမိမှာပါ။ အမ်းမရိတ်ကို ရောက်လာတဲ့အခါ အခြားဘာနဲ့မှ မတူတဲ့ အငွေ့အသက်တစ်ခုကို ခံစားရတဲ့ နေရာအဖြစ် ဖန်တီးချင်တာပါ” 

ပရိသတ်တွေက ငါတို့တော့ အသင်းကို သွားပြီးအားပေးဖို့ စနေနေ့ထိမစောင့်နိုင်တော့ဘူးလို့ ခံစားစေမယ့် ပတ်၀န်းကျင်တစ်ခုပေါ့ဗျာ။ အမ်းမရိတ်ထဲကို လမ်းလျှောက်၀င်လာပြီဆိုရင်လည်း ပရိသတ်တွေ တွေးနေတဲ့အရာက ငါတို့တော့ ဒီကစားသမားတွေ၊ အသင်းကို အားပေးဖို့အသင့်ဖြစ်နေပြီ။ သူတို့ကလည်း ဒီလိုအားပေးခံရဖို့ ထိုက်တန်တဲ့သူတွေပဲ၊ သူတို့နဲ့ အမ်းမရိတ်မှာ တွေ့ဖို့ ချိန်းဆိုထားသလိုကိုခံစားရတယ်ဆိုတာပဲ ဖြစ်မှာပါ” 

လက်ရှိမှာ အာဆင်နယ်ဟာ မန်စီးတီးနဲ့လီဗာပူးလ်တို့ရဲ့နောက်မှာ တတိယမြောက်အိမ်ကွင်းအကောင်းဆုံး အသင်းအဖြစ်ရပ်တည်နေပါတယ်။ပြီးခဲ့တဲ့  သီတင်းပတ်တစ်ပတ်ကျော်က ဝူဗာဟန်တန်ကို နောက်ကျသွင်းဂိုးတွေနဲ့ အမ်းမရိတ်မှာ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ပရိသတ်တွေရဲ့အားပေးမှုနဲ့ အသင်းနဲ့ ပရိသတ်တွေရဲ့ကြားမှာ ဆက်နွယ်နေတဲ့ သံယောဇဉ်နဲ့ချစ်ခြင်းမေတ္တာတွေကို ပေါ်လွင်စေခဲ့ပါတယ်။ 

ကျွန်တော်တို့ ဝူဗာဟန်တန်နဲ့ ပွဲစဉ်ကို အနိုင်ရခဲ့တာဟာ (ဝူဗာဟန်တန်ရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရပြီးနောက်) ပရိသတ်တွေရဲ့ တုံ့ပြန်မှုကြောင့်ပါပဲ။ ကျွန်တော်တို့ ဦးဆောင်ဂိုးကို မသွင်းနိုင်ခင်မှာပဲ ပရိသတ်တွေက ကျွန်တော်တို့ကို အပြည့်အ၀အားပေးပြီး ခွန်အားတွေပေးနေခဲ့ပါတယ်” 

ဒီဂိုးက ပရိသတ်တွေရဲ့ စိတ်ခံစားချက်ကို နှိုးဆွခဲ့တာမဟုတ်ပါဘူး။ ငါတို့ကို တစ်ခုခုပြန်ပေးမယ်ဆိုတာ သေချာတဲ့ အသင်းကို ငါတို့က တစ်ခုခုအရင်ပေးနိုင်မလားဆိုတဲ့ အတွေးက ပရိသတ်တွေရဲ့ စိတ်ခံစားချက်ကို လှုပ်ကိုင်ခဲ့တာပါ” 

“ဒါဟာ တကယ်ကို ကောင်းမွန်တဲ့အခိုက်အတန့်တွေကို ဖန်တီးတဲ့ နေရာပါပဲ” လို့ အာတီတာက အမ်းမရိတ်၊ ပရိသတ်တွေနဲ့ အသင်းနဲ့ကြားဆက်နွယ်မှုကို ပြောပြလာခဲ့ပါတယ်။ 

အသင်းရဲ့ ရလဒ်တွေကောင်းမွန်နေတာနဲ့ပတ်သက်ပြီး အသင်းရဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကလည်း အဓိကကျတဲ့နေရာက ပါ၀င်နေပါတယ်။ ဒါကို အာတီတာက မမေ့ထားပဲ ခုလိုပဲ အမှတ်တရပြောသွားခဲ့ပါတယ်။ 

အသင်းနဲ့အတူ ရှေ့ဆက်ချင်တဲ့၊‌ တိုးတက်ချင်တဲ့ ကစားသမားတွေပဲ အသင်းမှာရှိနေတယ်လို့ ကျွန်တော်ခံစားရပါတယ်” 

အသင်းမှာ အကယ်ဒမီထွက်ကစားသမားတွေရှိနေတာကလည်း တကယ်ကို လုံး၀အရေးကြီးတဲ့ အရာတစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ ဒီအရာက ဘောလုံးကိုချစ်မြတ်နိုးတယ်၊ဒီမှာ ဘောလုံးကန်ချင်တယ်၊ ပိုက်ဆံတွေအများကြီးရချင်တယ်ဆိုတာထက်ပိုတဲ့အရာ ဖြစ်တာကြောင့်ပါပဲ” 

“ဒီကစားသမားတွေဟာ အသင်းရဲ့DNA၊ အသင်းရဲ့ တန်ဖိုးတွေနဲ့ ချိတ်ဆက်နေတယ်လို့ ကျွန်တော်ခံစားရပါတယ်။ သူတို့ဟာ ဒီမှာပဲ ကြီးပြင်းလာခဲ့ပြီး အသင်းနဲ့အတူ အချိန်အကြာရှိအတူရှိနေခဲ့ရတာကိုလည်း တန်ဖိုးထားကြပါတယ်” 

အာဆင်နယ်ဟာ လာမယ့် သီတင်းပတ်မှာတော့ လက်စတာစီးတီးကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။ အိမ်ကွင်းပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့အတူ အာဆင်နယ်အသင်းဟာ လက်စတာစီးတီးကို အနိုင်ယူပြဦးမလားဆိုတာကတော့ မကြာခင်‌မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: