အာဆင်နယ်အသင်းရဲ့ ကွင်းလယ်နဲ့ပတ်သတ်တဲ့ဆွေးနွေးချက်တွေကိုပြန်လေ့လာကြည့်ရင် အဓိက အချက်တစ်ချက်ကအမြဲလိုလိုကျန်နေခဲ့ပါတယ်။ အဲ့တာကတော အယ်နီနီရဲ့ အခန်းကဏ္ဏဖြစ်ပါတယ်။ ပကတိအခြေအနေမှာ အာဆင်နယ်အသင်းက ကွင်းလယ်ကစားသမား ၂ ယောက်ထိလိုတာပါ။ ၁ ယောက် လိုနေတာမဟုတ်ပါဘူး။ “ ဂရန်းနစ်ရှာခါ နေရာမှာဘယ်သူ့ကို အစားထိုးမလဲ “ ဆိုတာဟာ ပုံမှန်မြင်တွေ့နေကျ ခေါင်းစဥ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အလွန်နဲပါးတဲ့ ပရိတ်သတ်အချို့နဲ့ ဆောင်းပါးရှင်အချို့ကသာ အယ်နီနီ လဲထွက်ခွာတော့မယ်ဆိုတာကို သတိထားမိကြပါတယ်။ သူက အာဆင်နယ်အတွက် ဒီရာသီမှာ ၁၀ ပွဲသာကစားခဲ့တယ်ဆိုပေမယ့် သူသာမရှိရင် အာဆင်နယ်မှာ လိုကွန်ဂါ ၊ ပါတေးနဲ့ ရှာခါတို့သာရှိတော့တာပါ။
ဒီရာသီမှာ ဥရောပပြိုင်ပွဲအပါအဝင် အခြားသောရှုံးထွက်ပွဲစဥ်တွေမရှိတာကြောင့်သာ အယ်နီနီရဲ့ ကစားတဲ့ပွဲအရေအတွက်က နဲပါးနေတာဖြစ်ပါတယ်။ ၂၀၂၀ – ၂၀၂၁ ဘောလုံးရာသီတုန်းက အီဂျစ်သားဟာ အသင်းအတွက် ၄၁ ပွဲအထိကစားပေးခဲ့ပါတယ်။ ဆိုလိုတာက ဥရောပပြိုင်ပွဲသာရှိနေရင် ကွင်းလယ် ၁ ယောက်နဲ့ မလုံလောက်ဘူးဆိုတဲ့အချက်ပါပဲ။
အီဒူးဟာ သိပ်ပြီးကောင်းမွန်တဲ့ အပြောင်းအရွှေ့လုပ်ငန်းစဥ်တွေကို ပြီးခဲ့တဲ့ နှစ်ကလုပ်ပြနိုင်ခဲ့ပါတယ်။ အကောင်းဆုံးဖြည့်တင်းနိုင်ခဲ့သလို မလိုအပ်တဲ့ကစားသမားတွေကိုလည်း ရှင်းထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဥရောပပြိုင်ပွဲတွေဆီသွားရင်တော့ အနဲဆုံး တစ်နေရာကို ၂ ယောက်ကစားနိုင်မှဖြစ်ပါလိမ့်မယ်။
ဒီတော့ကွင်းလယ်မှာ ရွေးချယ်စရာ ၄ ဦးရှိဖို့ လိုအပ်ပါတယ်။
အယ်နီနီမရှိတော့တဲ့နောက်မှာ ၃ ဦးပဲကျန်တဲ့ကွင်းလယ်မှာ ရှာခါရဲ့နေရာကို ဖြည့်တင်းဖို့ကလဲ ၁ ဦးရှိဖို့လိုနေပါသေးတယ်။ ဒီနေရာမှာ အဇီးနဲ့ ပါတီနိုကို ပြောကြပါလိမ့်မယ်။ လက်တွေ့ကျကျတွေးကြည့်ရအောင်ပါ။ သူတို့အသင့်မဖြစ်သေးပါဘူး။ အဇီး ဟာ အငှားကစားရင်းအတွေ့အကြုံတစ်ခုရရှိနေပါတယ်။ အသင်းကြီးကိုခေါ်ယူဖို့လဲဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အရေးကြီးအခြေအနေတွေအတွက် ထည့်သွင်းစဥ်းစားစရာကစားသမားတစ်ယောက်တော့ ဖြစ်နေလို့မရပါဘူး။
ပါတီနိုဟာ အငြင်းပွားစရာမရှိတဲ့ အရည်အသွေးမြင့်လူငယ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် စီနီယာအဆင့်ဘောလုံးလောကအတွက် စိတ်ပိုင်းရုပ်ပိုင်းလိုအပ်ချက်တွေအများကြီးရှိပါတယ်။ သူလဲမဖြစ်နိုင်သေးပါဘူး။
ရိုးမားမှာအငှားနဲ့ကစားနေတဲ့နိုင်းလ်စ်ကလဲ အသင်းမှာရေရှည်ကစားဖို့ထက် အခြေအနေတစ်ခုနဲ့အတူ အပြီးသတ်နှုတ်ဆက်ရဖို့များနေတဲ့ပုံပါပဲ။ ဒါဆိုရင်အာဆင်နယ်တို့ ဘယ်သူ့ကိုခေါ်မှာလဲ။ သတင်းတွေထွက်နေသလို ၁ ယောက်ထဲမရပါဘူး။ ၂ယောက်လိုအပ်ပါတယ်။
ဒီတော့ နာမည်ထွက်နေတဲ့စာရင်းကိုကြည့်လိုက်တဲ့အခါမှာ ဖြစ်နိုင်ဖွယ် ကစားသမား ၃ ယောက်ကိုသွားတွေ့ပါတယ်။ လက်စတာရဲ့ တိုင်လီမန်းစ် ၊ ဝုဗ်ရဲ့ ရူဗင်နီဗက်စ်နဲ့ နာပိုလီရဲ့ ဖေဘီယံရုဇ်တို့ ပဲဖြစ်ပါတယ်။
ရူဗင်နီဗက်စ်ဟာ အကောင်းဆုံးသော အင်အားဖြည့်မှုဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်သေချာပေါက် စျေးများမှာဖြစ်ပါတယ်။ ရှာခါကို စျေးသက်သက်သာသာနဲ့ လက်လွှတ်ပြီးမှ ကစားသမားတစ်ဦးထဲကို စျေးကြီးကြီးနဲ့ပြန်လည် အင်အားဖြည့်တင်းတာမျိုးကိုသူတို့လုပ်မယ်မထင်ပါဘူး။ လုပ်ဖို့လဲမသင့်ပါဘူး။
ဒါဆိုရင် ဖေဘီယန်ရုဇ်နဲ့ တိုင်လီမန်းစ်ဆိုရင်ရော .. ဒါကတော့ဖြစ်နိုင်ချေရှိပါတယ်။ တိုင်လီမန်းစ်ရော ၊ ရုဇ်ရောက သူတို့ရဲ့အသင်းတွေကနေ ထွက်ခွာဖို့သေချာနေပြီဖြစ်ပါတယ်။ ရှာခါရဲ့မတည်ငြိမ်မှုနဲ့ အယ်နီနီရဲ့ထွက်ခွာသွားမှုအတွက် ဒီ ၂ ယောက်ကိုသာခေါ်ယူနိုင်ရင် အကောင်းဆုံးဖြည့်တင်းမှုလို့တောင်ဆိုနိုင်ပါတယ်။ သူတို့နှစ်ဦးပေါင်းတန်ကြေးတွေကလဲ စာချုပ်အနေအထားတွေအရ ရူဗင်နီဗက်စ်တစ်ဦးကုန်ကျစရိတ်ထက်ပိုလဲနဲနဲပါပဲ။ ပိုပြီးသစ်လွင်လတ်ဆတ်တဲ့ ကွင်းလယ်ကို အမ်းမရိတ်မှာ မြင်ရဖွယ်ရှိပါတယ
Leave a Reply