Gunners’ Side – နောက်ဆုံးရ အာဆင်နယ် သတင်းများ ( 9Mar)

ဝက်စ်ဘရွန်းရဲ့ အသက် ၁၇ နှစ်အရွယ်တိုက်စစ်မှုးကို အပြိုင်လုကြတဲ့အသင်းတွေထဲမှာ  အာဆင်နယ်လဲ ပါဝင်လာ

ဝက်စ်ဘရွန်းအသင်းဟာ သူတို့အသင်းရဲ့ အသက် ၁၇ နှစ်အရွယ်တိုက်စစ်ကစားသမားလေး ရေးယက်စ်ကလယ်ရီကို ဆက်လက်ထိမ်းသိမ်းထားဖို့ ခက်ခဲလာပြီဖြစ်ကြောင်း ယူကေ အခြေစိုက်သတင်းတွေက ရေးသားလာနေကြပါတယ်။ အာဆင်နယ် ၊ အဲဗာတန်နဲ့ နယူးကာဆယ်အပါအဝင် ဘွန်ဒက်စ်လီဂါကလပ် လီဗာကူဆင်နဲ့ ဆဲလ်ဘတ်တို့ကပါ စောင့်ကြည့်နေကြတယ်လို့  Daily Mail ကနေဖော်ပြလာပါတယ်။ အဆိုပါ ကစားသမားလေးဟာ U23 အဆင့်မှာ အံ့အားသင့်စရာ ဂိုးသွင်းအားကိုပိုင်ဆိုင်ထားပြီး ၊ ပရိုဖက်ရှင်နယ်စာချုပ်တစ်ရပ်ချုပ်ဆိုဖို့အတွက် ဝက်စ်ဘရွန်းဖက်ကကြိုးစားနေပေမယ့် အောင်မြင်မှုတော့မရရှိသေးပါဘူး။

အိုဒီဂတ်နဲ့ ဆာကာတို့ရဲ့ ဂိုးက ကံကောင်းလို့ရခဲ့တာဖြစ်နိုင်ကြောင်း စခိုးလ်သုံးသပ်

မန်ချက်စတာယူနိုက်တက်ဂန္တဝင်ပေါလ်စခိုးက  ဝက်ဖို့ဒ်အသင်းဖက်ကို သွင်းယူသွားတဲ့အိုဒီဂတ်ရဲ့ ဂိုးဟာ အမှန်တကယ်အားထုတ်မှုထက် ကံကောင်းမှုတစ်ခုဖြစ်နိုင်တယ်လို့ ယူဆနေပါတယ်။ Premier League Production ရဲ့ ထုတ်လွှင့်မှုမှာ စခိုးလ်က “ အိုဒီဂတ်နဲ့ဆာကာချိတ်ဆက်ပြီးဂိုးသွင်းယူသွားတာက တကယ်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သွားတာလား ၊ တိုက်ဆိုင်သွားခဲ့တာလားဆိုတာကိုတော့ ကျွန်တော်သေချာမသိပါဘူး။ တကယ်ချိတ်ဆက်သွားကြတာဆိုရင်တော့ တော်ေတာ်လှတဲ့အဆုံးသတ်ပေါ့ဗျာ။ ကျွန်တော်မြင်ရတဲ့ အနေအထားအရဆိုရင်တော့  သူ (အိုဒီဂတ်)​က ကံတော့နဲနဲကောင်းခဲ့တယ်ဗျ။ သူ့ဖနောင့်နဲ့ခြေချော်သွားတာက ဆာကာဆီကိုရောက်သွားတာပါ “  လို့သုံးသပ်သွားခဲ့တာပါ။

လာကာဇက်ကို အလွတ်နဲ့ခေါ်ယူဖို့ကြိုးစားမယ့် ဂျူဗီ

Calciomercato သတင်းဌာနရဲ့ဖော်ပြချက်အရ  အာဆင်နယ်တိုက်စစ်မှုးလာကာဇက်ကို ဂျူဗင်တပ်စ်အသင်းဟာ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။  အာတီတာအနေနဲ့လဲ ရာသီကုန်မှာ ကစားသမားနဲ့ဆွေးနွေးပြီး အမ်းမရိတ်မှာဆက်ထားဖို့ ကြိုးစားဖွယ်ရှိတယ်လို့ သတင်းများကဖော်ပြနေကြပါတယ်။

ဗလာဟိုဗစ်အနေနဲ့ ဂျူဗင်မှာခြေစွမ်းပြဖို့ခက်နိုင်ကြောင်း အီတလီသတင်းထောက်သုံးသပ်

အီတလီအားကစားသတင်းထောက် ဘာဂီဂီယာက  ဗလာဟိုဗစ်အနေနဲ့ ပြီးခဲ့တဲ့နွေရာသီမှာ  အာဆင်နယ်အသင်းကိုရွေးချယ်ခဲ့သင့်တယ်လို့ ထောက်ပြပြောဆိုလာပါတယ်။ ၈ ပွဲကစားပြီးချိန်မှာ ၃ ဂိုးသွင်းထားနိုင်ပေမယ့် နောက်ပိုင်းပွဲစဥ်တွေမှာခြေစွမ်းအနဲငယ်ယိမ်းယိုင်နေတဲ့ ဗလာဟိုဗစ်ကို  ဘာဂီဂီယာက အခုလို မှတ်ချက်ပြုခဲ့ပါတယ်။   “  ကျွန်တော်သာဆိုရင်တော့  ပရီးမီးယားလိဂ်ကိုသွားဖြစ်မှာဗျ .. ဂျူဗင်တပ်စ်မှာသူပျော်ကောင်းပျော်နေပါလိမ့်မယ်။ ဒါပေမယ့် စပီဇီယာနဲ့ပွဲမှာ  တစ်သင်းလုံးအနောက်မှာရှိနေတုန်း ဗလာဟိုဗစ်က တစ်ယောက်ထဲသီးသန့်ဖြစ်နေခဲ့တာပါ။  ဂျူဗီသာ ကစားပုံပျက်နေခဲ့ရင် ဗလာဟိုဗစ်အတွက်ခြေစွမ်းပြဖို့ခက်ပါလိမ့်မယ်  “ ဆိုပြီးပြောဆိုခဲ့တာဖြစ်ပါတယ်။

ကဲဗက်လီဝင်ကို ခေါ်ယူရင် ဝေဖန်ခံရနိုင်ကြောင်း သတင်းထောက် ချားလ်ဝက်စ် ခန့်မှန်း

ထိပ်တန်းသတင်းထောက်ချားလ်ဝက်စ် က အာဆင်နယ်အနေနဲ့ တိုက်စစ်မှုးကဲဗက်လီဝင်ကို နှစ်သက်နေတယ်ဆိုပေမယ့် အမှန်တကယ် ခေါ်ယူပါက ရမ်းစ်ဒေးလ်ကို ခေါ်တုန်းကလိုမျိုး  ဝေဖန်မှုတွေနဲ့ကြုံတွေ့ရနိုင်ကြောင်း ပြောဆိုလာခဲ့ပါတယ်။ လီဝင်ဟာ ဒဏ်ရာရနေခဲ့တာကြောင့် ယခုရာသီမှာ ဂိုးသွင်းမှတ်တမ်းတွေကောင်းတွေမရရှိထားပဲ ၊ အရင်ရာသီတွေလောက်ထင်ပေါ်ခြင်းမရှိတာဖြစ်ပါတယ်။ သို့သော် ချားလ်ဝက်စ်ကပဲ  ကဲဗက်လီဝင်ဟာ ခြေစွမ်းခြေစကောင်းမွန်သူဖြစ်လို့ အာဆင်နယ်အသင်းနဲ့အတူ ခြေစွမ်းပြနိုင်မှာဖြစ်ကြောင်းမှတ်ချက်ပြုခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: