ခရစ္စတီယန်ဆန်အတွက် ဘာစီလိုနာမှာ ပုံမှန်နေရာတစ်ခု ရှိနိုင်ပါ့မလား

ချဲလ်ဆီးနောက်ခံလူ ခရစ္စတီယန်ဆန်ရဲ့ စာချုပ်သက်တမ်းဟာ ရာသီကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။အ‌စောပိုင်းမှာ ကစားသမားဖြစ်သူဟာ အသင်းနဲ့ စာချုပ်အသစ်ချုပ်ဆိုဖို့ နီးစပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း လက်ရှိမှာတော့ စပိန်ထိပ်သီး ဘာစီလိုနာနဲ့ ချိတ်ဆက်မှုတွေသာ နီးစပ်လာပြီဆိုတဲ့ သတင်းတွေဟာ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခဲ့ပါတယ်။ အချို့သတင်းတွေမှာတော့  သဘောတူညီမှုရရှိသွားပြီလို့လဲဖော်ပြနေကြပါတယ်။ 

အားကစားဂျာနယ်လစ်တစ်ဦးဖြစ်သူ ဖာဘရီဇီယို ရိုမန်နိုကတော့ ခရစ္စတန်ဆန်ဟာ ချဲလ်ဆီးအသင်းရဲ့ ကမ်းလှမ်းချက်ကို လေးစာစွာနဲ့ ငြင်းပယ်ပြီး ဘာစီလိုနာရဲ့ ကမ်းလှမ်းမှာကို လက်ခံသွားဖို့များနေတယ်လို့ တွစ်တာမှာ ရေးသားထားခဲ့ပါတယ်။ဘိုင်ယန်မြူးနစ်ကလည်း သူ့ကို ကမ်းလှမ်းခဲ့ပေမယ့် ဘာစီလိုနာရဲ့ကမ်းလှမ်းမှုက ပိုကောင်းခဲ့ပြီး ကစားသမားနဲ့ချဲလ်ဆီးအသင်းရဲ့ နောက်လာမယ့်ဆွေးနွေးမှုတွေကြောင့် ပြောင်းလဲသွားနိုင်ချေတော့ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။ 

အသက် ၂၅နှစ်ရှိပြီဖြစ်တဲ့ ကစားသမားဟာ လက်ရှိရာသီမှာ ချဲလ်ဆီးအသင်းအတွက်ပွဲပေါင်း ၂၅၀ ကျော် ပွဲထွက်ထားပြီး သူသာ အသင်းကနေ ထွက်သွားပြီဆိုရင် တူချယ်အတွက်တင်မက၊ပရိသတ်တွေအတွက်ပါ ထိုးနှက်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။ ချဲလ်ဆီးနဲ့  ၆ ရာသီတိုင်အောင်  (အငှား ၂ နှစ်နဲ့ပေါင်းရင်  ၈ ရာသီ) သံယောဇဥ်တည်ဆောက်ထားတဲ့ဒိန်းမတ်သားဟာ  ချဲလ်ဆီးရဲ့ သရုပ်သကန်တစ်ခုအဖြစ်လဲ မှတ်ယူလို့ရပါတယ်။  

တစ်ခုတွေးစရာရှိတာကတော့ ဘာစီလိုနာရဲ့ ခံစစ်မှာ ခရစ္စတီယန်ဆန်အတွက် ပုံမှန်ပွဲထွက်ခွင့်ရဖို့ အခွင့်အရေးရှိပါ့မလားဆိုတာပါပဲ။ ဘာစီလိုနာမှာ လူငယ်လူသစ်တွေများစွာက အပြိုင်အစွမ်းပြနေကြတာပါ။ နည်းပြဇာဗီကတော့ သူ့အသင်းကိုအကောင်းဆုံးပြန်လည်တည်ဆောက်နေချိန်မှာ အင်အားဖြည့်ဖို့ခေါ်ယူလိုက်တာပါပဲ။ ဒါပေမယ့်ပွဲထွက်ခွင့်ကတော့ ဒိန်းမတ်သားအဖို့ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ ခရစ္စတီယန်ဆန်နဲ့ ဘာစီလိုနာ‌ဗဟိုနောက်ခံလူတွေရဲ့ စွမ်းဆောင်ရည်အချက်အလက်တွေ နှိုင်းယှဉ်ထားတာကို ခုလိုပဲ တင်ပြလိုက်ရပါတယ်။ 

မိနစ် ၉၀ အတွင်း ဖျက်ထုတ်နိုင်စွမ်း

အရိုဂျိ – 1.6 (94.1%) 

အဲရစ် ဂါစီယာ   – 1.0 (66.6%) 

ပီကေး  – 0.7 (87.5%) 

ခရစ္စတီယန်ဆန်    – 0.6 (85.7%) 

မိနစ် ၉၀ အတွင်းအမြင့်ဘောရှင်းထုတ်နိုင်စွမ်း

ပီကေ  – 3.6 (65.5%) 

ခရစ္စတီယန်ဆန်     – 3.1 (52.5%) 

အရိုဂျို  – 2.5 (73.5%) 

အဲရစ် ဂါစီယာ  – 1.6 (64%) 

မိနစ် ၉၀ အတွင်း ကြားဖြတ်လုယူနိုင်စွမ်း

ခရစ္စတီယန်ဆန်   – 2.0 

ပီကေ  – 1.7 

အဲရစ် ဂါစီယ  – 1.6 

အရိုဂျိ   – 0.8 

မိနစ် ၉၀ အတွင်း ဖျက်ထုတ်မှုစွမ်းရည်

ခရစ္စတီယန်ဆန်   – 2.0 

အဲရစ် ဂါစီယာ  – 1.6 

ပီကေး    – 1.2 

အရိုဂျို   – 0.7 

မိနစ် ၉၀ အတွင်း​ရှင်းထုတ်နိုင်စွမ်း

ပီကေး  – 3.9 

ခရစ္စတီယန်ဆန်   – 3.2 

အရိုဂျို   – 2.6 

အဲရစ် ဂါစီယာ  – 2.1 

မိနစ် ၉၀ အတွင်း တိကျတဲ့ပေးပို့မှုတွေပြုလုပ်နိုင်စွမ်း

အဲရစ် ဂါစီယာ   – 78.9 (93.3%) 

ခရစ္စတီယန်ဆန်   – 73.5 (87.8%) 

ပီကေး    – 71.6 (89.7%) 

အရိုဂျို    – 69.5 (90.9%) 

ဂိုးများ

အရိုဂျို   – 2 

ပီကေး   – 1 

ခရစ္စတီယန်ဆန်     – 0 

အဲရစ် ဂါစီယာ  – 0

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: