၀က်ဖို့ဒ်နဲ့အာဆင်နယ် ပွဲစဉ်ကနေ ပြောစရာဖြစ်ခဲ့တဲ့ အချက်၄ချက်

တနင်္လာနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ၀က်ဖို့‌ဒ်နဲ့အာဆင်နယ်ပွဲစဉ်မှာတော့ အာဆင်နယ်က အိုဒီဂတ်၊ ဆာကာ၊ မာတင်နယ်လီတို့ရဲ့သွင်းဂိုးတွေနဲ့အတူ အနိုင်ရခဲ့ပါတယ်။ တိုက်စစ်က ခြေစွမ်းပြပြီး သွင်းဂိုး၃ဂိုးအထိသွင်းယူခဲ့သလို ခံစစ်ကလည်း နှစ်ဂိုး အထိပြန်ပေးခဲ့ရတာကြောင့် ပရိသတ်တွေဟာ ချေပဂိုးပြန်ပေးရမလားဆိုပြီး နောက်ဆုံးမိနစ်တွေအထိရင် တထိတ်ထိတ်နဲ့  စောင့်ကြည့်နေခဲ့ရပေမယ့် အဆုံးသတ်မှာတော့ အမြှောက်တပ်သားတွေက အောင်ပွဲခံနိုင်ခဲ့ပါတယ်။ 

ဒီပွဲစဉ်အတွက် ဆွေးနွေးစရာ၊ပြောစရာ အကြောင်းအရာတွေအများကြီး ရှိမှာပါ။ ဒီလို‌အကြောင်းအရာတွေထဲကနေ စိတ်၀င်စားစရာအကောင်းဆုံး ခေါင်းစဉ်ကတော့ လေးခုရှိပါတယ်။ 

() သူကတော့ သောမတ်စ်ပါတေးပါပဲ 

ဝူဗာဟန်တန်ကို အိမ်ကွင်းမှာ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ စပါယ်ရှယ်ခြေစွမ်းပြသနိုင်ခဲ့တဲ့ ပါတေးဟာ ၀က်ဖို့ဒ်နဲ့ပွဲစဉ်မှာလည်း သူ့ရဲ့ အကောင်းဆုံးခြေစွမ်းကို တစ်ပြားသားမှ မလျော့စေခဲ့ပါဘူး။အသင်းကို ကွင်းလယ်ကနေ တစ်ပွဲလုံးအကောင်းဆုံး မောင်းနှင်းခဲ့ပြီး ကွင်းလယ်ခံစစ်မှာကော ၊ဘောလုံးပေးပို့မှုတွေမှာပါ ပြောစရာ မရှိအောင် ဂါနာသားကြီးဟာ ကောင်းမွန်ခဲ့ပါတယ်။ 

ဒီနေ့ပွဲစဉ်မှာ ပါတေးဆီကနေ မြင်တွေ့ခဲ့ရတဲ့ခြေစွမ်းဟာ သူ့ကို အာဆင်နယ်က အက်သလက်တီကိုကနေ ဘာလို့ ဈေးကြီးပေးခေါ်ခဲ့တာလဲဆိုတာ သိသာထင်ရှားစေပါတယ်။ ၀က်ဖို့ဒ်နဲ့ပွဲစဉ်ဟာ သူ့ရဲ့အာဆင်နယ်ကစားသမားဘ၀ အကောင်ဆုံးခြေစွမ်းပြနိုင်တဲ့ ပွဲစဉ်တွေထဲက တစ်ပွဲလို့ဆိုနိုင်ပါတယ်။ 

() အိုဇေးလ်ရဲ့ သရဖူကိုဆက်ခံသူ 

အိုဇေးလ်ကို အရည်အသွေးမြင့် ကွင်းလယ်မှော်ဆရာ တစ်ဦးကို ဆုံးရှုံးလိုက်ရချိန်မှာ ပရိသတ်တွေအတွက်တော့ အတော်လေး နှမြောစရာကောင်းခဲ့ပါတယ်။သူ့ရဲ့အရိုက်အရာကို ဆက်ခံနိုင်မယ့် ကစားသမားကို အာဆင်နယ်အနေနဲ့ ပြန်ရဖို့ ခက်ခဲ‌‌လိုက်မယ်လို့ ကျွန်တော်တို့ ထင်ခဲ့ကြဖူး‌ ပေမယ့် အခုချိန်မှာတော့ နော်ဝေသား ကွင်းလယ်မှော်ဆရာလေးကို ကျွန်တော်တို့ ပြန်ရထားပါပြီ။ 

ဒီလိုပြောရတာက နည်းနည်းတော့ စောသေးတယ်လို့ ထင်ကောင်းထင်ရနိုင်‌‌ ပေမယ့် အိုဒီဂတ်ရဲ့ အသက်အရွယ်၊အားထုတ်မှုနဲ့ဆို အိုဇးလ်ထက်တောင် ပိုကောင်းတဲ့ကစားသမား ဖြစ်လာနိုင်ပါတယ်။ အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုးကို ဆာကာနဲ့ ချိတ်ဆက်ပြီး သွင်းယူသွားတာလေးက်ု ကြည့်ရတာဟာ ပရိသတ်တွေအတွက် စိတ်ကျေနပ်စရာ ကောင်းမှာပါ။ ပထမပိုင်းတစ်ပိုင်းလုံးမှာ အိုဒီဂတ်ဟာ ဆာကာရဲ့တွဲဖက်ပြီး ၀က်ဖို့ဒ် ဘယ်ခြမ်းခံစစ်ကို တစ်ချိန်လုံးအလုပ်များစေခဲ့ပါတယ်။ 

‌အိုဒီဂတ်ဟာ ဘောလုံးကို ဘယ်အချိန်မှာ ကိုင်ထားရမယ် ၊ဘယ်အချိန်မှာ ပေးပို့ရမလဲ၊စီဒရစ်နဲ့ ဆာကာတို့နှစ်ယောက်ကြားမှာ ဘယ်လိုနေရာယူမလဲ စတာတွေကို ကောင်းကောင်း သိကျွမ်းပြီး သူ့ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုက အိုဇေးလ်ကို အမှတ်ရစေပါတယ်။ ဒီလိုကစားသမားမျိုးကို ပေါင်၃၄သန်းတည်းနဲ့ ရီးရဲလ်မက်ဒရစ်ဆီက ရလိုက်တာဟာ သိပ်တန်လွန်းတယ်လို့ ဆိုရမှာပါ။ 

() ပြိုင်ဘက်တွေရဲ့ ခြေချော်မှုတွေကို အခွင့်အရေးရယူနိုင်ခဲ့ပြန်တဲ့ အာဆင်နယ် 

ချန်ပီယံလိဂ်၀င်ခွင့်တစ်နေရာကို ရယူနိုင်ဖို့အတွက် ပြိုင်ဘက်တွေရဲ့ ခြေချော်မှုကို အခွင့်ကောင့်ယူနိုင်မှရမှာပါ။အာဆင်နယ်ရဲ့ အနီးကပ်ဆုံးပြိုင်ဘက်တွေ ဖြစ်တဲ့ ၀က်စ်ဟမ်း၊မန်ယူနဲ့စပါး အသင်းတို့ ခြေချော်နေချိန်မှာ အာဆင်နယ်ဟာ ပွဲကျန်သုံးပွဲဆိုတဲ့ အခွင့်အရေးအပြင် အဆင့်လေးနေရာကိုပါ ဆက်လက်တက်လှမ်းနိုင်ခဲ့ပါတယ်။ 

၀က်စ်ဟမ်းက မန်ယူကို ရှုံးနိမ့်၊မန်ယူက မန်စီးတီးကို ရှုံးနိမ့်ချိန်မှာ အာဆင်နယ်ကတော့ ၀က်ဖို့ဒ်ကို အဝေးကွင်းမှာ အနိုင်ယူခဲ့တာဟာ သိပ်ကိုချိုမြိန်လှတဲ့ အောင်ပွဲပဲဖြစ်ပါတယ်။ လာမယ့် သီတင်းပတ်မှာ မန်ယူနဲ့စပါးတို့ ထိပ်တိုက်တွေ့ဆုံနေပြန်တာမို့ အာဆင်နယ်အနေနဲ့ အမ်းမရိတ်မှာ လက်စတာကို အနိုင်ဆက်ယူနိုင်မလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရပါမယ်။ 

() ဘူကာယို ဆာကာ 

ဆာကာဟာ တစ်ရာသီထက်တစ်ရာသီ၊တစ်နှစ်ထက်တစ်နှစ် ပိုကောင်းလာတယ်ဆိုတာ ကျွန်တော်တို့ တွေ့မြင်ခဲ့ရပြီးပါပြီ။၀က်ဖို့ဒ်နဲ့ ပွဲစဉ်မှာ စီဒရစ်၊အိုဒီဂတ်တို့နဲ့ တွဲဖက်ပြီး ၀က်ဖို့ဒ်ရဲ့ နောက်တန်းအတွက်ထိန်းချုပ်ရအခက်ဆုံး ဖြစ်ခဲ့တဲ့ ကစားသမားက ဆာကာပဲ ဖြစ်ပြီး ကိုယ်တိုင်တစ်ဂိုးသွင်း၊တစ်ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ 

ဆာကာဟာ လက်ရှိရာသီမှာ အထူး‌ ခြေစွမ်းပြနေရင်း ဥရောပရဲ့ တန်ကြေးအမြင့်ဆုံး လူငယ်ကစားသမားတွေထဲက တစ်ဦးအဖြစ်ဘာလို့ ရပ်တည်နေလဲဆိုတာကို ဆက်လက်သက်သေပြနေပါတယ်။ပြိုင်ဘက်ခံစစ်ကစားသမားတွေအတွက် အန္တရာယ်အရှိဆုံး ၊ထိန်းချုပ်ရအခက်ဆုံး အာဆင်နယ်ကစားသမားကို ညွှန်‌ပြပါဆိုရင် ဘူကာယို ဆာကာကလွဲ အခြားသူမရှိနိုင်ပါဘူး။ ၀က်ဖို့ဒ်နဲ့ ပွဲစဉ်က သူသွင်းယူခဲ့တဲ့ သွင်းဂိုးကလည်း လှပတဲ့ သွင်းဂိုးတစ်ဂိုးဖြစ်ခဲ့ပါတယ်။ 

၀က်ဖို့ဒ်နဲ့ ပွဲစဉ်မှာ အတောက်ပဆုံးဖြစ်ခဲ့တဲ့ ကစားသမားလေးအဖြစ် ဆာကာကိုပဲ ညွှန်ပြ ရမှာ ဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: