အသင်းအတွက်အရေးပါလာတယ်လို့ ခံစားရပါတယ် – အိုဒီဂတ်

အိုဒီဂတ်ဟာ ရီးရဲမက်ဒရစ်ကနေပြောင်းလာပြီးနောက်ပိုင်း  ကြုံတွေ့ခဲ့ရတဲ့ အပြောင်းအလဲတွေကို  TV2  နဲ့ပြုလုပ်တဲ့အင်တာဗျူးကနေတဆင့်ဖွင့်ဟလာခဲ့ပါတယ်။ စကားကိုအမြဲတန်းတည်ငြိမ်စွာ ပြောတတ်တဲ့ အိုဒီဂတ်က အသင်း ၂ သင်းကြားထဲက အခြေအနေတွေကို နှိုင်းယှဥ်မှု မပြုလုပ်ခဲ့ပါဘူး။ ဒါပေမယ့်  အာဆင်နယ်အသင်းမှာ သူအခြေကျလာတယ်လို့ ခံစားရကြောင်း ၊ တဖြေးဖြေးခြင်းတိုးတက်နေကြောင်းကိုတော့ ပြောပြလာပါတယ်။

အသက်အရွယ်တန်းအလိုက်ဘောလုံးပွဲတွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အစွမ်းပြခဲ့ပြီးတဲ့နောက် အိုဒီဂတ်  ဟာ ရီးရဲမက်ဒရစ်နဲ့အတူ ဘောလုံးသမားဘဝကို စတင်တည်ဆောက်ဖို့ကြိုးစားခဲ့သူဖြစ်ပါတယ်။  ဒါပေမယ့် High Profile တွေများလွန်းလှတဲ့ မက်ဒရစ်မှာ သူ့အတွက်နေရာတစ်ခုတော့ရှိမနေခဲ့ပါဘူး။ အငှားတွေထွက်ကစားရင်းပဲ ဘာနေဗျူးနဲ့သူက နီးနီးလေးနဲ့ဝေးနေခဲ့ပါတယ်။ 

ရီးရဲမက်ဒရစ်ကစားသမားဖြစ်ပေမယ့် ဆိုစိဒက်နဲ့ အာဆင်နယ်တို့မှာကစားရင်းထင်ပေါ်ခဲ့တဲ့ အိုဒီဂတ်ကို အာဆင်နယ်က အရခေါ်ယူခဲ့ပါတယ်။  အခုတော့ ဒီရာသီမှာ အာဆင်နယ်အတွက် ၂၇ ပွဲကစားပြီး   ၅ ဂိုးသွင်း   ၄ ဂိုးဖန်တီးကာ အသင်းနဲ့အသားတကျရှိနေခဲ့ပါပြီ။

ဖြေးဖြေးမှန်မှန် ခြေစွမ်းပြခဲ့တဲ့ နော်ဝေသားဟာ အသင်းမှာ  တစတစနဲ့  အရေးပါလာပြီးနောက် ဝက်ဖို့ဒ်နဲ့ပွဲမှာတော့ အာဆင်နယ်ရဲ့ အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာကို ပိုပြီးခိုင်ခိုင်မာမာပြသထားနိုင်ခဲ့ပါပြီ။ သူက ရာသီအစတုန်းက အခြေအနေနဲ့လက်ရှိအနေအထားကို အခုလိုပဲပြောပြပါတယ်။

“ ကျွန်တော်ပုံစံကောင်းတွေရနေပြီလို့ ခံစားရပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး နှိုင်းယှဥ်ရတာတော့ခက်ခဲပေမယ့်  လေ့ကျင့်ရေးတွေလုပ်နေရင်း ပိုကောင်းလာတယ်လို့ကို ခံစားနေရပါတယ်။  အသင်းအတွက် အရေးပါတဲ့သူတစ်ယောက် ပြန်ဖြစ်လာနေပြီလို့ လည်းခံစားရပါတယ်။  ကျွန်တော် အကောင်းဆုံးကစားနိုင်တဲ့နေရာကို ရှာဖွေနိုင်ခဲ့ပြီး အသင်းသားတွေအတွက်လည်း လိုအပ်သလို ချိတ်ဆက်ကစားနိုင်စွမ်းရှိလာပြီလို့ ထင်ပါတယ် “ ဆိုပြီးပြောဆိုခဲ့ပါတယ်။   “  အချိန်တိုင်းတိုးတက်နေတယ်ဗျာ “ လို့သူက ရည်ညွန်းသွားခဲ့ပါတယ်။

သူ့ကို  ရီးရဲနဲ့ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင်ဟောင်း အိုဇေးလ်နဲ့နှိုင်းယှဥ်တဲ့အပေါ်မှာတော့   ကျွန်တော်က ကိုယ့်ကိုယ်ကို အခြားသောကစားသမားတွေနဲ့နှိုင်းယှဥ်လေ့မရှိပါဘူး။  ဒါပေမယ့် အခုလိုခိုင်းနှိုင်းခံရတာကို ကျေနပ်ဂုဏ်ယူမိပါတယ်။ သူက ကျွန်တော်အရမ်းနှစ်သက်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ငယ်ဘဝ ဖေးဘရိတ်တွေထဲမှာ အိုဇေးလ်က တစ်ယောက် အပါအဝင်ပေါ့ဗျာ “  ဆိုပြီးပြောသွားခဲ့တာပါ။

ဒီရာသီမှာ အိုဒီဂတ်ရဲ့တိုးတက်မှုတွေ ၊ စွမ်းဆောင်နိုင်မှုတွေကလည်း အာဆင်နယ်အသင်းရဲ့ စနစ်ထဲမှာ အံဝင်ခွင်ကျရှိနေခဲ့ပါတယ်။ အသက် ၂၃ နှစ်သား ကွင်းလယ်ဖန်တီးရှင် ဟာ  ဘူကာယိုဆာကာ ၊  စမစ်ရိုး ၊ မာတင်နယ်လီတို့နဲ့အတူ  အာတီတာရဲ့  မျိုးဆက်သစ်ခေတ်ပြောင်းတော်လှန်ရေးမှာ တစ်စိတ်တစ်ပိုင်းပါဝင်နေတာဖြစ်ပြီး ၊ ရီးရဲအသင်းမှာရုန်းကန်ခဲ့ရတဲ့အတိတ်ကိုမေ့ထားခဲ့နိုင်ပြီလို့ ဆိုရပါလိမ့်မယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: