နာမည်ပြောင်းသွားတဲ့ ညာနောက်ခံနေရာအတွက် ရေပန်းစားမှုများ

အာဆင်နယ်အသင်းရဲ့ညာအစွန်နောက်ခံနေရာမှာ တိုမီယာစုက စိတ်ချရလောက်တဲ့ခြေစွမ်းကိုပြသနေချိန်မှာ ကတည်းက  အာတီတာဟာ ဒီနေရာအတွက် ကစားသမားသစ်ဖြည့်တင်းမယ်ဆိုတဲ့အကြောင်း သတင်းတွေထွက်နေခဲ့တာပါ။ ထိုစဥ်တုန်းကတော့ Top Urgency အဖြစ်ဘယ်သူမှမမြင်မိကြပါဘူး။ အသင်းပရိတ်သတ်တိုင်းက ပြီးခဲ့တဲ့လတွေမှာ တိုက်စစ်ကိုပဲ အာရုံရောက်နေခဲ့ကြတာပါ။

ဒါပေမယ့် ထင်မှတ်မထားပဲ ပွဲတိုင်းကြံ့ကြံ့ခိုင်ခိုင်ကစားနေတဲ့ ဂျပန်ကြီးက ကွင်းပြင်ရောက်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းကဆိုရင်  ဘန်ဝှိုက်ကပဲ ညာစွန်ထွက်ရမလို ၊ တာဗာရက်စ်ကပဲ ဒီဖက်တောင်ပံခနပြောင်းလာရတော့မလိုဖြစ်ခဲ့ကြပါတယ်။  ကံအားလျော်စွာ ဆဲဒရစ်က တစ်မျိုးတစ်ဖုံခြေစွမ်းပြကာ တိုမီရဲ့ ကွက်လပ်ကို ဖြည့်သွားခဲ့ပါတယ်။ သို့သော် ဒါကအဖြေမဟုတ်ပါဘူး။ ဆဲဒရစ်မှာလည်း ဒဏ်ရာမှတ်တမ်းတွေရှိသလိုပဲ ၊ သူကိုယ်တိုင်ကလဲ  အမြဲတန်းပထမကစားသမားမဖြစ်နိုင်တာကို နားလည်ပြီးတဲ့နောက် ရာသီကုန်မှာ အသင်းပြောင်းဖို့ရှိပါတယ်။ ဒါကြောင့် အာဆင်နယ်တို့ နောက်ထပ် ညာနောက်ခံလူမဖြစ်မနေခေါ်ယူရပါလိမ့်မယ်။

ထုံစံအတိုင်းပဲသတင်းတွေအများကြီးထွက်ပါတယ်။ ဒီအထဲကမှ ဘရိုက်တန်ရဲ့ လမ့်တေးဟာ နာမည်အကျော်ဆုံးဖြစ်ခဲ့တယ်။ ရက်ပေါင်း ၄၀ – ၅၀ အတွင်းမှာတော့ အာဆင်နယ် အသင်းနဲ့နာမည်ထွက်တဲ့ကစားသမားစာရင်းကပြောင်းသွားခဲ့ပါတယ်။ အခုဒီဆောင်းပါးကိုရေးသားချိန်မှာတော့  ကစားသမား ၂ ဦးသာ အဓိက ကျန်ရှိပါတော့တယ်။ ဒီနေရာမှာစိတ်စားစရာကောင်းတဲ့ အချက်တွေပါဝင်လာပါတယ်။ 

ဂျက်ဒ်စပန့်အကြောင်းအရင်ပြောရအောင်။

နော်တင်ဟမ်ဖောရ​က်စ်ကို အာဆင်နယ်အသင်းရှုံးပြီး FA ဖလားပွဲကထွက်ခဲ့ရပါတယ်။ အဲ့ဒီပွဲအပြီးမှာ  မာတင်နယ်လီကို လှုပ်မရ​အောင်ထိမ်းသွားတဲ့ မစ်ဒယ်ဘရော့ကနေ အငှားလာကစားနေတဲ့ တောင်ပံခံစစ်သမားလေးကနေ့ချင်းညချင်းပဲ အာဆင်နယ်ပစ်မှတ်ဖြစ်သွားခဲ့ပါတယ်။ Pundit  တွေကလည်း ကစားသမားကို  ချီးကျူးကြတယ်။​ အသင်းကြီးတွေက ဆက်တိုက်စိတ်ဝင်စားလာကြတယ်။ အခုဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးတို့လဲ အဆိုပါအသင်းတွေထဲမှာ ပါဝင်လာကြပြီ။  ဘိုင်ယန်ဆိုရင် Scouting ပါလွှတ်ပြီးစောင့်ကြည့်ခဲ့တယ်ဆိုပါတယ်။ သူ့ရဲ့ ကစားသမားဘဝတိုးတက်မှုက တော်တော်ြမန်ပါတယ်။  မာတင်နယ်လီကလည်း ဂျက်ဒ်စပန့်စ်ကို ချီးကျူးခဲ့ပါတယ်။ သူ့ရဲ့နာမည်ကြီးလာမှုနဲ့အတူ အာဆင်နယ်နဲ့ယှဥ်တွဲရေးသားကြပြီး ခန့်မှန်းစျေးနှုန်းကလည်း သန်း ၂၀ အထက်မှာရှိနေခဲ့ပါတယ်။

ဒါပေမယ့် ရက်ပိုင်းအတွင်းမှာပဲ နောက်ထပ်ကစားသမားလေးတစ်ယောက်က အာဆင်နယ် ညာနောက်ခံနေရာအတွက်  ရေပန်းစားပြန်ပါတယ်။

သူကတော့ အကယ်ဒမီကစားသမားလေး နော်တွန်ကတ်ဖီ ဖြစ်ပါတယ်။

လင်ကွန်းစီးတီးမှာအငှားနဲ့သွားကစားနေရတဲ့ အသက် ၁၈ နှစ်အရွယ်ကစားသမားလေးဟာ စီနီယာအဆင့်ကို အခုမှ ကစားဖူးတာပါ။ ဒါပေမယ့် ၁၀ ပွဲမပြည့်ခင်မှာပဲခြေစွမ်းတွေပြပြီး ဂိုးပါစရနေပါပြီ။ အဲ့ဒီနောက်မှာ  ဆဲဒရစ်ရဲ့ အရံနေရာကို သူနဲ့အစားထိုးဖို့ရေးသားမှုတွေရှိလာခဲ့ပါတယ်။  ဒါ့ထက်ပိုတဲ့အခြေအနေကတော့ လင်ကွန်းစီးတီးအသင်းက   သူတို့အသင်းရဲ့ Twitter ကနေ ကတ်ဖီကို  ဘရာဇီးဂန္တဝင် ကာဖူးနဲ့ ခိုင်းနှိုင်းလိုက်တာပဲဖြစ်ပါတယ်။

ဒီအချိန်မှာတော့အားလုံးက လင်မ့်တေးရဲ့နာမည်ကိုမေ့စပြုပြီဖြစ်ပါတယ်။ နောက်ထပ် တွေ့ရှိရတဲ့တစ်ချက်ကတော့  ကတ်ဖီနာမည်ထွက်လာတဲ့ရက်ပိုင်းမှာပဲ ဂျက်ဒ်စပန့်အကြောင်းရေးသားကြရာမှာ စျေးနှုန်းကိုပါ တစ်ပါထဲဖော်ပြစပြုလာပါတယ်။ ကစားသမားအတွက် စျေးကတော့ ပေါင် ၁၂ သန်းဖြစ်ပါတယ်။ ဒါဟာ မူလအခြေအနေနဲ့စာရင် ကျဆင်းသွားတဲ့ ပမာဏဖြစ်ပါတယ်။

အာဆင်နယ်တို့ဟာသေချာပေါက်ဖြည့်တင်းရမယ့်နေရာကို  ကစားသမားသစ်ခေါ်မှာလား ၊  အသင်းကလူငယ်ကိုပဲနေရာပေးမှာလားဆိုတာကို အီဒူးတို့ရွေးချယ်ရပါတော့မယ်။ ဒီရက်ပိုင်းသတင်းများအရတော့ မစ်ဒယ်ဘရော့ရဲ့ အီဆီယာဂျုံးစ်ကိုလည်း စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေရှိနေပါတယ်။ ဒါပေမယ့် ဂျုံးစ်နဲ့ပတ်သတ်တဲ့သတင်းတွေမှာတော့  အာဆင်နယ်တသင်းထဲမဟုတ်ပဲ  ချဲလ်ဆီးနဲ့ စပါးတို့လို အသင်းကြီးတွေလဲပါနေပါတယ်။

ဆဲဒရစ်ဟာ အသင်းအတွက်အသဲအသန်ဖြစ်နေချိန်မှာ အကောင်းဆုံးစွမ်းဆောင်ပေးထားပါတယ်။ ခြေစွမ်းအရရော စိတ်ဓါတ်အရပါ နှစ်လိုဖွယ်ကောင်းတဲ့သူတစ်ယောက်အဖြစ် ပရိတ်သတ်တွေရဲ့မေတ္တာကိုရရှိနေပါတယ်။ ဒါပေမယ့် သူကအသင်းအတွက်အဖြေမဟုတ်တာကို အားလုံးနားလည်ကြမှာပါ။ သူကိုယ်တိုင်လဲ သိထားပါတယ်။ ဆဲဒရစ်ဟာ ရာသီကုန်မှာအသင်းပြောင်းဖို့ ကိုယ်စားလှယ်ကတဆင့်ရှာဖွေနေပါတယ်။

အနှစ်ချုပ်ရရင်တော့  ညာစွန်နောက်ခံလူနေရာအတွက် ရေပန်းစားတဲ့ကစားသမားတွေကပြောင်းသွားပါပြီ။ နာမည်ဟောင်းတွေနေရာမှာ နာမည်သစ်တွေဝင်လာခဲ့ပါပြီ။  အပြင်က ကစားသမားကိုခေါ်ယူမလား ၊ ကိုယ်ပိုင်ကစားသမားနဲ့ခရီးဆက်မလား ၊ ဒါမှမဟုတ် နှစ်ယောက်စလုံးကို ခေါ်ယူပြီးအသင်းရဲ့အင်အားကိုဖြည့်မလားဆိုတာတော့ လာမယ့်ရာသီမှာအဖြေပေါ်ပါလိမ့်မယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: