M.S.News- နောက်ဆုံးရ ဘောလုံးသတင်းများ (8Mar)

ယူနိုက်တက်ကထွက်ခွာဖို့ ရက်ရှ်ဖို့ဒ်စဥ်းစားနေပြီလို့   ဖေဘရီဇီယို ရိုမာနို ထုတ်ပြောလာ

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှုးရက်ရှ်ဖို့ဟာ  ရာသီကုန်မှအသင်းကနေထွက်ခွာဖို့အတွက် စဥ်းစားနေပြီဖြစ်ကြောင်း နာမည်ကျော်သတင်းထောက်ဖေဘရီဇီယိုရိုမာနိုက ပြောကြားလာပါတယ်။ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ယူနိုက်တက်အကယ်ဒမီထွက်ကစားသမားဟာ ပွဲထွက်ခွင့်နည်းပါးတာကြောင့် သူ့ရဲ့ အနာဂတ်ကိုပြန်လည်သုံးသပ်နေတာဖြစ်ကြောင်းသိရပါတယ်။ ရက်ရှ်ဖို့ဟာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၂၉၅ ပွဲကစားပေးထားပြီး ၉၃ ဂိုးထိသွင်းယူပေးထားနိုင်သူဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်သာရခဲ့ပါက သားရွှေအိုးထမ်းကိန်းရှိတဲ့ ဂန်းနားများ

ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပါက အာဆင်နယ်ကစားသမားများဟာ တစ်ဦးချင်းစီကို ပေါင် ၅၀၀၀၀၀ ခန့်အပိုဆုကြေးရရှိမှာဖြစ်တယ်လို့  Mirror ကရေးသားလာပါတယ်။ ဒါ့အပြင် ကစားသမားများရဲ့ မူလစာချုပ်မှာကတည်းက ဥရောပဝင်ခွင့်နဲ့သူတို့ရဲ့ခံစားခွင့်တွေချိတ်ဆက်နေတာဖြစ်လို့ လစာပါတိုးမြင့်ရရှိသွားမှာဖြစ်ကြောင်းသိရပါတယ်။

အဆင့် ၄ ရရင် ဖလားရသလိုအောင်မြင်မှုဖြစ်ကြောင်းကွန်တီပြော

စပါးနည်းပြကွန်တီက  ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခြင်းဟာ သူတို့အသင်းအတွက် ဒီရာသီမှာ ဆုဖလားရရှိသလို အောင်မြင်မှုဖြစ်ကြောင်းပြောဆိုလာပါတယ်။  “  ကျွန်တော်တို့အားလုံးအစွမ်းကုန်ကြိုးစားနေပါတယ်။  လက်ကျန် ၁၂ ပွဲသာကစားဖို့ကျန်တော့တာဖြစ်ပြီး ဆုဖလားအတွက်လည်းမျှော်လင့်စရာမရှိတော့ပါဘူး၊ ဒါကြောင့် ကျွန်တော်အပါအဝင်အားလုံးဟာ  အမြင့်ဆုံးရလဒ်အတွက် တာဝန်သိသိနဲ့ကြိုးစားနေကြပါတယ် “  လို့ ပြောဆိုသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ PSG အသင်းပွဲစဥ်အတွက် ပွဲထွက်နိုင်သောကစားသမားအခြေအနေများ

အစောပိုင်းသတင်းများအရ PSG အသင်းတိုက်စစ်ကစားသမား အမ်ဘတ်ပီဟာ လေ့ကျင့်ခန်းဆင်းနေစဥ် ဒဏ်ရာရခဲ့ပြီး ရီးရဲလ်အသင်းနဲ့ ပွဲစဥ်ကိုလွဲချော် နိုင်တယ်ဆိုပြီးသတင်းထွက်ခံ့ပါတယ်။ ဒါပေမယ့် အသင်းကထုတ်ပြန်တဲ့ အပြီးသတ် လူစာရင်းမှာတော့ပါဝင်လာခဲ့ပါတယ်။

ရီးရဲလ်အသင်းကပ်ပတိန်ဟောင်း လက်ရှိPSG ကစားသမား နောက်ခံလူရာမို့စ်ဟာ ဒဏ်ရာကြောင့် လွဲချောပါမယ်။ နောက်ထပ်ဒဏ်ရာရကစားသမားနေရာမှာ ကွင်းလယ်ကစားသမား အန်ဒါဟာရဲရားရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဖက်ကတော့ တိုနီခရုစ်ဟာလေ့ ကျင့်ရေးအစီစဥ်မှာရရှိခဲ့တဲ့ဒဏ်ရာကြောင်း ပါဝင်ဖို့ မသေ ချာသေးပါဘူး။ နောက်ခံလူမန်ဒီနဲ ကွင်းလယ်ခံစစ် ကစားသမား ကစ်စမဲရိုးတို့ကတော့ ပွဲပယ်အနီ ကဒ်ကြောင့် ယခုပွဲကို လွဲချော်မှာဖြစ်ပါတယ်။

ဟာလန်းအတွက် ဆွေးနွေးခဲ့ကြောင့်  ဘိုင်ယန်ဖက်ကထုတ်ဖော်ပြောကြားလာ

ဘိုင်ယန်အသင်း၏အမူဆောင်အရာရှိချုပ်အိုလီဗာ ခန်းဟာ  ဒေါ့မွန်တိုက်စစ်မှုး ဟာလန်းကိုခေါ်ယူရန်အတွက် အေးဂျင့်ရွိုင်အိုလာနဲ့တွေ့ဆုံခဲ့ကြောင်းအတည်ပြုပြောကြားခဲ့ပါတယ်။ ဒါပေမယ့်အသေးစိတ်ကိုတော့ပြန်လည်မျှဝေထားခြင်းမရှိပါဘူး။ အေဂျင့်ရွိုင်အိုလာကတော့ သူ့အနေနဲ့ ကျန်းမာ ရေးပြန်လည်ကောင်းမွန်လာပြီး အလုပ်များကိုပုံမှန် အတိုင်းလုပ်ကိုင်နေပြီဖြစ်ကြောင်း၊ ယခုတွေ့ဆုံမှုမှာ ပုံမှန်အလုပ် ကိစ္စတခုအနေနဲ့သွားရောက်တွေ့ဆုံခဲ့တာဖြစ်ကြောင်းထပ်လောင်းပြောကြားထားပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: