Gunners’ Side – နောက်ဆုံးရအာဆင်နယ် သတင်းများ (8Mar)

ဆာဂျီရော်ဘတ်တိုက သူ့ကိုကမ်းလှမ်းလာမယ့်အသင်းကိုစောင့်မျှော်နေ

အာဆင်နယ်အသင်းက ချိတ်ဆက်နေတယ်လို့သတင်းထွက်နေတဲ့ ဘာစီလိုနာကွင်းလယ်လူ ဆာဂျီရော်ဘတ်တိုဟာ သူ့ကိုခေါ်ယူနိုင်မယ့် ကလပ်အသင်းတွေကို စောင့်မျှော်နေတယ်လို့ သိရပါတယ်။ အဆိုပါအသက် ၃၀ အရွယ်ကွင်းလယ်လူဟာ  ကာတာလန်ကလပ်အတွက်ပွဲပေါင်း ၃၀၀ တိုင်အောင်ကစားပေးခဲ့သူလည်းဖြစ်ပါတယ်။ ကစားသမားဟာ ဒဏ်ရာအနာတရတွေကြောင့်  ဒီရာသီမှာ ၁၂ ကြိမ်သာပွဲထွက်နိုင်ခဲ့တာဖြစ်ပြီး ၊ လာမယ့်ဇွန်လမှာစာချုပ်သက်တမ်း ကုန်ဆုံးတော့မှာလည်းဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်သာရခဲ့ပါက ဘောနပ်စ်တင်မက  လစာပါတိုးမယ့် အာဆင်နယ်ကစားသမားများ

အာဆင်နယ်အသင်းသာ  ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပါက ကစားသမားများဟာ တစ်ဦးချင်းစီကို ပေါင် ၅၀၀၀၀၀ ခန့်အပိုဆုကြေးရရှိမှာဖြစ်တဲ့အပြင် လစာနှုန်းထားများပါတိုးတက်သွားမှာဖြစ်တယ်လို့ Daily Mail ကို ကိုးကားပြီး  Mirror ကရေးသားလာပါတယ်။  ကစားသမားများရဲ့ မူလစာချုပ်မှာကတည်းက ဥရောပဝင်ခွင့်နဲ့သူတို့ရဲ့ခံစားခွင့်တွေချိတ်ဆက်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

ပါကေတာ  ကိုအာဆင်နယ်ခေါ်ယူလိုနေကြောင်း အီတလီသတင်းစာဖော်ပြ

အာဆင်နယ်အသင်းက  လိုင်ယွန်ကွင်းလယ်တိုက်စစ်ကစားသမား လူးကပ်စ်ပါကေတာ ကို ခေါ်ယူလိုနေတယ်လို့ Caliomercato ကဖော်ပြလာပါတယ်။ အဆိုပါ အသက် ၂၄ နှစ်အရွယ် ဘရာဇီးကစားသမားဟာ လိုင်ယွန်ရဲ့ အဓိက ကစားသမားဖြစ်ပြီး  ဒီရာသီမှာ ၈ ဂိုးသွင်းပြီး  ၅ ကြိမ်ဖန်တီးပေးထားသူလည်းဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ဖက် နယူးကာဆယ်ကလည်း ပါကေးတားကို စောင့်ကြည့်နေတာဖြစ်လို့ အာဆင်နယ်တို့အနေနဲ့ ယှဥ်ပြိုင်ကြိုးစားသွားရဖွယ်ရှိနေပါတယ်။

ပါတီနို လေ့ကျင့်ခန်းပြန်ဆင်းနေပြီ

အာဆင်နယ်လူငယ်လေး ချာလီပါတီနိုဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးတဲ့နောက်မှာ လေ့ကျင့်ရေးပြန်ဆင်းနေပြဖြစ်တယ်လို့သိရပါတယ်။ အဆိုပါကစားသမားလေးဟာ အသင်းကြီးနဲ့ပွဲဦးထွက်မှာပဲဂိုးသွင်းပြီးတဲ့နောက် ဒဏ်ရာရရှိသွားခဲ့တာကြောင့် အာဆင်နယ်အသင်းကစားသမားအင်အားနဲပါးနေချိန်မှာ ပါဝင်ကူညီနိုင်ခြင်းမရှိခဲ့တာလဲဖြစ်ပါတယ်။ လတ်တလောမှာတော့ EPL 2 ပွဲစဥ်တွေမှာ ပါတီနိုဝင်ကစားနိုင်မလားဆိုတဲ့အချက်ကိုစောင့်ကြည့်ရဖွယ်ရှိတယ်လို့ ရေးသားနေကြပါတယ်။

အဆင့် ၄ ဝင်တာနဲ့ အာဆင်နယ်ပြန်လာပြီလို့ မသုံးနှုန်းသင့်ကြောင်း talkSPORT တင်ဆက်သူပြောကြား

talkSPORT  ရဲ့ တင်ဆက်သူ အေဒရီယန်ဒါဟမ်းကတော့  အဆင့် ၄ ဝင်ရုံနဲ့ အာဆင်နယ်ပြန်လာပြီဆိုတဲ့အသုံးအနှုံးကိုမသုံးသင့်ကြောင်းပြောဆိုသွားခဲ့ပါတယ်။  ဒါဟမ်းက  “  ပရိတ်သတ်တွေက “ သူတို့ပြန်လာပြီဆိုတဲ့ အသုံးအနှုံးကိုသုံးနေကြတာကို ကျွန်တော် ဒေါသထွက်မိတယ်ဗျ  “  လို ပြောဆိုသွားခဲ့တာဖြစ်ပြီး  အသင်းအနေနဲ့  ချန်ပီယံလိဂ်ဆိုတာဝင်းဂါးလက်ထက်တုန်းက ပုံမှန်အဆင့်သာဖြစ်ကြောင်း ၊ ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့်အဆင့်ထိပြန်လည်တက်လှမ်းရမှာဖြစ်ကြောင်းပြောဆိုသွားခဲ့တာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: