ဆာကာရဲ့ ကစားသမားဘ၀ကို အချိုးအကွေ့ဖြစ်စေခဲ့တဲ့ အဖြစ်အပျက်အား ပြောပြလာတဲ့ အာတီတာ

အာဆင်နယ်က ၀က်ဖို့ဒ်ကို ၂-၃ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာတော့ အသင်းရဲ့တောင်ပံတိုက်စစ်ကစားသမား ဘူကာယို ဆာကာဟာ အတောက်ပဆုံးကြယ်ပွင့်ကစားသမား ဖြစ်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ အာတီတာက ဆာကာရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့  ချီးကျူးသွားခဲ့ပြီး ၂၀၂၀ယူရိုပြိုင်ပွဲမှာ ပင်နယ်တီလွဲချော်ခဲ့တာဟာ သူ့ရဲ့ကစားသမားဘ၀အတွက် ကြီးမားကောင်းမွန်တဲ့ တိုးတက်မှုတစ်ခုဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ 

၂၀၂၀ ယူရိုပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်မှာတော့ အီတလီနဲ့ အင်္ဂလန်တို့ တွေ့ဆုံခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်နဲ့ အင်္ဂလန်က ရှုံးနိမ့်ခဲ့ပါတယ်။ ဆာကာက အဆုံးအဖြတ်ပင်နယ်တီကို ကန်သွင်းခွင့်ရခဲ့ပြီး လွဲချော်ခဲ့တာကြောင့် ဝေဖန်ပြစ်တင်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဆာကာနဲ့အတူ  ပင်နယ်တီလွဲချော်ခဲ့တဲ့ အခြားသောကစားသမားတွေဖြစ်တဲ့ ဆန်ချို၊ရက်ရှ်ဖို့ဒ်တို့ဟာလည်း အပြစ်တင်ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ 

ဆာကာရဲ့ အတွေ့အကြုံနဲ့ပတ်သက်ပြီး အာတီတာက ခုလိုသုံးသပ်ပြခဲ့ပါတယ်။ 

ဘူကာယိုဆာကာဟာ အခြားသော ကစားသမားအများဆုံး မရှိနိုင်တဲ့ အတွေ့အကြုံတစ်ခုကို ပြီးခဲ့တဲ့ နွေရာသီမှာ ရခဲ့ပါတယ်။ ဒီအတွေ့အကြုံက သူ့ရဲ့ကစားသမားဘ၀အတွက် ကောင်းမွန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ဘာလို့လဲဆိုတော့ ဒီအဖြစ်အပျက်ကနေ ဘောလုံးလောက သူ့ကို ဘယ်လောက်သဘောကျတယ်၊လေးစားတယ်ဆိုတာ သိခွင့်ရခဲ့လို့ပါပဲ။” 

Advertisements

ဒီအတွေ့အကြုံက သူ့အတွက် ခက်ခဲတဲ့အချိန်တွေမှာ လူတွေက ကိုယ့်ကိုယ်ထောက်ခံအားပေးနေတယ်၊ ကလပ်အသင်းနဲ့ ကစားဖော်တွေကလည်း ကိုယ်ဘက်မှာ ရှိနေတယ်ဆိုတာ  နားလည်ဖို့အတွက် ကြီးမားတဲ့ တွန်းအားတစ်ခုပါပဲ” 

ဒီကနေ သူ(ဒီလိုခက်ခဲတဲ့အချိန်မှာ) ဘယ်လိုနေရမလဲဆိုတာ သင်ယူခဲ့ရတာပေါ့။ သူက လုပ်ရိုးလုပ်စဉ်အတိုင်းပဲ လုပ်နေခဲ့ပြီး ဒီလိုမျိုးနေတတ်ဖို့လိုနေခဲ့ပါတယ်။(ဝေဖန်ပြစ်တင်တာတွေကို)အများကြီးမဖတ်ပဲနဲ့ လုပ်စရာရှိတာလုပ်ရမှာပါ” 

ဘောလုံးက သူ့ရဲ့ဘ၀မှာ ဦးစားပေးဖြစ်ပြီး ဒီအချက်ကို လေ့ကျင့်ရေးကွင်းမှာ နေ့တိုင်းမြင်နိုင်ပါတယ်။သူနေ့တိုင်းမှာ ပြုမူနေတဲ့အတိုင်း ကြိုးစားနေတဲ့အတိုင်း ဆက်လုပ်နေဖို့ လိုအပ်ပါတယ်” 

လက်ရှိရာသီမှာ ဆာကာရဲ့ ခြေစွမ်းပိုမိုကောင်းမွန်လာရတာကလည်း ယူရိုပြိုင်ပွဲမှာ ပင်နယ်တီလွဲချော်ခဲ့တဲ့ အတွေ့အကြုံကြောင့် ဖြစ်တယ်လို့ အာတီတာက ယုံကြည်နေပါတယ်။ 

ကျွန်တော်ကတော့ ဒီလိုပဲ ထင်ပါတယ်။ဒီလို အတွေ့အကြုံမျိုးက ကစားသမားဘ၀အတွက် အမှတ်အသားတစ်ခုဖြစ်စေပါတယ်။တကယ်လို့ အဲ့ဒီပင်နယ်တီသွင်းဂိုးတွေကိုသာ ၀င်အောင်သွင်းနိုင်ခဲ့ရင် ခက်ခဲတဲ့အချိန်အခိုက်အတန့်တွေကနေ အတွေ့အကြုံကောင်းတွေကို သူရနိုင်မှာ မဟုတ်ပါဘူး” 

၀က်ဖို့ဒ်ကိုအနိုင်ရခဲ့တာနဲ့ပတ်သက်ပြီး ဆာကာကလည်း ခုလိုပဲ ပျော်ရွှင်စွာနဲ့ ဆိုလာခဲ့ပါတယ်။ 

ဒီလိုပွဲစဉ်တွေကို ကျွန်တော်တို့ အနိုင်ရဖို့ လိုအပ်ခဲ့ပြီး အနိုင်ရနိုင်တယ်ဆိုတာလည်း ပြသနိုင်ခဲ့ပါတယ်။” 

“လက်ရှိရာသီမှာ အဆင့်လေးနေရာအတွင်း၀င်နိုင်ပြီး ချန်ပီယံလိဂ်၀င်ခွင့်ရဖို့က ကျွန်တော့်အိပ်မက်ပါပဲ။လက်ရှ်အချိန်မှာ ကျွန်တော်တို့ နိုင်ပွဲတွေကိုဆာလောင်နေဖို့၊အာရုံစူးစိုက်နေဖို့ လိုအပ်နေပြီး ရာသီကုန်မှာ ဒီအကြောင်းကို ပြန်ပြောကြတာပေါ့”

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: