ချဲလ်ဆီးကို အချိန်စောပြီးပြန်လာရဖွယ်ရှိတဲ့ ဘာကာယိုကို
အေစီမီလန်အသင်းကို အငှားသွားရောက်ကစားနေတဲ့ ဘာကာယိုကိုဟာ မူလစာချုပ်သက်တမ်းထက်ပိုပြီး လန်ဒန်ကလပ်ဆီကိုပြန်လာရဖွယ်ရှိတယ်ဆိုပြီး Calciomercato က ဖော်ပြလာပါတယ်။ အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ဆန်စီယိုကို ၂ နှစ်ခွဲစာချုပ်နဲ့ ပြီးခဲ့တဲ့နွေရာသီက အငှားထွက်ကစားခဲ့တာဖြစ်ပြီး ခြေစွမ်းပြသနိုင်ခြင်းမရှိတာကြောင့် အခုလို စာချုပ်ကို ဖျက်သိမ်းဖို့ဆောင်ရွက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီရာသီမှာ မီလန်အသင်းအတွက် ၁၇ ပွဲသာကစားပေးထားရပြီး အများစုကလည်း လူစားဝင်အဖြစ်သာ ပါဝင်ခဲ့တာဖြစ်ပါတယ်။
ဝင်နယ်ဒန်ကို ခေါ်ယူလိုနေတဲ့ ဂျာရတ်
အက်စတွန်ဗီလာအသင်းနည်းပြ စတီဗင်ဂျာရတ်ဟာ ကွင်းလယ်အင်အားကို ဖြည့်တင်းဖို့အတွက် ပီအက်ဂျီအသင်းကစားသမား ဝင်နယ်ဒမ်ကို ပေါင် ၂၁ သန်းနဲ့ခေါ်ယူဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ လီဗာပူးကွင်းလယ်လူဟောင်း ဝင်နယ်ဒမ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပဲရစ်မြို့ကိုရောက်ရှိခဲ့ပေမယ့် ခြေစွမ်းပြသနိုင်ခြင်းမရှိလို့ အငှားနဲ့ပြန်ထွက်ကစားဖို့အထိစီစဥ်ခဲ့ရတာဖြစ်ပါတယ်။
အသင်းနှစ်သင်းကြားအဆင့်အတန်းကွာဟနေကြောင်း ရန်းနစ်ဝန်ခံ
မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ရန်းနစ်က မန်ချက်စတာဒါဘီပွဲအပြီးမှာအခြေအနေကို အခုလိုပဲဖွင့်ဟလာခဲ့ပါတယ်။
“ ကျွန်တော်ကတော့ အသင်းအနေနဲ့ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ပထမပိုင်းမှာ စွမ်းဆောင်ရည်ကမဆိုးခဲ့ပါဘူး။ ဂိုးစောစောပေးလိုက်ရတာကတော့ ပြသနာရှိတာပေါ့။ အဲ့ဒီနောက် ချေပဂိုးတစ်ဂိုးသွင်းပြီး ကျွန်တော်တို့ပြန်လာနိုင်ခဲ့ပါယ်။ ဒါပေမယ့် နောက်ထပ်ဂိုးတွေဆက်တိုက်ပေးခဲ့ရပါတယ်။ ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းနဲ့ ယှဥ်ပြီးကစားခဲ့ရတဲ့ပွဲတစ်ပွဲဖြစ်တာကြောင့် အလွန်ခက်ခဲခဲ့ပါတယ်။ နောက်ဆုံးမိနစ်လဲရောက်ရော သူတို့က ၄ ဂိုးထိသွင်းယူသွားခဲ့ပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့ ထိပ်တန်းအဆင့်ကိုရောက်ဖို့ အများကြီးကြိုးစားရပါဦးမယ် “ လို့ ပွဲအပြီးမှာ Sky Sports ကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
အင်တာမီလန်ကစာ ပိုပြီးရေပန်းစားနေကြောင်း ပီအိုလီ ဝန်ခံသွားခဲ့
ဇယားထိပ်မှာဦးဆောင်နေနိုင်ပေမယ့် အင်တာမီလန်အသင်းကသာ ပိုပြီးရေပန်းစားနေကြောင်းကို အေစီမီလန်နည်းပြ ပီအိုလီက ဝန်ခံပြောကြားခဲ့ပါတယ်။ အသင်းနှစ်သင်းကြားတူညီတဲ့ပွဲအရေအတွက်ကစားပြီးမှသာနှိုင်းယှဥ်မှုလုပ်သင့်ကြောင်း ၊ မီလန်အတွက်ကစားဖို့ခက်ခဲတဲ့ပွဲများစွာကျန်သေးကြောင်းကိုလည်းထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ လတ်တလောအခြေအနေမှာ မြို့ခံပြိုင်ဖက် အင်တာထက် တစ်ပွဲပိုကစားထားပြီး ဇယားထိပ်မှာဦးဆောင်နေနိုင်ပေမယ့် ပွဲကျန်ကိုသာ အင်တာကအနိုင်ရခဲ့ရင် ၁ မှတ်အသာအနေအထားနဲ့ ဦးဆောင်ခွင့်ပေးလိုက်ရမှာဖြစ်ပါတယ်။
လာကာဇက်နဲ့တွဲကစားရတာကိုကျေနပ်ကြောင်းဆာကာပြောကြားလာ
တိုက်စစ်မှာ လာကာဇက်နဲ့တွဲကစားရတာကိုကျေနပ်မိကြောင်း ဝက်ဖို့ဒ်နဲ့ပွဲမှာခြေစွမ်းပြခဲ့တဲ့ ဆာကာက ပွဲအပြီးမှာပြောကြားလာခဲ့ပါတယ်။
“ ကျွန်တော်ဘောလုံးဝင်လုလို့ရရခြင်းမှာ လာကာဇက်နဲ့ချိတ်ဆက်ကစားပါတယ်။ သူက ကျွန်တော်ဘာလုပ်မယ်ဆိုတာ ကောင်းကောင်းသိပါတယ်။ သူနဲ့တွဲကစားရတာသိပ်ပျော်ဖို့ကောင်းပါတယ်။ လာကာ က ကျွန်တော်ကန်သွင်းဖို့အတွက် ကွက်တိပဲ ချပေးနိုင်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်က အဆင်သင့်ကန်သွင်းလိုက်နိုင်တာပါ “ ဆိုပြီးပြောဆိုလာတာပါ။ ဆာကာဟာ ခြေစွမ်းတဟုန်ထိုး တိုးတက်လာခဲ့ပြီးနောက် ပရီးမီးယားလိဂ်လူငယ်တွေထဲမှာ ဂိုးသွင်းနှုန်းနဲ့ ဖန်တီးနိုင်စွမ်းမှာ ထိပ်တန်းနေရာမှာ ရပ်တည်နေနိုင်ပြီလဲဖြစ်ပါတယ်။
Leave a Reply