Gunners’ Side – နောက်ဆုံးရ အာဆင်နယ် သတင်းများ ( 7Mar)

ပထမပိုင်းအပြီးမှာတင် အာဆင်နယ်ကစားသမား ၂ ယောက်ကို ချီးကျူးလိုက်တဲ့ ဖာဘရီဂတ်စ်

အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း ဖာဘရီဂတ်စ် က ဝက်ဖို့ဒ်နဲ့ပွဲပထမပိုင်းအပြီးမှာပဲ  ဆာကာနဲ့ အိုဒီဂတ်တို့ကို ထုတ်ဖော်ချီးကျူးလိုက်ပါတယ်။ “  ဆာကာနဲ့ အိုဒီဂတ် တို့ဟာ  အာဆင်နယ်ရဲ့ ပစ္ဆုပန်နဲ့ အနာဂတ်ပါ .. တကယ်ကို ကြီးကျယ်ခန်းနားတဲ့လူငယ်လေးတွေပါပဲ “  လို့မှတ်ချက်ပေးခဲ့တာပါ။ ချန်ပီယံလိဂ်ဝင်ခွင့်ပြေးလမ်းကြောင်းထဲပြိုင်နေရတဲ့အသင်းတွေထဲမှာ အာဆင်နယ်တို့က ပွဲလျော့ကစားထားပြီး အဆင့် ၄ နေရာမှာ ရ​ပ်တည်နေနိုင်တာလဲဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ လူငယ်တွေရဲ့အင်အားနဲ့အတူ ဥရောပပွဲတွေဆီကိုပြန်ရောက်ဖို့ အလားအလာအလွန်ကောင်းနေခဲ့ပြီဖြစ်ပါတယ်။

ဒုတိယဂိုးအတွက် လာကာဇက်ကို ကျေးဇူးတင်ကြောင်း ဆာကာဖွင့်ပြောလာ

ကိုယ်တိုင်လဲဂိုးသွင်းယူနိုင်ခဲ့သလို တပွဲလုံးလဲခြေစွမ်းပြနိုင်ခဲ့တဲ့  ကစားသမားလေး ဆာကာက  ဒုတိယဂိုးနဲ့ပတ်သတ်ပြီး အခုလိုပြောပြလာပါတယ်။  “ ကျွန်တော်ဘောလုံးရရခြင်းမှာ လာကာဇက်နဲ့ချိတ်ဆက်လိုက်ပါတယ်။ သူက ကျွန်တော်ဘာလုပ်မယ်ဆိုတာ ကောင်းကောင်းသိပါတယ်။  သူနဲ့တွဲကစားရတာသိပ်ပျော်ဖို့ကောင်းပါတယ်။ လာကာ  က ကျွန်တော်ကန်သွင်းဖို့အတွက် ကွက်တိပဲ ချပေးနိုင်ခဲ့တယ်။  ဒါကြောင့် ကျွန်တော်က အဆင်သင့်ကန်သွင်းလိုက်နိုင်တာပါ “  ဆိုပြီးပြောခဲ့တာဖြစ်ပါတယ်။  ဆာကာ ကလေ့ကျင့်ရေးကွင်းမှာ High Press အတွက်အများကြီးလေ့ကျင့်နေကြကြောင်း ၊ အောင်ပွဲတွေဆက်တိုက်လာမှာဖြစ်ကြောင်းကိုလည်း ပြောဆိုသွားခဲ့ပါတယ်။

လီဗာကူဆင်တိုက်စစ်မှုးကို ဆက်လက်စောင့်ကြည့်နေတယ်လို့ သတင်းဌာနအချို့ဖော်ပြ

အာဆင်နယ်အသင်းဟာ လီဗာကူဆင်တိုက်စစ်မှုး ပတ်ထရစ်ရှစ်ခ်  ကို တောက်လျှောက်စောင့်ကြည့်နေတယ်လို့ ပြင်သစ်သတင်းစာကို  ကိုးကားပြီး Footy Extra ကဖော်ပြလာပါတယ်။ အဆိုပါ ချက် တိုက်စစ်မှုးအတွက် လီဗာကူဆင်ဖက်က သန်း ၆၀ ခန့်ရရင်ရောင်းချနိုင်တယ်လို့ သိရပြီး မန်စီးတီးအသင်းကတော့ ပေါင်သန်း၅၀ ခန့်နဲ့ကမ်းလှမ်းဖို့အသင့်ရှိတယ်ဆိုပြီး ရေးသားထားတာကိုလည်းတွေ့ရပါတယ်။

အာဆင်နယ်ကို ထိပ်ဆုံး ၄ သင်းအတွက် အပြည့်အဝမယုံကြည်သေးကြောင်း ဂယ်ရီနဗီးသုံးသပ်လာ

မန်ချက်စတာဒါဘီပွဲအပြီး Sky Sports ရဲ့ဆွေးနွေးခန်းမှာ  ဂန္တဝင်ကစားသမား ဂယ်ရီနဗီးလ်က အာဆင်နယ်ကို ကျော်လွန်ပြီး ယူနိုက်တက်အသင်းအနေနဲ့အဆင့် ၄ ရနိုင်ကြောင်းကို အခုလိုဆွေးနွေးခဲ့ပါတယ်။

“ အာဆင်နယ်ကို ကျွန်တော်အပြည့်အဝမယုံကြည်သေးပါဘူး။ ယူနိုက်တက်အသင်းနဲ့ အာဆင်နယ်ထိပ်တိုက်တွေ့ဖို့ကျန်ပါသေးတယ်။ ရာသီမကုန်ခင်မှာ  ပွဲတွေအများကြီးကစားကြရဦးမှာပါ “ ဆိုပြီးမှတ်ချက်ပေးလာခဲ့တာဖြစ်ပါတယ်။ နည်းပြအာတီတာကလည်း ဝက်ဖို့ဒ်နဲ့ပွဲမကစားခင်တုန်းက အာဆင်နယ်အနေနဲ့တစ်ပွဲခြင်းကိုသာအာရုံစူးစိုက်နေကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။  

စံချိန်တင်သွားပြီဖြစ်တဲ့ မီဒမ်မာ

အာဆင်နယ်အမျိုးသမီးအသင်းရဲ့ နယ်သာလန်တိုက်စစ်မှုး မီဒမ်မာဟာ  ဘာမင်ဂမ်အသင်းကို ၄ -၂ နဲ့နိုင်ခဲ့တဲ့ပွဲစဥ်အပြီးမှာ Women’s Super League ရဲ့ ပထမဆုံး ဂိုး ၁၀၀ ပြည့်သွင်းယူနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ ဒီပွဲအနိုင်ရရှိမှုကြောင့်  အာဆင်နယ်အသင်းက  အမှတ်ပေးဇယားထိပ်ဆုံးမှာ ချဲလ်ဆီးအသင်းထက် ၃ ပွဲပိုကစား ၈ မှတ်အသာနဲ့ ဦးဆောင်နေဆဲဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: