လှောင်စရာမဟုတ်သော အာဆင်နယ်ကို လျှော့တွက်ထားကြတဲ့ မှတ်ချက်များ

လူကြိုက်များကျော်ကြားတဲ့မန်ချက်စတာယူနိုက်တက်အသင်း အခြေအနေမဟန်ချိန်မှာတောင် အာဆင်နယ်အပေါ်ကို ယုံကြည်ချက်အပြည့်အဝမထားရဲကြတာကို တောက်လျှောက်မြင်နေရပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းက ဂန္တဝင်ကြီး အီယန်ရိုက်က “ မန်ချက်စတာယူနိုက်တက် က အာဆင်နယ်ထက်ပိုပြီးအခွင့်အလမ်းများတယ် “ ဆိုပြီးပြောလာခဲ့ပါတယ်။  သူရဲ့မှတ်ချက်အပြီးမှာပဲ အာဆင်နယ်က အမှတ်ပေးဇယားမှာ ထပ်ပြီး အခြေအနေကောင်းလာပြန်ပါတယ်။ သို့သော်  Sky Sports ရဲ့အစီအစဥ်မှာ ဂယ်ရီနဗီးလ်က  ၃ပွဲအသာရနေတဲ့အခြေအနေမှာတောင် ယူနိုက်တက်မှာအခွင့်အရေးရှိသေးကြောင်းပြောဆိုလာခဲ့ပါတယ်။ ဒီတော့ အာဆင်နယ်ပရိတ်သတ်တွေရော ၊ ဘောလုံးပရိတ်သတ်တွေကပါ ဟာသလုပ်ခဲ့ကြပါတယ်။ သို့သော် ကျွမ်းကျင်သူတွေရဲ့ ပြောစကားတွေကို အနှစ်ချုပ်ကြည့်ရင်တော့ အာဆင်နယ်တို့ ကို ဘယ်သူကမှ တိတိပပ မယုံကြည်ရဲသေးတာကိုတွေရပါလိမ့်မယ်။ ဒါက ဘာကြောင့်ဖြစ်နိုင်မလဲ။ 

Gunners’ Side စာဖတ်သူတွေအတွက် အာဆင်နယ်အသင်းပြေး လမ်းကြောင်းပေါ်ကနေ လွင့်ထွက်သွားစေနိုင်တဲ့အချက်အချို့ကို ရွေးထုတ်ဖော်ပြပေးလိုက်ပါတယ်။

နောက်ထပ် ထိလို့မရတော့တဲ့ ကစားသမားများ

နဂိုကတည်းကလူအင်အားနဲပါးနေချိန်မှာ အနီကတ်နဲ့ အသေးစားဒဏ်ရာတွေက အာဆင်နယ်ကို ဒုက္ခပေးနေပါတယ်။ အာဆင်နယ်ရဲ့ အင်ပြည့်အားပြည့်ဆိုတာ အခြားအသင်းရဲ့  ဒဏ်ရာရနေတဲ့အနေအထားနဲ့ တန်းတူလောက်ကျပါတယ်။ လက်ရှိအချိန်မှာ တိုမီယာစု နဲ့ စမစ်ရိုးတို့ အခြေအနေမတည်ငြိမ်ခင်မှာ အိုဒီဂတ် ၊ မာတင်နယ်လီ ၊ ဆဲဒရစ် တို့အကြောင်းတစ်ခုခုနဲ့ မကစားနိုင်ဘူးလို့ တွေးကြည့်လိုက်ပါ။ အာဆင်နယ်အသင်းရဲ့ တိုက်စစ် ၊ ခံစစ် သမမျှတမှုတစ်ခုလုံးပျက်စီးသွားနိုင်ပါတယ်။ ဒီအခြေအနေဟာလည်း  အချိန်မရွေးဖြစ်လာနိုင်ပါတယ်။ အာဆင်နယ် လူထပ်နာလို့မရပါဘူး ၊ အနီကတ်ထိလို့မရပါဘူး။

Game Changer မပါဝင်ခြင်း

အာဆင်နယ်ဟာ အသင်းလိုက်ကစားအားနဲ့ ချီတက်နေတဲ့အသင်းဖြစ်ပါတယ်။ ထူးချွန်အဆင့်ကို တက်လှမ်းနေတဲ့ ကစားသမားတွေအများကြီးဆိုပေမယ့် အလုံးစုံ ပုံအပ်ကိုးစားလို့တော့မရသေးတဲ့အခြေအနေဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ကို Pundit တွေအားလုံးကရော ၊ ပရိတ်သတ်တွေကပါမျှော်လင့်ချက် ထားနေကြတာဟာ Squad Depth ကြောင့်ဖြစ်ပါတယ်။​ အချိန်မရွေးအရှိန်အဟုန်နဲ့ပြန်လာနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်က သူရဲနီတို့အပေါ်မှာ အပြည့်အဝရှိထားကြပါတယ်။  ထိုနည်းတူစွာ စပါးအသင်းမှာလည်းတိုက်စစ်မှုးကိန်းဟာ ခြေစွမ်းမှန်တဲ့နေ့ဆိုရင် သိပ်ပြီးကြောက်စရာကောင်းလှပါတယ်။

Game Changer မပါဝင်ခြင်းရဲ့ အားနဲချက်ကတော့ ကြံရာမရချိန်မှာ တစ်ကိုယ်တော်စွမ်းအားနဲ့အခြေအနေတစ်ရပ်ကိုဖန်တီးနိုင်ခြင်းမရှိတော့တာပဲဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဒီအချက်လိုအပ်နေပါသေးတယ်။

ယျေဘူယျအမှားများ လုံးဝလုပ်ခွင့်မရှိ

ဘယ်သူမဆိုမှားနိုင်တယ်။  ဘယ်အသင်းမဆို အမှတ်ဆုံးရှုံးနိုင်ပါတယ်။ ဒါပေမယ့်  အာဆင်နယ်အတွက်တော့မဟုတ်ပါဘူး။ သူတို့မှာ အမှားတစ်ခုခုလုပ်မိတာနဲ့  ပေးဆပ်ရမယ့် တန်ဖိုးက သိပ်ကြီးနေပါတယ်။ အာတီတာဟာ မယုံကြည်သူပေါင်းများစွာနဲ့လွန်ဆွဲနေရတုန်းပဲရှိပါသေးတယ်။ သူ ၅ ပွဲဆက်နိုင်တာ ချီးကျူးခံရဖို့မသေချာပေမယ့်  တစ်ပွဲရှုံးရင်တော့  စိန်ခေါ်မှုကကြီးပါတယ်။ လုပ်ဆောင်ချက်တွေက တစ်ခုနဲ့တစ်ခုချိတ်ဆက်နေတာဖြစ်လို့  ရလဒ်သာယိမ်းယိုင်သွားရင် လာမယ့်နှစ် Master Plan ကိုသွားပြီးထိခိုက်နိုင်ပါတယ်။

ရာသီသိမ်းကျိန်စာ

တောက်လျှောက်ရလဒ်ကောင်းလာပြီး ရာသီအသိမ်းမှာ ဒလိမ့်ကောက်ကွေးဖြစ်တဲ့ကိစ္စကို အာဆင်နယ်ပရီတ်သတ်တွေမေ့နေကြပါတယ်။ ရုန်းရင်းကန်ရင်းနဲ့  အခြေအနေကောင်းတွေဆီကနေဝေးနေချိန်မို့  ၊ တိတိကျကျပြောရရင်  ခြေချော်တယ်ဆိုတဲ့အခြေအနေရောက်ဖို့တောင် မဖြစ်ထွန်းတာမို့သာ  အဆိုပါ Scenario ကိုမေ့နေကြတာပါ။ အမှန်ကတော့ အမ်မရီလက်ထက်တုန်းက ပန်းဝင်ပြီးခါနီးကျမှ အဆင့် ၄ ကနေ ပြုတ်ကျခဲ့တာကို အမှတ်ရနေဆဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်အနဲငယ်တုန်းက  ဒါရင်းဘန့် စိတ်ပူနေခဲ့တာလဲ ထိုအချက်ကိုပဲဖြစ်ပါတယ်။  အာဆင်နယ်မှာ ပန်းဝင်မကောင်းခြင်း ကျိန်စာရှိနေဆဲပါ။ ဒီအချက်ဟာ စိတ်ပူစရာကောင်းပါတယ်။

ဒိုင်လူကြီးများရဲ့ ဆုံးဖြတ်ချက်များ

ပရီးမီးယားလိဂ်တစ်ခုလုံးမှာ ဒိုင်တွေရဲ့ဆုံးဖြတ်ချက်အမှားတွေကြောင့် မနစ်နာတဲ့အသင်းမရှိသလောက်ပါ။  အာဆင်နယ်အပါအဝင် အချို့အသင်းတွေကတော့ ပိုပြီးဆိုးရွားလှပါတယ်။ ဒါကြောင့် ရသင့်တဲ့ ပယ်နယ်တီတွေ မရတာ ၊ မပေးသင့်တဲ့ပစ်ဒဏ်တွေကို ချမှတ်တာလို ကိစ္စမျိုးတွေ အာဆင်နယ်ပွဲတွေမှာ မဖြစ်လို့လိုအပ်ပါတယ်။

ရာသီတစ်ခုလုံးကုန်ဆုံးဖို့  ၁၃ ပွဲသာလိုတော့ချိန်မှာ အချို့စိ်န်ခေါ်မှုတွေကတော့ ပျက်ပြယ်ခဲ့ပြီဖြစ်သလို စိန်ခေါ်မှုအသစ်တွေကလဲတိုးလို့လာနေပါတယ်။ အာဆင်နယ်အသင်းနဲ့ ပရိတ်သတ်တွေအတွက် အသက်ရှုရပ်တန့်ရလောက်တဲ့  ၃ လတာကို စတင်ဖြတ်သန်းနေရပြီဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: