တိုက်စစ်မှုးဝယ်ယူရေးက နံပါတ် ၁ ဦးစားပေးဖြစ်ကြောင်း အာတီတာအတည်ပြုပေးခဲ့
နည်းပြအာတီတာက အသင်းအနေနဲ့ ရာသီကုန်အပြောင်းအရွှေ့စျေးကွက်မှာ တိုက်စစ်မှုးတစ်ယောက်ဦးစားပေးခေါ်ယူမယ် ဆိုတဲ့အချက်ကို အတည်ပြုပေးသွားခဲ့ပါတယ်။
“ ဂိုးသွင်းနိုင်တဲ့တိုက်စစ်မှုးတစ်ယောက်အသင်းမှာ လိုအပ်နေတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ အသင်းကောင်းတိုင်းက ဂိုးသွင်းမယ့်သူရှိဖို့လိုပါတယ်။ ဒီကိစ္စက ကျွန်တော်တို့ရဲ့ ပထမဦးစားပေးကိစ္စပါပဲ။ ဒါအရေးကြီးပါတယ် “ လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
ဆာလီဘာကို လိုချင်ကြောင်း မာဆေးလ်ဖက်ကထုတ်ပြောလာ
ဝီလျှံဆာလီဘာကိုခေါ်ယူလိုနေတဲ့မာဆေးလ်အသင်းရဲ့ ဥက္ကဌက Le Provence သတင်းဌာနနဲ့တွေ့ဆုံစဥ်မှာအခုလိုပဲမှတ်ချက်ပြုသွားခဲ့ပါတယ်။ “ ဒီမေးခွန်းကရှုထောင့် ၃ ခုကနေပြောရမှာပဲဗျ.. ကစားသမားကိုပိုင်ဆိုင်ထားတဲ့အာဆင်နယ်၊ ကစားသမားကိုယ်တိုင်ရဲ့ ဆန္ဒနဲ့ မာဆေးလ်အသင်းတို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့အတွက်ကတော့ ကိုယ့်ရဲ့ အခွင့်အရေးနဲ့ အလားအလာ ကို ကိုယ်တိုင်သိထားပါတယ်။ ကစားသမားကိုယ်တိုင်က ဒီမှာပျော်နေတယ် ၊ ကျွန်တော်တို့ကလည်းသူ့ကိုသဘောကျနေပါတယ် “ ဆိုပြီးပြောဆိုသွားတာပါ။ Mirror ရဲ့ဖော်ပြချက်အရတော့ အာတီတာအနေနဲ့ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချရဖို့ရှိတယ်လို့ သိရပါတယ်။
ဘရိုဂျာကို စျေးသတ်မှတ်ထားတဲ့ ချဲလ်ဆီး
Tutto Marcerto ရဲ့ဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ အာဆင်နယ်ပစ်မှတ် တိုက်စစ်မှုးဘရိုဂျာကို ပေါင် ၅၈ သန်းရမှသာ အပြီးသတ်ပြောင်းရွှေ့ခွင့်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ဘရိုဂျာကိုအသင်းများစွာက ပစ်မှတ်ထားနေကြပြီး ရာသီကုန်မှာ အသင်းပြောင်းမယ်လို့သတင်းတွေထွက်နေသလို ၊ တူချယ်ကအသင်းကြီးဆီပြန်လည်ခေါ်ယူလိုနေတယ်လို့လဲသတင်းများကဖော်ပြနေကြပါတယ်။
ရုဇ်က အာဆင်နယ်ထက် အခြားအသင်းတွေကို ပိုအားသန်နေ
အီတလီသတင်းထောက် ရာဖယ်လီ အော်ရီယင်မာက အာဆင်နယ်ရဲ့ပစ်မှတ်ကွင်းလယ်လူ ဖေဘီယံရုဇ်အနေနဲ့ လန်ဒန်အသင်းထက် ပီအက်ဂျီနဲ့ ရီးရဲအသင်းတို့ကိုပြောင်းရွှေ့ဖို့ ပိုပြီးအားသန်နေတယ်လို့ Area Napoli TV မှတဆင့်ပြောကြားလာပါတယ်။ ရီးရဲအသင်းဖက်ကလည်း သူတို့ရဲ့ကွင်းလယ်ကစားသမားတွေဖြစ်ကြတဲ့ ဆီဘယ်လော့စ်နဲ့ အစ္စကိုတို့ရဲ့အနေအထားတွေကြောင့် ရုဇ်ကိုခေါ်ယူဖို့လျာထားတယ်လို့သိရပါတယ်။
ပန်းဝင်ခါနီးမှ ခြေချော်သွားမှာကို ဒါရင်းဘန့်စိုးရိမ်နေ
အာဆင်နယ်ပရိတ်သတ်တစ်ဦးဖြစ်တဲ့ ဒါရင်းဘန့်က သူ့ရဲ့အတွေ့အကြုံဟောင်းတွေနဲ့ နှိုင်းယှဥ်ပြီး ပန်းဝင်ခါနီးမှ ခြေချော်မယ့်အဖြစ်မျိုးကို အာဆင်နယ်အသင်းအနေနဲ့ရင်ဆိုင်ရနိုင်ကြောင်း ထောက်ပြပြောဆိုလာပါတယ်။ Premier League Production အစီအစဥ်နဲ့တွေ့ဆုံရာမှာ ဘန့် က “ အကြောင်းတစ်ခုခုနဲ့ သူတို့ပြိုလဲသွားနိုင်ပါတယ်။ ဒဏ်ရာပြသနာ ၊ စည်းကမ်းပိုင်းပြသနာ စသည်ဖြင့်ပေါ့ဗျာ ။ သူတို့က ရည်မှန်းချက်တွေရဲ့အဝေးကိုရောက်သွားနိုင်ပါတယ်။ လောလောဆယ်တော့အသင်းက အကောင်းဆုံးပုံစံမှာရှိနေပါတယ်။ ဒါပေမယ့် ပန်းဝင်ခါနီးကျမှ ရုတ်တရက်ပြိုလဲသွားတာမျိုးကို ကျွန်တော်တို့ ပြီးခဲ့တဲ့ရာသီတွေမှာ မြင်ခဲ့ရတာပဲမဟုတ်လား “ ဆိုပြီးပြောဆိုလာတာဖြစ်ပါတယ်။
Leave a Reply