ဘန်ဝှိုက်ကို ဗာရန်းနဲ့ တကယ်ပဲ နှိုင်းယှဉ်စရာလိုလို့လား 

အာဆင်နယ်က သူတို့ရဲ့ဘဏ်တိုက်ကို ဖွင့်ပြီး ဘရိုက်တန်နောက်ခံလူကို ငွေကြေးအများအပြားနဲ့ ခေါ်ယူခဲ့စဉ်က မေးခွန်းတွေ၊ဝေဖန်မှုတွေအများကြီး ‌ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဘန်ဝှိုက်ဟာ သူ့ရဲ့ အာဆင်နယ်ကစားသမားဘ၀ ပထမဆုံးရာသီမှာပဲ ဝေဖန်သံတွေကို အသံတိတ်စေခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ 

အာဆင်နယ်က သူ့ကို ပေါင်သန်း၅၀နဲ့ ခေါ်ယူပြီးနောက် ဘန်ဝှိုက်ဟာ ဒုတိယမြောက်ဈေးအကြီးဆုံး အင်္ဂလန်နောက်ခံလူဖြစ်လာခဲ့ပါတယ်။ ဘရိုက်တန်လိုအသင်းမျိုးက နောက်ခံလူကို အခုလို ဈေးကြီးပေးခေါ်ယူခဲ့တဲ့အပေါ် အာဆင်နယ်အသင်းရဲ့ နောက်ခံလူဟောင်းဖြစ်သူ ဂါးလက်စ်ကိုယ်တိုင်က ဝေဖန်ခဲ့ဖူးပါတယ်။ 

ထိပ်တန်းအဆင့်ခြေစွမ်းရှိတယ်ဆိုတာ သက်သေပြဖို့ လိုသေးတဲ့ ကစားသမားတစ်ဦးကို ဘာလို့ အာဆင်နယ်က ပေါင်သန်း၅၀ပေးပြီး ခေါ်ယူခဲ့လဲဆိုတာ နားလည်ဖို့ခက်ပါတယ်တစ်ချိန်တည်းမှာပဲ မန်ယူက ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ်ဖလားလေးကြိမ်ရထားတဲ့ ဗာရန်းကို ပေါင်သန်း၄၀နဲ့ ခေါ်ယူခဲ့တယ်ဘန်ဝှိုက်နဲ့ဗာရန်းကို ခင်ဗျားတို့ နှိုင်းယှဉ်လို့မရပါဘူး။ ဒီအတွက် ကျွန်တော်စိတ်မကောင်းပါဘူး။ ဒါကမဖြစ်နိုင်ပါဘူး” 

ဒီလို ပြောရတာကလည်း ဗာရန်းက ကျွန်တော့်လို ပြင်သစ်သားမို့လို့ မဟုတ်ပါဘူး။ သူက ဘရိုက်တန်လာတဲ့သူမဟုတ်ပဲ ရီးရဲလ်မက်ဒရစ်ကလာတဲ့ ကစားသမားဖြစ်တာကြောင့်ပါ” 

ဒီလိုမျိုး ဝေဖန်ခဲ့သူဟာ ဂါးလက်စ်တစ်ယောက်တည်း တော့မဟုတ်ခဲ့ပါဘူး။ သတင်းမီဒီယာတွေထက်မှာ ဒီလိုမျိုး ငြင်းခုန်ဝေဖန်မှုတွေရှိနေခဲ့ပေမယ့် အမ်းမရိတ်မှာတော့ ဘန်ဝှိုက်အပေါ်ဘယ်သူမှ သံသယမရှိခဲ့ပဲ အားလုံးက သူ့ကို ယုံကြည်ခဲ့ကြပါတယ်။ 

ဘန်ဝှိုက်ဟာ ဒီနွေရာသီအတွက် အဓိကကျတဲ့ ပစ်မှတ်တစ်ခုပါပဲ။ သူ့ကို ခေါ်ယူနိုင်ခဲ့တဲ့အပေါ် ၀မ်းသာမိပြီး ကျွန်တော်တို့နဲ့အတူ ရှေ့ဆက်တိုးတက်လာဖို့အတွက် မျှော်နေမိပါတယ် လို့ ဘန်ဝှိုက်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် အီဒူးက ၀န်ခံခဲ့ပါတယ်။

ရာသီအဖွင့်ပွဲစဉ်မှာ ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်  ဘန်ဝှိုက်ရဲ့ အာဆင်နယ်ကစားသမားအဖွင့်ဟာ မလှပခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူဟာ ပေါင်သန်း၅၀တန်တဲ့ နောက်ခံလူဆိုတာကို တဖြည်းဖြည်းချင်းစီ သက်သေပြ လာနိုင်ခဲ့ပါတယ်။အသက်၂၄နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘန်ဝှိုက်ဟာ လက်ရှိရာသီမှာ အသင်းအတွက် ၂၇ပွဲ ပွဲထွက်ကစားခွင့်ရထားပြီး အသင်းမှာ ပွဲချိန်အများဆုံးကစားထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ 

ဘန်ဝှိုက်ဟာနောက်တန်းဗဟိုခံစစ်မှာ ဂါဘရီယယ်နဲ့ တွဲဖက်ညီညီကစားနိုင်စွမ်းရှိပြီး အာတီတာရဲ့ ယုံကြည်မှာကို အပြည့်အ၀ရထားပါတယ်။ ဘန်ဝှိုက်၊ ဂါဘရီယယ်ဆိုတဲ့ ဗဟိုခံစစ်အတွဲကြောင့် အသင်းရဲ့ခံစစ်ကြောင်းဟာ လွန်ခဲ့တဲ့ နှစ်တွေကထက် အများကြီးပိုမိုတိုးတက်လာခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ ချန်ပီယံလိဂ်၀င်ခွင့်အိပ်မက်ဟာ ဒီဗဟိုခံစစ်အတွဲကြောင့် ပိုပြီးတောက်ပလာခဲ့ပါတယ်။ 

ဘန်ဝှိုက်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့လက အာတီတာက ခုလိုပဲ မှတ်ချက်ပေးခဲ့ပါတယ်။ 

သူဟာ အရာအများအပြားမှာ အတော်လေးတိုးတက်လာခဲ့ပါတယ်။ ကျွန်တော်ခင်ဗျားတို့ကို ပြောနိုင်တာက ခင်ဗျားတို့ လေ့ကျင့်ခန်း‌ကွင်းမှာလာကြည့် ကြည့်ရင် ဘန်ဝှိုက်ဟာ ကစားသမားဘဝနောက်ဆုံးနေ့ ထရိန်နင်ဆင်းနေသလိုကို ကြိုးစားနေတာ တွေ့ရမှာပါ” 

“ဒါက ကစားသမားတွေဆီက‌နေ ကျွန်တော်တို့ လိုချင်တဲ့အရာပါပဲ။ ဘာလို့ပဲဆိုတော့ တကယ်ယှဉ်ပြိုင်ရမယ့်အချိန်ကိုရောက်လာတဲ့အခါ သူတို့ အသင့်ဖြစ်နေဖို့ လိုအပ်ပါတယ်” 

အာဆင်နယ်အသင်းဟာ ရာသီအဖွင့်ပွဲစဉ် သုံးပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် စက်တင်ဘာ ၁၁ရက်နေ့ နောဝှစ်စီးတီးနဲ့ပွဲစဉ်မှာ ဂါဘရီယယ်နဲ့ဘန်ဝှိုက်တို့ အတူတွဲဖက်ပြီး ပထမဆုံးကစားခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီး အာဆင်နယ်ဟာ ဂိုးမပေးရတဲ့ ပွဲစဉ် ၁၁ပွဲအထိ ပိုင်ဆိုင်ထားပြီး လက်ရှိပရီးမီးယားလိဂ်မှာ အာဆင်နယ်ထက် ပေးဂိုးမရှိပွဲစဉ်များတဲ့ အသင်းဟာ မန်စီးတီးနဲ့ လီဗာပူးလ်တို့သာ ကျန်ရှိပါတော့တယ်။ 

ဘန်ဟာ ကြီးမားတဲ့ ကိုယ်ရည်ကိုယ်သွေးရှိတဲ့သူပါ။ သူဟာ ကစားဖို့၊ ဆုံးဖြတ်ချက်ချဖို့ ၊ ရှေ့ကနေ ရပ်တည်ဖို့ သတ္တိရှိတဲ့သူဖြစ်ပါတယ်။ သူ့ကိုယ်သူ ၁၀၀ရာခိုင်နှုန်းအပြည့်မကောင်းသေးဘူးလို့ ထင်ရင် နေ့တိုင်းမှာ အကောင်းဆုံးလေ့ကျင့်ရေးလုပ်ပါတယ်။ ပြိုင်ပွဲရှည်ကြီးမှာ ဒီလိုကြိုးစားမှုက နေရာကောင်းကိုရစေပါတယ်” 

ဘန်အခု ဒီနေရာမှာ ရှိနေတယ်ဆိုတာ ပြီးခဲ့တဲ့ လတွေမှာ နေ သူကြိုးစားခဲ့တဲ့ အ‌ရာတိုင်းကြောင့်ပါပဲ။ဒါက တိုက်ဆိုင်မှုတစ်ခုမဟုတ်ပါဘူး။ ဒါက သူတစ်ရက်ချင်းစီတိုင်းမှာ အားထုတ်ခဲ့တဲ့ အလုပ်ပါပဲ လို့ အာတီတာက ဘန်ဝှိုက်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ကြိုးစားမှု အပေါ်ချီးကျူးခဲ့ပါတယ်။ 

ဘန်ဝှိုက်ရဲ့စွမ်းဆောင်အချက်အလက်တွေအရ သူဟာ အသင်းအတွက် မရှိအဖြစ်အရေးပါတဲ့ကစားသမားဆိုတာ သိသာထင်ရှားပါတယ်။ ခံစစ်ပိုင်းစွမ်းဆောင်ရည်အရဆိုရင် ပရီးမီးယားလိဂ် ဗဟိုခံစစ်ကစားသမား‌‌ တွေထဲမှာ  ကြားဖြတ်လုယူမှုနှုန်း အများဆုံးကစားသမား၊ ခေါင်းတိုက်ရှင်းထုတ်နိုင်တာနဲ့လေထဲ ဘောလုံးယှဉ်လုတဲ့ နှုန်းမှာ ဒုတိယအများဆုံးနဲ့ တတိယမြောက် ဖျက်ထုတ်မှုနှုန်း အများဆုံးကစားသမား ဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: