ပရိတ်သတ်တွေ ချီးကျူးဖို့မေ့နေတဲ့ အိုဒီဂတ်

အိုဒီဂတ်ဟာ  နောက်ဆုံးကစားခဲ့တဲ့ ဝုဗ်နဲ့ အိမ်ကွင်းပွဲစဥ်မှာ  Man Of the Match ရရှိခဲ့သလို ဖေဖော်ဝါရီလ အတွက် အကောင်းဆုံးကစားသမားကို အာဆင်နယ်အသင်းက ဆန်ကာတင်ကြေငြာရာမှာလဲ အခြားသောလူငယ်ကစားသမားများနဲ့အတူ ပါဝင်လာခဲ့ပါတယ်။ ထို့အတူ ဂန္တဝင်ကြီးရေးပါလာရဲ့  အာဆင်နယ်အသင်းလက်ရှိအနေအထားကို သုံးသပ်ရာမှာလည်း  မှတ်ချက်ကောင်းကိုရခဲ့ပါတယ်။

“  အာဆင်နယ် အသင်းရဲ့စွမ်းဆောင်ရည်က အကောင်းဖက်ကို တဖြေးဖြေးရောက်လာနေပါတယ်။ ခက်ခဲတဲ့ပွဲစဥ်တွေကို  ရင်ဆိုင်နိုင်စွမ်းလဲ ပိုပြီးမြင့်မားလာပါတယ်။ နောက်တန်းလေးယောက်ရဲ့  စွမ်းဆောင်ရည်က ထင်ထားတာထက်ပိုကောင်းနေတယ်။ ကွင်းလယ်မှာလည်း  ရှာခါနဲ့ပါတေးက အကောင်းဆုံး စွမ်းဆောင်နေတာပါ။  လူငယ်လေးတွေဖြစ်ကြတဲ့ ဆာကာ စမစ်ရိုးတို့အကြောင်းကတော့ ပြောစရာမလိုအောင် သိကြပြီးသားပါပဲ။ ထို့အတူ အိုဒီဂတ်ကလည်းပဲ​ အဆင့်ပိုမြင့်လာတဲ့ကစားသမားပါ  ဆိုပြီး အိုဒီဂတ်ရဲ့တိုးတက်မှုကို ထည့်သွင်းပြောကြားသွားပါတယ်။

ဒါပေမယ့်  ဂန်းနားဟောင်းကြီးက ကီဗင်ကင်းဘဲကတော့  အသက် ၂၃ နှစ်အရွယ် နော်ဝေးကွင်းလယ်လူဟာ ပရိတ်သတ်တွေဆီကနေ ထိုက်တန်တဲ့ချီးကျူးမှု ၊ အသိအမှတ်ပြုမှုကို မရရှိဘူးလို့  ထောက်ပြလာခဲ့ပါတယ်။ အများစုက ဆာကာ ၊ မာတင်နယ်လီနဲ့ စမစ်ရိုးတို့ကိုပဲ ချီးကျူးနေကြတာကိုမြင်တွေ့ရပါတယ်။

“ ပရိတ်သတ်အများစုကတော့ သူ့ကို တန်ဖိုးမထားကြဘူးဗျ။ ထိုက်တန်တဲ့ အသိအမှတ်ပြုမှုကို  အိုဒီဂတ်က မရခဲ့ပါဘူး။ ဒါပေမယ့်သူ့ဖက်ကတော့ အကောင်းဆုံးပုံစံ အမြဲတန်းပြသနိုင်ပါတယ်။ ဘယ်ခြေထောက်အသုံးပြုကစားပုံကလည်း အံ့သြစရာပါပဲ။ 

ဘောလုံးကိုကိုင်ထားပြီးတော့ ပြန်လည်ဖြန့်ဝေနိုင်တယ်။ တစ်သင်းလုံးနဲ့ လိုက်တွဲကစားတယ်။ သူက အသင်းရဲ့ ကွင်းလယ်မှာ အခရာကျတဲ့ကစားသမားပါ။ တိုက်စစ်မှုးကောင်းတစ်ယောက်သာ ရောက်လာခဲ့ရင် အခုထက်ပိုပြီးတောက်ပလာမှာပါ။ တကယ့်ကို အံ့သြစရာတွေလုပ်ပြမယ့်ကစားသမားပါ   ဆိုပြီး ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

တကယ်တော့  အိုဒီဂတ်တစ်ယောက် အာဆင်နယ်ရောက်တဲ့ ကာလတွေမှာကြုံရတာတွေကတော့ တကယ်ခက်ခဲခဲ့ပါတယ်။  ရီးရဲအသင်းဆီပြန်သွားပြီးမှ  အာဆင်နယ်ကိုတဖန် ရောက်လာချိန်မှာ ပရိတ်သတ်တွေက မနှစ်သက်ကြောင်းပြကြပါတယ်။ အသင်းကို ရောက်လာမယ်လို့ သူတို့မျှော်မှန်းထားတဲ့အဆင့်အတန်းက အိုဒီဂတ်ထက်ပိုကောင်းတဲ့ကစားသမားဖြစ်တယ်လို့ ဆိုကြပါတယ်။

နောက်တော့  နော်ဝစ်ချ်အသင်းဖက်ကို သွင်းယူတဲ့ လှပတဲ့ ဖရီးကစ်တစ်ဂိုးနဲ့နိုင်ပွဲ  ၊ အဲ့ဒီပွဲအလွန် နောက်ပိုင်း ပွဲဆက်နိုင်လာချိန်မှာတော့   အနာဂတ်ရဲ့အသင်းခေါင်းဆောင်ဆိုပြီးစတင် ချီးကျူးကြပါတယ်။ ‌ အာတီတာရဲ့ ကစားကွက်အပြောင်းအလဲမှာ အရံခုံပြန်ရောက်သွားတော့   အိုဒီဂတ်ဟာ ဘယ်အသင်းမှာ မဆို ခနပဲအောင်မြင်တတ်တဲ့ ကောက်ရီုးမီးလိုကစားသမား လို့ဆိုကြပြန်တယ်။ ဂိုးတွေဆက်တိုက်သွင်းပြီး ခြေစွမ်းပြနိုင်တဲ့နောက်မှာတော့  ကမ္ဘာ့အဆင့်ကွင်းလယ်လူ ၊ အိုဇေးလက်သစ် ဆိုပြီး ပြောလာပြန်ပါတယ်။ သူ့အတွက်လောကဓံတွေများလှပါတယ်။ အခုတော့လည်း အသင်းရဲ့ကွင်းလယ်မှာနေရာ တစ်ခုရယူထားနိုင်ပြီလဲဖြစ်ပါတယ်။

ရာသီအစတုန်းက ဝေဖန်ခဲ့တဲ့  ဂန္တဝင်ကြီးမာတင်ကီအွန်ကတော့  “  ကျွန်တော့်အမြင် ပြောင်းရပါတော့မယ်။ သူကတကယ်ကို တိုးတက်လာနေပါတယ်  “ လို့    BBC   ရဲ့   Match Of the Day အစီအစဥ်မှာ ဇန်နဝါရီလတုန်းက  အိုဒီဂတ်နဲ့ပတ်သတ်လို့ ပြောဆိုသွားခဲ့ ပါတယ်။  မနက်ဖြန်ပွဲမှာရော  အိုဒီဂတ်တစ်ယောက်ဘယ်လောက်ထိစွမ်းဆောင်နိုင်မလဲ ၊ ပရိတ်သတ်တွေကရော ဘယ်လိုတုန့်ပြန်မလဲ ဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်။  

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: