လူငယ်အဆင့်မြောက်လန်ဒန်ဒါဘီမှာ မြင်ခဲ့ရတဲ့ အာဆင်နယ်တိုက်စစ်အစွမ်း

EPL 2 ပြိုင်ပွဲအဖြစ် စပါးအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ လူငယ်တိုက်စစ်ကစားသမားလေး  ၂ ယောက်ဟာအထူးခြေစွမ်းပြခဲ့ကြပါတယ်။ တိုက်စစ်မှုးလိုအပ်နေတဲ့အာဆင်နယ်အသင်းအတွက် လာမယ့်ရာသီမှာအားကိုးစရာဖြစ်လာလောက်တဲ့သူတွေထဲမှာ မာဆယ်လိုဖလိုရက်စ်နဲ့ မီကာဘီရတ်တို့ရဲ့နာမည်တွေဟာ အမြဲပါဝင်နေပါတယ်။  အခုတော့ သူတို့ရဲ့စွမ်းဆောင်ရည်တွေနဲ့ လူငယ်အဆင့်မြောက်လန်ဒန်ဒါဘီကို နိုင်အောင်ကစားနိုင်ခဲ့ကြပါတယ်။​

လူငယ်လေးဘာလိုဂန်က မစ်ဒယ်ဘရော့နဲ့အတူ နာမည်ကျော်နေချိန်မှာ  အကယ်ဒမီတိုက်စစ်မှုးလေး မီကာဘီရတ်ကလည်း သူ့ရဲ့အရှိန်တွေက ကျမသွားစေခဲ့ပါဘူး။  အသက် ၁၉ နှစ်အရွယ်ကစားသမားလေးဟာ U23 အဆင့်မှာ ၁၇ ပွဲကစားပြီး  ၇ ဂိုးသွင်းကာ  ၄ ကြိမ်ဖန်တီးပေးထားနိုင်ပါတယ်။  အနီးဆုံးကစားခဲ့ကြတဲ့  EPL2 ရဲ့မြောက်လန်ဒန်ဒါဘီမှာလည်း  ဖလိုရက်စ်ရဲ့ ဂိုးကိုဖန်တီးပေးနိုင်ခဲ့သလို  ၊ စပါးနောက်ခံလူ ကိုယ့်ဂိုးကိုယ်သွင်းအောင်လဲ အတူတကွဖိအားပေးနိုင်ခဲ့ကြပါတယ်။ ဘီရက်ဟာ ကိုယ်တိုင်သွင်းယူနိုင်တဲ့အခြေအနေရှိရက်နဲ့   မာဆယ်လိုဖလိုရက် Tap In လုပ်ပြီးသွင်းနိုင်အောင်အလောတော်ချပေးခဲ့ပါတယ်။  တိုက်စစ်မှုးကောင်းလိုအပ်နေတဲ့အာဆင်နယ်အတွက် အချက်ပေးခေါင်းလောင်းလဲဖြစ်ပါတယ်။ ဒီဂိုးဟာ သူ့ရဲ့ရင့်ကျက်မှုကိုရော  လျှင်မြန်မှုကိုပါပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ U23 ပွဲတွေမှာ  ၂ ပွဲဆက်မပါထားနိုင်တဲ့ကစားသမားလေးဟာ အခွင့်အရေးရချိန်မှာ သူဘာလဲဆိုတာကောင်းကောင်းပြသနိုင်ခဲ့တယ်လို့ဆိုရပါမယ်။ ပရိတ်သတ်တွေကတော့ သူ့ရဲ့ကစားပုံကို   တချိန်က တိုက်စစ်မှုးဟောင်း ဒါဆေးဗားလ် ၊ ပရီးမီးယးလိဂ်ကြယ်ပွင့်ဟောင်းတောရ​က်စ်နဲ့   ပြင်သစ်က ဂရစ်ဇ်မန်းတို့နဲ့ ခိုင်းနှိုင်းပြောဆိုနေကြပါတယ်။  အန်ကတ်တီယာထွက်ခွာတော့မယ့် ပထမအသင်းကြီးမှာ ဘီရတ်ကိုမြင်ရဖို့ရှိနေတယ်လို့လည်းဆိုကြပါတယ်။

ဟေးအန်းအကယ်ဒမီထွက်မဟုတ်တဲ့ ကစားသမားလေးဟာ  ၂၀၂၀ ဘောလုံးရာသီအစမှာ ဖူဟမ်အသင်းကနေရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ ဂိုးသွင်းအားကောင်းတဲ့တိုက်စစ်မှုးလေးဟာ အာဆင်နယ်နဲ့အတူဆက်ပြီး သူ့ရဲ့အရှိန်ကိုထိန်းထားနိုင်ဆဲဖြစ်ပါတယ်။

နောက်ထပ်လျှင်လျှင်မြန်မြန်ပဲ အသားကျလာတဲ့ ကစားသမားလေးကတော့ မာဆယ်လိုဖလိုရက်စ်ပဲဖြစ်ပါတယ်။ U18 အဆင့်ကနေ U23 အဆင့်ကို တက်ကစားတဲ့ စစချင်း ၇ ပွဲမှာပဲ ၂ ဂိုးသွင်း  ၁ ဂိုးဖန်တီးပေးနိုင်ခဲ့ပြီဖြစ်ပြီး ၊ သွင်းယူထားတဲ့အသင်းတွေကလဲ လီဗာပူးနဲ့စပါးအသင်းတို့ပဲဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ U18 အဆင့်မှာကစားနေစဥ်ကတည်းကနိုင်ငံအသင်းတွေကြားထဲမှာ အပြိုင်လုခဲ့ကြရတဲ့ပလေယာတစ်ယောက်ဖြစ်ပါတယ်။ ခန္တာကိုယ်သေးငယ်သေးပေမယ့် လျှင်မြန်တဲ့နေရာယူမှုတွေနဲ့ ထိုးဖောက်နိုင်စွမ်းတွေကသူ့ကို အသင်းကြီးအဆင့်ကိုတွန်းပို့ပေးမယ့်အချက်တွေဖြစ်ပါတယ်။  မက္ကဆီကို U18 အသင်းနဲ့ ၅ ပွဲကစား ၂ ဂိုးသွင်းယူပြီးတဲ့နောက်မှာတော့  မက္ကဆီကိုလက်ရွေးစင်အသင်းကြီးအတွက်ပွဲထွက်ပေးခဲ့ပြီးလည်းဖြစ်ပါတယ်။

လူငယ်အသင်းသားတွေသူ့နည်းသူ့ဟန်နဲ့ကောင်းခဲ့ကြတဲ့ လူငယ်အဆင့်မြောက်လန်ဒန်ဒါဘီပွဲဟာ အာဆင်နယ်အသင်းကြီးရဲ့ အရံကစားသမားတွေအဖြစ်လာမယ့်ရာသီမှာမြင်ရဖွယ်ရှိသူတွေကို ထပ်မံမိတ်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်။  ကီဗင်ဘက်စ်တီရဲ့ လူငယ်တသိုက်ကတော့ EPL 2 မှာကောင်းကောင်းခြေစွမ်းပြနေကြပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: