M.S.News – နောက်ဆုံးရဘောလုံးသတင်းများ (​5Mar)

အသင်းမှာထာဝရကစားလိုကြောင်းပြောလာတဲ့မာတင်နယ်လီ

အာဆင်နယ်လူငယ်တိုက်စစ်မှုးမာတင်နယ်လီက  သူ့အနေနဲ့  အခွင့်အရေးသာရှိမယ်ဆိုရင် အသင်းမှာ အမြဲတန်းကစားသွားမယ်လို့ ဖွင့်ပြောလာပါတယ်။

ဒီအသင်းမှာပဲ ဘ၀တစ်ခုလုံး နေလို့ရတယ်ဆိုရင် ဒီမှာပဲ ကျွန်တော်နေသွားမှာပါ။ အာဆင်နယ်နဲ့အတူ အောင်မြင်မှုတွေ ရှာဖွေချင်‌ပါသေးတယ်။ အရင်ကပြောခဲ့သလိုပဲ အသင်းမှာ နေပြီး ဒီလိုအံ့ဩဖို့ကောင်းတဲ့ ပရိသတ်တွေ၊အသင်း‌ဖော်တွေနဲ့အတူ ချန်ပီယံဆုတွေကို အရယူသွားချင်ပါတယ်”  လို့ဆိုခဲ့တာပါ။

ဒါ့အပြင် အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ကစားရဖို့ထိုက်တန်ကြောင်း ၊ ဒီအတွက်အသင်းသားတွေနဲ့ အတူတကွကြိုးစားနေကြောင်းကိုလည်းထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

၁၉ နှစ်အရွယ်တောင်ပံလူကိုခေါ်ယူလိုက်တဲ့ ဘာကာ

ဘာစီလိုနာအသင်းဟာ ရေးဆင်းတောင်ပံကစားသမား ပါဘလိုတိုရီ ကို သန်း ၂၀ ခန့်နဲ့ခေါ်ယူလိုက်ပြီဖြစ်ကြောင်းအတည်ပြုပြောကြားသွားခဲ့ပါတယ်။  ဧပြီလမှာ  အသက် ၁၉ နှစ်ပြည့်မယ့် စပိန်သားလေးဟာ  စပိန်တတိယတန်းအသင်းအတွက် ဒီရာသီမှာ ၁၂ ဂိုးသွင်းပေးထားနိုင်သူလည်းဖြစ်ပါတယ်။ အဆိုပါကစားသမားလေးကို ရီးရဲမက်ဒရစ်နဲ့ ဆိုစိဒက်တို့ကလည်း ပေါင် ၁၀ သန်းဝန်းကျင်နဲ့ကမ်းလှမ်းခဲ့ကြပေမယ့် ဘာစီလိုနာက စျေးပိုပေးပြီး အသာရသွားခဲ့တာဖြစ်ပါတယ်။

၂၀၂၄ အလွန်မှာနည်းပြဖြစ်မလားဆိုတာ မတွေးရသေးတဲ့ ကလော့ပ်

၂၀၂၄ ခုနှစ်မှာကုန်ဆုံးမယ့်လက်ရှိစာချုပ်အလွန်မှာ သက်တမ်းတိုး၊ မတိုးဆိုတာမဆုံးဖြတ်ရသေးကြောင်း  ၊ ထိုအချိန်မှာ အခုလိုမျိုး အင်ပြည့်အားပြည့်နဲ့ အလုပ်တွေလုပ်နိုင်ဦးမလားဆိုတာက အဓိကကျမှာဖြစ်ကြောင်းပြောဆိုလာပါတယ်။   ” အခုလို လုပ်ငန်းတာဝန်တွေကိုထမ်းဆောင်နိုင်ဦးမလားဆိုတာက အရေးကြီးပါတယ်။  ကျွန်တော့်အလုပ်ကို ကျွန်တော်သိပ်ချစ်ပါတယ်။​ ဒါပေမယ့်အမြဲတမ်း ပြောခဲ့တဲ့အတိုင်း  ကမ္ဘာပေါ်မှာ ကစားသမားတွေ   နည်းစနစ်တွေဆိုတာထက်ပိုပြီး အရေးကြီးတာတွေရှိနေပါသေးတယ် “ ဆိုပြီးပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

အဆင့် ၄ ရောက်ဖို့ကြိုးစားရဦးမယ်လို့ အာတီတာပြော

အာတီတာက အဆင့် ၄ အတွင်းဝင်ဖို့အတွက် အများကြီးကြိုးစားရဦးမှာဖြစ်ကြောင်းအခုလိုပြောဆိုလာခဲ့ပါတယ်။

”   အဆင့် ၄ အတွက်အလားအလာကောင်းတွေရှိနေတယ်လို့ ခံယူထားပါတယ်။ ဒါပေမယ့်လက်တွေ့မှာကတော့ အဆင့် ၆ မှာရပ်တည်နေတာပါ။  ကျွန်တော်တို့အနိုင်ကစားရမယ့်ပွဲတွေရှိပါသေးတယ်။  လောလောဆယ်မှာအရေးအကြီးဆုံးက ဝက်ဖို့နဲ့ပွဲကိုနိုင်ဖို့ပါပဲ  “  ဆိုပြီး ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

လက်ရှိရပ်တည်မှုကို ကျေနပ်နေတဲ့ အန်ဆယ်လော့တီ

ရီးရဲနည်းပြ အန်ဆယ်လော့တီဟာ အသင်းရဲ့လက်ရှိရပ်တည်မှုကို ကျေနပ်နေကြောင်းအခုလိုပဲ ပြောဆိုလာပါတယ်။  ” ဒီရာသီမှာ ကျွန်တော်တို့အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ ဖြစ်နိုင်ချေတွေပြောရင်တော့အခုထက်ပိုကောင်းနိုင်သလို ပိုလဲဆိုးနိုင်တာပါပဲ။  အရိုးသားဆုံးပြောရရင်  ကျွန်တော်တို့ ဒီရာသီမှာ လုပ်ဆောင်နိုင်ခဲ့တာတွေအတွက် ပျော်ရွင်မိပါတယ်။  အခက်အခဲတွေကို အကောင်းဆုံးကိုင်တွယ်နိုင်ခဲ့ပြီးတဲ့နောက် အသင်းဟာ ရှိရမယ့်နေရာတစ်ခုမှာရှိနေပါတယ် “  လို့ပြောခဲ့တာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: