“အာဆင်နယ်မှာပဲ ကျွန်တော့်ဘ၀တစ်ခုလုံး ဖြတ်သန်းချင်ပါတယ်” မာတင်နယ်လီ 

မာတင်နယ်လီက သူ့ရဲ့ ဘ၀တစ်ခုလုံးကို အာဆင်နယ်မှာပဲ ဖြတ်သန်းချင်ပြီး အသင်းနဲ့အတူ အောင်မြင်မှုတွေကို ရှာဖွေသွားမယ်လို့ ESPN Brasil  နဲ့အင်တာဗျူးမှာ ပြောလာခဲ့ပါတယ်။၂၀၁၉မှာ အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့တဲ့ဘရာဇီးလ်သားလေးဟာ ၂၀၂၀မှာတော့ ပြင်းထန်တဲ့ ဒူးဒဏ်ရာရခဲ့ပြီး ကာလအတန်ကြာအနားယူခဲ့ရပေမယ့် လက်ရှိဘောလုံးရာသီမှာတော့ အသင်းအတွက် အပြည့်အ၀ကစားပေးနေနိုင်ပါပြီ။ 

လက်ရှိရာသီ သူ ပါ၀င်ခဲ့တဲ့ ပရီးမီးယားလိဂ် ၁၆ပွဲမှာ မာတင်နယ်လီဟာ ၆ဂိုးပါ၀င်ပတ်သက်မှု ပြုလုပ်ထားနိုင်ခဲ့ပါတယ်။၂၀၁၅-၂၀၁၆ဘောလုံးရာသီပြီးကတည်းက ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးလေးသင်းစာရင်းမ၀င်နိုင်ခဲ့သေးတဲ့ အာဆင်နယ်အတွက် လက်ရှိရာသီမှာ အမှတ်ပေးဇယားရဲ့ အဆင့်‌ လေးနေရာအတွင်း၀င်နိုင်ဖို့က အဓိက ဦးတည်ချက်ဖြစ်တယ် လို့ မာတင်နယ်လီက ဆိုခဲ့ပါတယ်။ 

ကျွန်တော်တို့မှာ ငယ်ရွယ်တဲ့ (ကစားသမား)အစုအဖွဲ့တစ်ခုရှိတယ်။ ကျွန်တော်တို့ထက် ဝါရင့်ပြီး အရည်အသွေးမြင့်မားတဲ့ကစားသမားတွေလည်း ရှိတယ်။ ကြီးမားတဲ့ အောင်မြင်မှုတွေကို ကျွန်တော်တို့ ရယူနိုင်လိမ့်မယ်လို့ ထင်ပါတယ် လို့ ESPN Brazilနဲ့ အင်တာဗျူးမှာ မာတင်နယ်လီက ခုလိုပဲ ဆိုလာခဲ့ပါတယ်။ 

ကျွန်တော်တို့ရဲ့ဦးတည်ချက်ကတော့ ချန်ပီယံလိဂ်ပါပဲ။အဆင့်လေးနေရာအတွင်း ၀င်နိုင်ဖို့ ကျွန်‌တော်တို့ တိုက်ပွဲ၀င်သွားမှာပါ။အာဆင်နယ်လို အသင်းမျိုးက ချန်ပီယံလိဂ်မှာ ရှိသင့်ပါတယ်။ ဒါက ကျွန်တော်တို့လုံး၀အာရုံစိုက်ထားတဲ့ အရာပါ” 

ဒီထက် ပိုများတဲ့ အောင်မြင်မှုတွေကိုလည်း ကျွန်တော်လိုချင်ပါတယ်။ အာဆင်နယ်က အသင်းကြီးတစ်သင်းပါ။” 

တကယ်လို့ အသင်းမှာ ဘ၀တစ်ခုလုံး နေလို့ရတယ်ဆိုရင် ဒီမှာပဲ ကျွန်တော်နေသွားမှာပါ။ အာဆင်နယ်နဲ့အတူ အောင်မြင်မှုတွေ ကျွန်တော်ရှာဖွေချင်‌ပါသေးတယ်။ ကျွန်တော်ပြောခဲ့သလိုပဲပေါ့ .. အသင်းမှာ နေပြီး ဒီလိုအံ့ဩဖို့ကောင်းတဲ့ ပရိသတ်တွေ၊အသင်း‌ဖော်တွေနဲ့အတူ ချန်ပီယံဆုတွေကို အနိုင်ရသွားချင်ပါတယ်” 

၀က်ဖို့ဒ်နဲ့ပွဲစဉ်မှာတော့ အာတီတာဟာ အသင်းရဲ့ ဘယ်တောင်ပံတိုက်စစ်မှာ မာတင်နယ်လီကို အသုံးပြုမလား ၊စမစ်ရိုးကို အသုံးပြုမလားဆိုတာကတော့ ခန့်မှန်းရခက်နေဆဲပါပဲ။ မာတင်နယ်လီကတော့ ၀က်ဖို့ဒ်ကို အနိုင်ယူဖို့အတွက် စိတ်အားထက်သန်နေတာကို ပြီးခဲ့တဲ့ရက်ကလည်း Twitter မှာ ဖော်ပြခဲ့ပါသေးတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: