Gunners’ Side – နောက်ဆုံးရအာဆင်နယ်သတင်းများ (5 Mar)

အီကီတိုက်ကို  မန်ချက်စတာယူနိုက်တက်နဲ့အပြိုင်စိတ်ဝင်စားလာတဲ့ အာဆင်နယ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ ဟူဂိုအီကီတိုက် ကို အာဆင်နယ်အသင်းကလဲ စိတ်ဝင်စားပစ်မှတ်ထားလာတယ်လို့သတင်းတွေကဖော်ပြလာပါတယ်။  ရင်းမ်စ် အသင်းရဲ့ အသက် ၁၉ နှစ်အရွယ်ပြင်သစ်တိုက်စစ်မှုးလေးဟာ  ဒီရာသီမှာ ၂၂ ပွဲကစားပြီး ၉ ဂိုးသွင်းယူထားနိုင်သလို ထူးခြားတဲ့စွမ်းဆောင်ရည်တွေကိုလည်းပြသထားနိုင်ခဲ့ပါတယ်။ အဆိုပါကစားသမားအတွက် ခေါ်ယူလိုတဲ့အသင်းက ပေါင်သန်း ၄၀ ခန့်အသုံးပြုရနိုင်ဖွယ်ရှိပါတယ်။

ပေပေကြောင့် အာဆင်နယ်ရောက်လာကြောင်း ဂါဘရီယယ်ပြန်ပြောလာ

အာဆင်နယ်ကို မပြောင်းရွှေ့မီ လပိုင်းအလိုလောက်မှာ  အဲဗာတန်အသင်းကိုပြောင်းရွှေ့လုနီးပါဖြစ်ခဲ့ကြောင်းနဲ့   လိုင်လီကစားဖော် ပေပေကြောင့်သာ အာဆင်နယ်ကိုရွေးချယ်ဖြစ်ခဲ့တာလို့ ဂါဘရီယယ်က ပြန်ပြောပြလာပါတယ်။  “  ကျွန်တော်က အဲဗာတန်နဲ့  ဆေးစစ်မှုခံယူဖို့လုပ်နေပြီဗျ .. ဒါပေမယ့်  စိတ်ပြောင်းသွားခဲ့တယ်။  နာပိုလီနဲ့လဲစကားပြောခဲ့ပါတယ်။ အဆုံးမှာတော့ အာဆင်နယ်ကိုပဲရွေးချယ်ဖြစ်ခဲ့ပါတယ်။ ဒီအတွက်တော့ ပေပေကိုကျေးဇူးတင်ရပါမယ် .. အသင်းမှာ အစစ အရာရာအဆင်ပြေခဲ့ပါတယ် “  ဆိုပြီး ကစားဖော်ဟောင်းရှိရာကိုရွေးချယ်ဖြစ်ခဲ့ပုံကို ပြောပြလာတာပါ။

ဂျက်စပန့်စ်ကို စပါးကလဲ လိုချင်လာ

အာဆင်နယ်အသင်းနဲ့ ပထမဦးဆုံးနာမည်ထွက်ခဲ့တဲ့ ဂျက်စပန့်စ်ကို  ယခုအခါမှာ စပါးအသင်းကလဲခေါ်ယူလိုနေတယ်လို့ Goal ရဲ့ဖော်ပြချက်အရသိရပါတယ်။ အဆိုပါ မစ်ဒယ်ဘရော့နောက်ခံလူ (ယခု နော်တင်ဟမ်ဖော်ရက်စ်မှ အငှားကစားနေ)  ကို ဘိုင်ယန်မြူးနစ်အသင်းကလဲ ကင်းထောက်တွေလွှတ်ကာစောင့်ကြည့်နေကြောင်းသတင်းတွေထွက်ပေါ်ထားပါတယ်။

Advertisements

ရမ်းစ်ဒေးလ်နဲ့ ရွှေလက်အိတ်ဆုထိုက်တန်ကြောင်း အာတီတာ မှတ်ချက်ပြု

နည်းပြအာတီတာဟာ ရာသီကုန်မှာချီးမြှင့်မယ့် ပရီးမီးယားလိဂ်ရွှေလက်အိတ်ဆုကို  ရမ်းစ်ဒေးလ်ဆွတ်ခူးနိုင်မယ်လို့ ယုံကြည်နေပါတယ်။  အာဆင်နယ်မီဒီယာနဲ့တွေ့ဆုံခန်းမှာ သူ့ရဲ့ ဂိုးသမားနဲ့ပတ်သတ်ပြီးအခုလိုမှတ်ချက်ပေးခဲ့ပါတယ်။

“  ကျွန်တော့်ရဲ့ ကစားသမားတိုင်းက ဆုတွေရနိုင်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါပေမယ့် အသိသာဆုံးကတော့ အာရွန်ပါပဲ။ သူဘာတွေလုပ်ပြနေတယ်ဆိုတာ အားလုံးအမြင်ပါပဲ။ ဒါမေးခွန်းထုတ်စရာမလိုပါဘူး “  ဆိုပြီးမှတ်ချက်ပေးခဲ့ကာ  ဆုရနိုင်ဖို့မျှော်လင့်ကြောင်း ကိုလည်းဖြည့်စွက်ပြောကြားခဲ့ပါတယ်။

အသင်းရဲ့တိုးတက်မှုကို ရေးပါလာရှင်းပြ

ဂန္တဝင်ကြီးရေးပါလာက  ဒေးဗစ်ဆီးမန်းရဲ့   Seaman Says Podcast မှာ အာဆင်နယ်အသင်းရဲ့လက်ရှိအနေအထားကို အနှစ်ချုပ်ပြီး အခုလိုပြောကြားခဲ့ပါတယ်။

  အသင်းရဲ့စွမ်းဆောင်ရည်က အတက်ပြနေပါတယ်။ အခက်အခဲတွေကိုရင်ဆိုင်နိုင်စွမ်းလဲများလာပါတယ်။ နောက်တန်းလေးယောက်ကထင်ထားတာထက်ပိုကောင်းနေတယ်။  ရှာခါနဲ့ပါတေးက အများကြီးပိုစွမ်းဆောင်နေတာပါ။  ဆာကာ ၊ စမစ်ရိုးတို့အကြောင်းကတော့ သိကြပြီးသားပါပဲ။  အိုဒီဂတ်ကလည်းပဲ​ အဆင့်ပိုမြင့်လာတဲ့ကစားသမားပါ “ ဆိုပြီး ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: