မတ်လကို အမြှောက်သံတွေနဲ့ အဖွင့်လှနိုင်မလား

ဖေဖော်ဝါရီလကို အမြှောက်တပ်သားတွေဟာ အံဩဖို့ကောင်းတဲ့ တကျော့ပြန်နိုင်ပွဲနဲ့အတူ ကန့်လန့်ကာချနိုင်ခဲ့ပါတယ်။ လာမယ့် တနင်္ဂနွေနေ့ည မြန်မာစံတော်ချိန် ၈:၃၀အချိန်မှာတော့ မတ်လအတွက် အာဆင်နယ်ရဲ့ ပထမဆုံးပွဲစဉ်အဖြစ် ၀က်ဖို့ဒ်ရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။ 

အမှတ်ပေးဇယားရပ်တည်မှုတွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ၀က်ဖို့ဒ်က အမှတ်ပေးဇယား အဆင့် ၁၈နေရာ တန်ဆင်းဇုန်ထဲကို ရောက်ရှိနေပါတယ်။ ပွဲကျန်၃ပွဲကစားဖို့ ကျန်ရှိနေသေးတဲ့ အာဆင်နယ်အသင်းဟာ အဆင့်၄နေရာက မန်ယူနဲ့ ၂မှတ်အကွာ အဆင့်ခြောက်နေရာမှာ ရပ်တည်နေပါတယ်။ 

အာဆင်နယ်အသင်းက ချန်ပီယံလိဂ်၀င်ခွင့်တစ်နေရာအတွက် တိုက်ပွဲ၀င်ရမှာ ဖြစ်သလို ၀က်ဖို့ဒ်ကလည်း ရာသီကုန်မှာ ပရီးမီးယားလိဂ်မှာ ကျန်ရှိနေခဲ့အောင် တန်းဆင်းဇုန်တိုက်ပွဲ ဆင်နွှဲရဖို့ ရှိနေပါတယ်။ အမှတ်ပေးဇယားရပ်တည်မှုအရရော၊ ခြေစွမ်းအရပါ ဒီအသင်းနှစ်သင်းကြားမှာ ကွာခြားမှု မြင့်မားပေမယ့် ၀က်ဖို့ဒ်အသင်းရဲ့ မထင်မှတ်တဲ့ ရုန်းအားကိုတော့ အာဆင်နယ်အနေနဲ့ သတိထားဖို့ လိုအပ်ပါလိမ့်မယ်။ 

၀က်ဖို့ဒ်အသင်းရဲ့ အိမ်ကွင်းမှတ်တမ်းတွေကတော့ မကောင်းမွန်လှပါဘူး။ အိမ်ကွင်းနောက်ဆုံး ခြောက်ပွဲမှာ ခြောက်ပွဲလုံးရှုံးနိမ့်ထားသလို ပရီးမီးယားလိဂ်နောက်ဆုံး ၁၅ပွဲမှာလည်း ၁ပွဲသာအနိုင်ရထားခဲ့ပါတယ်။ ဒီလိုဆိုးရွားတဲ့ ရလဒ်တွေကြောင့် ရာသီကုန်မှာ တန်းဆင်းရဖို့အတွက် ၀က်ဖို့ဒ်ဟာ ရေပန်းစားနေခဲ့ပါတယ်။ 

မျှမျှတတပြောရမယ်ဆိုရင် အာဆင်နယ်အသင်းကလည်း အမ်းမရိတ်မှာ ဆို အနိုင်ယူဖို့ မဖြစ်နိုင်လောက်တဲ့ အသင်းလို့ ချီးကျူးနိုင်ရလောက်ပေမယ့် အဝေးကွင်းရလဒ်တွေကတော့ အရမ်းအကောင်းကြီးမဟုတ်လှပါဘူး။ အဝေးကွင်းပွဲစဉ်နောက်ဆုံး ခြောက်ပွဲမှာ လီဗာပူးလ်၊ မန်ယူနဲ့ အဲဗာတန်တို့ကို ရှုံးနိမ့်ထားခဲ့ပါတယ်။ လိဒ်စ်၊ နောဝှစ်၊ ဝူဗာဟန်တန်တို့နဲ့ကစားခဲ့တဲ့ နောက်ဆုံးအဝေးကွင်းသုံးပွဲကိုတော့ ဆက်တိုက်အနိုင်ယူထားခဲ့တာတွေ့ရပါတယ်။ ၀က်ဖို့ဒ်ကို သာ အနိုင်ယူနိုင်ခဲ့မယ်ဆိုရင်တော့ အဝေးကွင်းနောက်ဆုံး လေးပွဲဆက်အနိုင်ရခြင်း ဖြစ်လာမှာပါ။ 

ဒီပွဲစဉ်ဟာ အာဆင်နယ်အသင်းအတွက် မဖြစ်မနေ အနိုင်ရဖို့ လိုအပ်တဲ့ ပွဲစဉ်ဖြစ်ပါတယ်။ လာမယ့် သီတင်းပတ်တွေမှာ လက်စတာ၊ လီဗာပူးလ်တို့လို ခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ဖို့ ရှိနေတာကြောင့် ဒီလိုပွဲစဉ်မှာ အာဆင်နယ်အနေနဲ့ အနိုင်၃မှတ်ကို မဖြစ်မနေ ရှာဖွေရမှာ ဖြစ်ပါတယ်။ အနီးကပ်ဆုံးပြိုင်ဘက်တွေဖြစ်တဲ့ မန်ယူက မန်စီးတီး၊ ၀က်စ်ဟမ်းက လီဗာပူးလ်တို့နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပြီး ရမှတ်တွေဆုံးရှူံးရဖို့ ရှိနေတာကြောင့် အာဆင်နယ်အနေနဲ့ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ဖို့ လိုအပ်ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်တွေ အသင်းသား တွေပြသခဲ့တဲ့ ခြေစွမ်း၊တိုက်ပွဲ၀င်စိတ်နဲ့ စည်းလုံးမှုတွေဟာ ၀က်ဖို့ဒ်ကိုအနိုင်ယူဖို့ အကောင်းဆုံးခွန်အားတွေ ဖြစ်လာနိုင်ပါတယ်။ ဒီပွဲစဉ်ကို အနိုင်ရဖို့ စိတ်အားထက်သန်နေကြတဲ့ အမြှောက်တပ်သားတွေဟာ ဖေဖော်ဝါရီလက ကံကောင်းခြင်း၊ပျော်ရွှင်ခြင်းနဲ့ အောင်ပွဲတွေကို မတ်လဆီ ဆက်လက်သယ်ဆောင်သွားနိုင်မလားဆိုတာတော့ ကျွန်တော်တို့ ရင်ခုန်စွာနဲ့ စောင့်မျှော်ရပါမယ်။ 

ဒီပွဲစဉ်မှာ အမြှောက်တပ်သားတွေ မရှုံးနိမ့်နိုင်ပါဘူး။သရေရလဒ်မထွက်ပေါ်ဖို့ပဲ ကျွန်တော်တို့ အနည်းငယ်ဆုတောင်းပေးဖို့ လိုပါလိမ့်မယ်။ ဂိုးပြတ်နိုင်ပွဲတစ်ခုတော့ မြင်တွေ့ရဖို့ခက်မှာ ဖြစ်ပြီး ပွတ်ကာသီကာနဲ့ပဲ အနိုင်ရသွားဖို့ များပါလိမ့်မယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: