M.S.News – နောက်ဆုံးရဘောလုံးသတင်းများ (4Mar)

အရိုဂျိုကို ကမ်းလှမ်းလိုက်တဲ့  မန်ယူ

ယူနိုက်တက်အသင်းဟာ ဘာစီလိုနာ နောက်ခံလူ အရိုဂျိုကို တစ်နှစ်လုပ်ခလစာ  ပေါင် ၁၀ သန်းခန့်တန်ကြေးရှိတဲ့ စာချုပ်တစ်ရပ်နဲ့ ကမ်းလှမ်းလိုက်ကြောင်းသိရပါတယ်။  ဘာကာတို့ဖက်က တစ်နှစ်ကို ယူရို ၄ သန်းခန့်နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားကလက်ခံထားခြင်းမရှိဘူးလို့ သိရပါတယ်။ အဆိုပါ နောက်ခံလူကို ချဲလ်ဆီးအသင်းနည်းပြတူချယ်ကလည်း သဘောကျနေခဲ့တာဖြစ်ပါတယ်။

သူ့ကိုဘာစီလိုနာက အခွင့်အရေးမပေးခဲ့ဘူးလို့ နည်းပြဟောင်းကိုးမန်းပြော

ဘာစီလိုနာအသင်းနည်းပြဟောင်းရိုနယ်ကိုးမန်းက သူနည်းပြစဥ်အချိန်တုန်းက လက်ရှိနည်းပြဇာဗီလိုအခွင့်ရေးမရခဲ့ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အခုလက်ရှိဇာဗီလုပ်ပုံကောင်းမွန်နေတယ်ဆိုတာ သူရရှိနေတဲ့အခွင့်ရေးတွေကြောင့်ပါ။ ကျွန်တော်အခု ထက်ထိနာကျင်နေတုန်းပါ။ ဘာစီလိုနာက  ဇာဗီကိုအချိန်ပေးသလို ကျွန်တော့်ကို မပေးခဲ့ပါဘူး။ ကျွန်တော်ကိုင်တွယ်တုန်းက ဒဏ်ရာရကစားသမားတွေနဲ့ဘဲရှေ့ဆက်ခဲ့ရတယ်။ အခုခင်ဗျားတို့အကုန်လုံးကို အကောင်းတိုင်းမြင်နိုင်ပါပြီ “ ဆိုပြီးပြောဆိုခဲ့တာဖြစ်ပါတယ်။

စူပါလိဂ်ပြန်စဖို့ ပီရက်ဇ်ကြိုးပမ်း

ရီးရဲ ဥက္ကဌပီရက်ဇ်ရဲ့ ကြိုးပမ်းမှုနဲ့အတူ  စူပါလိဂ်ပြိုင်ပွဲမှာပြန်လည်အသက်ဝင်လာပြီဖြစ်တယ်လို့ သိရပါတယ်။  ကော်မတီကို ကလပ်အ သင်း(၁၀)သင်းဖြင့် ပြန်လည်ဖွဲ့စည်းပြီး ရာသီမကုန်ခင်မှာ ပြိုင်ပွဲအတွက်  ဆုံးဖြတ်မည်ဖြစ်ကြောင်းသိရပါတယ်။ ယခုပြန်လည်ဖွဲ့စည်းပြီးနောက် ကောလဟာလများအရ ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာစီးတီး၊ မန်ချက်စတာယူနိုက်တက်၊ ဂျူဗင်တပ်၊ အင်တာမီလန်၊ အေစီမီလန်၊ ဘာစီလိုနာ၊ အက်သလက်တီကိုမက်ဒရစ်၊ လီဗာပူးနဲ့ ချဲလ်ဆီးအသင်းများ ပါဝင်နေကြောင်း Vozpópuli ရဲ့ဖော်ပြချက်အရ သိရပါတယ်။

Advertisements

ကာဗာနီရဲ့နေရာအတွက် ဒါဝင်နူးနက်စ်ကို မန်ယူစောင့်ကြည့်နေ

မန်ချက်စတာယူနိုက်တက်အသင်းဟာ  အာဆင်နယ်နဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ ပစ်မှတ်ဖြစ်တဲ့ ဒါဝင်နူးနက်စ်ကို  ရာသီကုန်မှာထွက်ခွာတော့မယ့် ကာဗာနီရဲ့နေရာမှာအစားထိုးဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။ နူနက်စ်ဟာ ယခုရာသီမှာ ဘင်ဖီကာအတွက် ၂၅ ဂိုးသွင်းယူပေးထားနိုင်သူလဲဖြစ်ပါတယ်။

လီဗာကူဆင်လူငယ်ကိုလိုက်နေကြတဲ့ အသင်းကြီးများ

လေဗာကူဆင်အသင်းရဲ့ အသက်(၁၈)နှစ်အရွယ် ကွင်းလယ်တိုက်စစ်ကစားသမား ဖလော်ရီယန်ဝက်ဇ်ကိုခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းအပြင် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ကပါခေါ်ယူရန်စိတ်ဝင်စားလာကြောင်းသိရပါတယ်။ ကစားသမားအနေနဲ့ကတော့ ကလပ်အသင်းများစွာရဲ့ စိတ်ဝင်စားခြင်းကိုခံနေရသော်လည်း စာချုပ်သက်တမ်းမကုန်မီအထိအသင်းကထွက်ခွာမည်မဟုတ်ကြောင်း လေဗာကူဆင်အသင်းကထုတ်ဖော် ပြောကြားထားပါတယ်။  ဖလော်ရန်ဝက်ဇ်ဟာ အသင်းရဲ့  အဓိကကစားသမားအဖြစ်ရပ်တည်လျှက်ရှိပြီးပြိုင်ပွဲစုံ (၂၈)ပွဲမှာ (၁၀)ဂိုးသွင်းယူထားကာဂိုးဖန်တီးမူ (၁၃)ကြိမ်ပြုလုပ်ထားနိုင်ပါတယ်။

လေ့ကျင့်ရေးကွင်းမှာ ပေပေနဲ့ဆန့်ကျင်ဖက်မနေလိုကြတဲ့ တီယာနေနဲ့ ဟိုးဒင်း

အာဆင်နယ်နောက်ခံလူတွေဖြစ်ကြတဲ့ ဟိုးဒင်းနဲ့ တီယာနေတို့ဟာ လေ့ကျင့်ရေးကွင်းမှာ အသင်းဖော်ပေပေနဲ့ ဆန့်ကျင်ဘက်အသင်းကနေ မကစားချင်ကြကြောင်းအခုလိုပြောဆိုလာပါတယ်။  “   လေ့ကျင့်ရေးမှာ ပေပေနဲ့ဆန့်ကျင့်ဖက်အသင်းကနေ ကစားရချိန်ကတော့ တကယ်ကြောက်စရာကောင်းတဲ့အချိန်ပါပဲ။ သူက တကယ်ကောင်းတဲ့ကစားသမားပါ   လို့တီယာနေကဆိုခဲ့ပါတယ်။ ဟိုးဒင်းကလဲ  “  ပေပေနဲ့တော့ တဖက်စီမကစားချင်ဘူးဗျာ ..  အဲ့တာတကယ်မမိုက်ဘူး .. အထူးသဖြင့် တစ်ယောက်ချင်းတွေ့ချိန်တွေမှာပေါ့  “ ဆိုပြီးမှတ်ချက်ပြုလာကြတာပါ။ 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: