ကိုယ်တိုင်ကလွဲရင် ဘယ်သူမှ ကျွန်တော့်ကို မရပ်တန့်နိုင်ပါဘူး- ရှာခါ

အွန်လိုင်းကလှောင်ပြောင်သရော်မှုတွေကြောင့်  သူ့ရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာတွေဟာ လုံးဝထိခိုက်သွားမှာမဟုတ်ဘူးလို့ ဂရန်းနစ်ရှာခါက ပြောလာခဲ့ပါတယ်။ ရှာခါဟာ ဒီစကားကို စိတ်အားထက်သန်စွာပဲ  ပရိတ်သတ်တွေနဲ့ ဆုံတွေ့ပွဲမှာပြောခဲ့တာပါ။

လွန်ခဲ့တဲ့နှစ်အနည်းငယ်မှာ ကွင်းတွင်းကွင်းပြင်ကိစ္စရပ်တွေကြောင့် ရှာခါနဲ့သူ့ရဲ့မိသားစုဟာ တော်တော်လေးကို ထိခိုက်ခဲ့ရပါသေးတယ်။  ကိုယ်ထိလက်ရောက်တိုက်ခိုက်ခံရဖို့အထိပါ  အန္တရာယ်များခဲ့တဲ့ သူ့ရဲ့အခြေအနေကြောင့် လက်ရှိအချိန်မှာကြုံနေရတဲ့ အွန်လိုင်းပေါ်ကအရေးအသားတွေဟာ သူ့အတွက်ပုံမှန်သာဖြစ်ကြောင်းဖွင့်ဟလာတာပါ။

“  ကျွန်တော့်ကိုယ်ကျွန်တော် အမြဲတမ်းပြောခဲ့တယ်ဗျ။  ကိုယ်တိုင်ကလွဲရင် ဘယ်သူမှ ကျွန်တော့်ကို မရပ်တန့်နိုင်ပါဘူး။  ဒဏ်ရာပြသနာတွေ နဲ့အခြားသောကိစ္စရပ်တွေဟာ  အတားအဆီးတွေ ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုပြင်ပကိစ္စကြောင့်မှ ကျွန်တော်ကပြိုလဲမှာမဟုတ်ပါဘူး “

“ ကျွန်တော့်ခေါင်းထဲမှာအမြဲရှိနေတဲ့အရာကတော့ စိတ်ဓါတ်ခိုင်မာမှုပါပဲ။  ဘယ်အချိန်မှာ ဘာလုပ်မယ်၊ စွန့်ခွာမယ် ၊ ရပ်နားမယ်ဆိုတာကို ကိုယ်တိုင်ပဲဆုံးဖြတ်သွားမှာပါ။ ပရိတ်သတ်တွေကြောင့် ၊ တစ်စုံတစ်ယောက်ကြောင့် အဖြစ်ခံမှာမဟုတ်ပါဘူး၊ ဖြစ်လဲမဖြစ်ပါဘူး “

ဝင်းဂါးရဲ့ စာချုပ်ခေါ်ယူမှုတွေထဲက တစ်ယောက်ဖြစ်တဲ့ ကပ္ပတိန်ဟောင်းကြီး အာဆင်နယ်အတွက်ဘယ်လောက်အထိကစားပေးမလဲဆိုတာကိုလဲအခုလိုဖြေခဲ့ပါတယ်။

“ ကျွန်တော်အသင့်မဖြစ်ဘူးလို့ ခံစားရတဲ့အခါမှာ  အသင်းကိုစွန့်ခွာမှာပါ။ ဒါပေမယ့်  လုပ်ဆောင်နိုင်တဲ့အစွမ်းရှိနေသရွေ့တော့  အသင်းကိုတတ်အားသရွေ့ကူညီသွားမှာပါ။ ဒီလိုဆုံးဖြတ်ချက်တွေချဖို့အတွက် ဘယ်လိုအရာကမှ တွန်းအားပေးမနေသလို ကိုယ့်အကြောင်း အဆိုးတွေရေးသားနေတာကိုလည်း တုန့်ပြန်နေတာမဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင် ဆန္ဒအရလုပ်တာပါ “

ဆွစ်ဇာလန်သားကြီးက သူကြုံတွေ့ရတဲ့ လူတွေရဲ့အကြောင်းကိုလဲ အခုလိုပြောပြပါသေးတယ်။

“ အံ့သြစရာတစ်ခုပြောရဦးမယ်ဗျ .. လူတွေက ကျွန်တော်နဲ့မျက်နှာချင်းဆိုင်တွေ့ရင် အဆိုးတစ်ခုမှမပြောဘူး .. တကယ်ပါပဲဗျာ “

“ ကျွန်တော်က ၁၇ နှစ်သားထဲက ဘောလုံးသမားဘဝထဲကိုရောက်နေတာ.. အခုဆိုရင် ၁၃ နှစ်နီးပါးပေါ့။  ဒီတော့ အခုကြုံတွေ့နေရတဲ့  ပြောဆိုမှုတွေ ၊ အပြစ်တင်မှုတွေအကုန်လုံးက သာမန်လိုပါပဲ။

ဂန်းနားကြီးဟာ စိတ်ဓါတ်ပိုင်းဆိုင်ရာမာကြောမှုမှာတော့ပြောစရာကို မလိုတဲ့သူပါပဲ။  အူဘာမီယန်တစ်ယောက်ပြသနာဖြစ်တုန်းကတောင် “  ကျွန်တော်က ဒါမျိုးကြုံဖူးတယ် ၊ သူကအခုမှခံစားဖူးတာပါ “ ဆိုပြီး သူက မှတ်ချက်ပေးခဲ့သူပါ။​

“ ကျွန်တော်ဒီမှာကစားတာ ၆ နှစ်လောက်ရှိနေပြီ။  စပါးနဲ့ကစားရတဲ့ပွဲတွေဟာ သိပ်ပြီး  စိတ်လှုပ်ရှားစရာကောင်းပါတယ်။  ဝုဗ်နဲ့ကစားရတဲ့ ပွဲတုန်းကလည်း  မိနစ် ၇၀နောက်ပိုင်းအချိန်တွေက တော်ေတာ်ကောင်းခဲ့တာပဲ။  အဲ့ဒီပွဲကလည်း ကျွန်တော်အမှတ်အရဆုံးနဲ့အကောင်းဆုံး  ၃ပွဲ စာရင်းထဲမှာပါပါတယ် “

အာဆင်နယ်နည်းပြ အာတီတာဟာ  ရိုးမားအသင်းကိုပြောင်းလုလုဖြစ်နေတဲ့ ဂရန်းနစ်ကိုရအောင်စည်းရုံးသိမ်းသွင်းနိုင်ခဲ့တာပါ။ ဒီကိစ္စဟာ မှန်ခဲ့လား ၊ မှားခဲ့လားကတော့ ဖြေရခက်တဲ့မေးခွန်းပါပဲ။  စိတ်ဓါတ်ပြင်းထန်စွာနဲ့ အားကြိုးမာန်တက်ကစားတာကိုမြင်ရတိုင်း  “ ဒါဟာ ဂရန်းနစ်ပဲ “ လို့ကြွေးကြော်နိုင်ပေမယ် ၊  မရင့်ကျက်သေးတဲ့လူငယ်လေးတစ်ယောက်လို ပစ်ဒဏ်တွေကျူးလွန်တဲ့အခါတိုင်း “ ရှာခါကတော့ကွာ  “ ဆိုပြီး ရေရွတ်ကြရတာပါ။  ဘယ်လိုပဲဖြစ်ဖြစ်ရှာခါဟာ အာဆင်နယ်ပရီတ်သတ်တွေရဲ့ အချစ်ကိုတော့ရရှိထားသူဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: