ဘရိုဂျာကို ဝက်စ်ဟမ်းကလည်းခေါ်ယူဖို့ပြင်ဆင်
စပိန်သတင်းစာ Sport ရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းရဲ့ပစ်မှတ်ဖြစ်တယ်လို့ သတင်းထွက်နေတဲ့ တိုက်စစ်မှုး အာမန်ဒိုဘရိုဂျာကို ဝက်စ်ဟမ်းအသင်းကလဲ ပေါင် ၂၅ သန်းခေါ်ယူဖို့အသင့်ရှိနေပြီလို့ သိရပါတယ်။ အငှားထွက်ကစားနေတဲ့ ဘရိုဂျာဟာ အထူးခြေစွမ်းပြနေလို့ ဆောက်သမ်တန်ကလဲအပြီးသတ်ခေါ်ယူထားလိုတယ်လို့ ထုတ်ဖော်ပြောထားသလို မိခင်ကလပ် ချဲလ်ဆီးဖက်ကလည်း ပြန်လည်ခေါ်ယူဖွယ်ရှိနေပါတယ်။
အာတီတာရဲ့လုပ်ဆောင်ချက်တွေကို လူတွေက အလွယ်တကူရီမောတတ်ကြတယ်လို့ အီယန်ရိုက်ပြောဆိုလာ
နည်းပြအာတီတာရဲ့ ဆုံးဖြတ်ချက်တွေဆိုရင် လူတွေက ရီမောတတ်ကြကြောင်း အီယန်ရိုက်ကပြောကြားလာပါတယ်။ “ ရမ်းစ်ဒေးလ်နဲ့ တိုမီယာစု တို့ကိုခေါ်ယူတုန်းကလဲ သူ့ကိုရီကြတာပါပဲ။ ဒါပေမယ့် မစ်ခေးက သူလုပ်ရမယ့်အလုပ်တွေကို သူရှင်းရှင်းလင်းလင်းသိပါတယ်။ အူဘာနဲ့ အိုဇေးကိစ္စတုန်းကလည်း သူ့ရဲ့ ဆုံးဖြတ်ချက်ကပြတ်သားခဲ့ပါတယ်။ သူက အသင်းအတွက်အလုပ်လုပ်နေတာပါ။ ကျွန်တော်ကတော့ ဘာတွေလုပ်ဆောင်နေတယ်ဆိုတာကိုမြင်ပါတယ်။ နွေရာသီမှာလည်းကောင်းမွန်တဲ့အပြောင်းအရွှေ့တွေ လုပ်ဆောင်မှုတွေကို မြင်ရဥိးမယ်လို့ မျှော်လင့်ပါတယ် “ ဆိုပြီး သူ့ရဲ့ Podcast ကနေတဆင့်ပြောသွားတာဖြစ်ပါတယ်။
ဝက်စ်ကင်ကို ရောင်းချတော့မယ့် ဂျာရတ်
ဗီလာနည်းပြ စတီဗင်ဂျာရတ်ဟာ တိုက်စစ်မှုးဝက်စ်ကင်ရဲ့ စွမ်းဆောင်ရည်တွေကို နှစ်သက်မှုမရှိတာကြောင့် ကစားသမားအတွက်ကမ်းလှမ်းမှုတွေကို စတင်လက်ခံတော့မှာဖြစ်တယ်လို့ Football Insider ကဖော်ပြလာပါတယ်။ ဝက်စ်ကင်ဟာ အာဆင်နယ်အသင်းရဲ့ပစ်မှတ်ဖြစ်တယ်လို့ သတင်းတွေများစွာထွက်ပေါ်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။ ဒီရာသီမှာ ၆ ဂိုးသာသွင်းယူထားနိုင်တဲ့ဝက်စ်ကင်ဟာ ခြေစွမ်းပြဖို့လဲ ရုန်းကန်နေရတာဖြစ်ပါတယ်။
ပီရူးနောက်ခံလူကို အာဆင်နယ်စီတ်ဝင်စားနေ
အသက် ၂၁ နှစ်အရွယ် ပီရူးကစားသမား ဂျဟီမာလိုရာကို အာဆင်နယ်အသင်းက စိတ်ဝင်စားနေတယ်လို့ Football London ကဖော်ပြလာပါတယ်။ စပို့တင်းခရစ္စတယ်ရဲ့ အသက် ၂၁ နှစ်အရွယ်ညာနောက်ခံလူငယ်လေးကို တိုမီံယာစုနဲ့နေရာမှာ အရံအဖြစ်ထားဖို့အတွက် အီဒူးနဲ့အာတီတာတို့က ပစ်မှတ်ထားနေတာလို့သိရပါတယ်။ လိုရာဟာ အသက်ငယ်ရွယ်သေးပေမယ့် ကလပ်အသင်းနဲ့ရော နိုင်ငံအသင်းနဲ့ပါ ပွဲပေါင်း ၅၀ နီးပါးကစားထားပြီးခဲ့ပြီဖြစ်ပါတယ်။
ပေပေနဲ့ ဆန့်ကျင်ဘက်မှာမကစားချင်ကြတဲ့ အာဆင်နယ်နောက်ခံလူများ
အာဆင်နယ်နောက်ခံလူတွေဖြစ်ကြတဲ့ ဟိုးဒင်းနဲ့ တီယာနေတို့ဟာ အသင်းဖော်ပေပေနဲ့ အတူဆန့်ကျင်ဘက်အသင်းကနေ မကစားချင်ကြကြောင်းအခုလိုပြောဆိုလာပါတယ်။ “ ကျွန်တော် ပေပေနဲ့ အမြဲတမ်းလေ့ကျင်နေရတဲ့သူပါ။ သူနဲ့ဆန့်ကျင်ဖက်ကနေလဲနေ့တိုင်းကစားရပါတယ်။ အဲ့ဒီအချိန်ကတော့ တကယ်ကြောက်စရာကောင်းတဲ့အချိန်ပါပဲ။ သူက တကယ်ကောင်းတဲ့ကစားသမားပါ “ လို့တီယာနေကပြောခဲ့တာပါ။ အခြားနောက်ခံလူတစ်ဦးဖြစ်တဲ့ ဟိုးဒင်းကလဲ “ ပေပေနဲ့တော့ တဖက်စီမကစားချင်ဘူးဗျာ .. အဲ့တာတကယ်မမိုက်ဘူး .. အထူးသဖြင့် တစ်ယောက်ချင်းတွေ့ချိန်တွေမှာပေါ့ “ ဆိုပြီးမှတ်ချက်ပြုလာကြတာပါ။ နည်းပြအာတီတာကလည်း ပေပေဟာ AFCON က ပြန်လာပြီးနောက်ပိုင်း မတူညီတဲ့သူတစ်ယောက်ဖြစ်သွားခဲ့တယ်လို့ မှတ်ချက်ပြုထားပါတယ်။
Leave a Reply