EPL ပြိုင်ပွဲတစ်ခုလုံးကိုပါသက်ရောက်နေတဲ့ မန်ချက်စတာဒါဘီ

ဒါဘီပွဲဆိုတာပြိုင်ဆိုင်မှုပြင်းထန်တာတို့ ၊ အစဥ်အလာအရတို့ဘာတို့တွေခနဘေးဖယ်ထားလိုက်ပါတော့။ ဒီတစ်ကြိမ် မန်ချက်စတာဒါဘီကတော့  ပြိုင်ပွဲတစ်ခုလုံးစာကို သက်ရောက်မှုရှိတဲ့ရလဒ်တစ်ခုထွက်လာမှာဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ ချန်ပီယံလုပွဲကိုရော ၊  ဥရောပဝင်ခွင့်အတွက်ရော အလွန်အရေးပါနေတဲ့ပွဲစဥ်ဖြစ်ပါတယ်။

ဒီပွဲမှာ မန်ချက်စတာယူနိုက်တက်ကို နိုင်စေချင်နေတဲ့ပြိုင်ဖက်တွေ ၊ ယူနိုက်တက်နိုင်ဖို့လိုအပ်နေတဲ့အသင်းတွေ အကြောင်းအရင်ပြောပါမယ်။

အဂ်လန်ဒါဘီလို့တောင်ခေါ်ရတဲ့ အခါးသီးဆုံးပြိုင်ဖက် လီဗာပူး ဟာ ဒီပွဲမှာတော့  မန်ချက်စတာယူနိုက်တက်ကိုအားပေးရတော့မှာဖြစ်ပါတယ်။ လက်ရှိအမှတ်ပေးဇယားအရသူနဲ့အဝေးကြီးမှာရှိနေသလို  ယူနိုက်တက် ၃ မှတ်ထပ်တိုးသွားလို့ လီဗာပူးအတွက်ဘာမှမဖြစ်။ ဒါပေမယ့် သရေ သို့ ယူနိက်တက်သာနိုင်သွားရင် ထိပ်ဆုံးက စီးတီးနဲ့ သူနဲ့ကြားထဲမှာ  နောက်ထပ်ကွာဟချက် ၂ မှတ် သို့ ၃ မှတ်ကျဥ်းမြောင်းသွားမှာဖြစ်ပါတယ်။ လီဗာပူးတို့အနေနဲ့ သူ့အလုပ်သာ သူကောင်းကောင်းလုပ်နိုင်ရင်   ချန်ပီယံလမ်းကြောင်းပေါ်အလုံးစုံပြန်ရောက်သွားတော့မှာဖြစ်ပါတယ်။ အခါးသီးဆုံးပြိုင်ဖက်ကို အားပေးမယ့်လီဗာပူးအသင်းလို့ဆိုရမယ့်အခြေအနေပါ။  ချဲလ်ဆီးတောင်မှ သချာ်နည်းအရ အနီးကပ်ဆုံး ၊ သို့မဟုတ် အိမ်မက်မက်လို့ရတဲ့အဆင့်ဖြစ်သွားမှာမို့   အဆင့် ၂ နဲ့   ၃ ကတော့ယူနိုက်တက်ကိုအားပေးကြမှာဖြစ်ပါတယ်။  ဒါပေမယ့်  ချဲလ်ဆီးအတွက်ကတော့ သူ့အောက်တည့်တည့်က အသင်းက ယူနိုက်တက်ဖြစ်နေတာကြောင့် မန်စီးတီးနိုင်သွားရင်လဲ တစ်မျိုးတစ်ဖုံ အကျိုးရှိနေဆဲဖြစ်ပါတယ်။

ဒါပေမယ့် ဆန့်ကျင်ဖက်အနေအထား မှာတော့ ယူနိုက်တက်ကိုရှုံးစေချင်နေကြတဲ့ ၊ စီးတီကိုအားပေးကြမယ့် အသင်းတွေ ရှိနေကြတာပဲဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင်ဖြစ်နေကြတဲ့  အာဆင်နယ် ၊ စပါး ၊ ဝက်စ်ဟမ်းတို့ကတော့  မန်စီးတီးသာအနိုင်ရသွားရင်သူတို့အတွက်ပိုအကျိုးများမှာဖြစ်ပါတယ်။ အထူးသဖြင့် အာဆင်နယ်အတွက်ဖြစ်ပါတယ်။  အာဆင်နယ်ဟာ ယူနိုက်တက် ထက် ၃ ပွဲလျော့ကစားထားပေမယ့်  ၂ မှတ်သာလျော့နည်းနေတာဖြစ်လို့  ကျော်တက်ဖို့အလားအလာအကောင်းဆုံးဖြစ်နေတာပါ။  ထိုနည်းတူစွာ စပါးအသင်းကလဲ  ၂ ပွဲလျော့ထားပေမယ့်  ၅ မှတ်သာကွာဟနေတာမို့  ယူနိုက်တက်အသင်းအရေးနိမ့်ခြင်းဟာ သူတို့ရဲ့ချန်ပီယံလိဂ်အိမ်မက်အတွက် တော်တော်လေးအားကောင်းသွားစေမှာဖြစ်ပါတယ်။ သူတို့အတွက်ကတော့ မန်စီးတီးအနိုင်ရဖို့လိုအပ်နေပါတယ်။

ဒါဆိုရင် မန်စီးတီးနဲ့  မန်ချက်စတာယူနိုက်တက်တို့အတွက်ကရော ဒါဘီပွဲကနေ ၃ မှတ်ရဖို့ ဘယ်လောက်အထိ  အရေးပါနေပါသလဲ?

မန်စီးတီးဟာ တောက်လျှောက်အမှတ်တွေဖြတ်ပြီး ဦးဆောင်နေရာကနေ မထင်မှတ်ပဲ လီဗာပူးရဲ့ ကပ်လိုက်ခြင်းကိုခံလိုက်ရတာဖြစ်ပါတယ်။  မတော်တဆသာ ယခုပွဲမှာ အမှတ်ပြည့်မယူနိုင်ခဲ့ရင် ရာသီကုန်ခါနီးကျမှ ဆုဖလားတွေရဖို့အတွက် ခြေချော်လက်ချော်ဖြစ်သွားမယ့်အနေအထားရောက်သွားပါလိမ့်မယ်။ ဒီလိုအဖြစ်မျိုးကိုတော့ ဂွာဒီယိုလာအဖြစ်ခံမှာမဟုတ်ပါဘူး။ မီးကုန်ယမ်းကုန် ရုန်းကန်ကစားသွားမှာဖြစ်ပါတယ်။

ယူနိုက်တက်အတွက်ကတော့ အရာရာရင်းနှီးထားတဲ့ပွဲလို့ဆိုရပါလိမ့်မယ်။​ အသင်းရဲ့ ဂုဏ်သိက္ခာ ၊ ရိုနယ်ဒိုရဲ့ ဂုဏ်သိက္ခာ ၊ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ​စတာတွေအားလုံးအတွက်   မန်စီးတီးကိုအနိုင်ရခြင်းဟာ ဆုံချက်တစ်ခုသဖွယ်ဖြစ်လာမှာပါ။   ဒီပွဲကို နိုင်ခြင်းအားဖြင့်  ရုန်းကန်နေရတဲ့အနေအထားကနေ အချိုးအကွေ့တစ်ခုဖြစ်လာနိုင်သလို  ရှုံးနိမ့်ခဲ့ရင်လည်း အရာအားလုံးပါဝင်သွားမယ့်အနေအထားဖြစ်ပါတယ်။ ပွဲပိုတွေကစားထားပြီး အမှတ်မဖြတ်နိုင်ချိန်မှာ ဒီပွဲသာအမှတ်ထပ်လျော့ရင် သူတို့ရဲ့ ချန်ပီယံလိဂ်အိမ်မက်က ဆုံးခန်းတိုင်လုနည်းနည်းဖြစ်သွားပါလိမ့်မယ်။  နောက်ပြီး … ရိုနယ်ဒိုနဲ့ ယူရိုပါလိဂ်ဟာ မအပ်စပ်ပါဘူး။ ယူနိုက်တက်တို့ အရာရာ ချရင်းမယ့်ပွဲဖြစ်ပါတယ်။

ဒီတစ်ခါမန်ချက်စတာဒါဘီကတော့ သူတို့ ၂ သင်းနဲ့တင်မကပဲ  အဆင့် ၁ ကနေ  ၈ အထိအကုန်လုံးနဲ့ ပတ်သတ်နေတဲ့ပွဲပါပဲ။​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: