အာဆင်နယ်အပါအဝင် ပရီးမီးယားလိဂ်အသင်းတွေစိတ်ဝင်စားနေကြတဲ့ နူနက်စ်

ယခုရက်ပိုင်းအာဆင်နယ်အသင်းနဲ့နာမည်ထွက်နေတဲ့တိုက်စစ်မှုးတွေထဲ ကစားသမားအသစ်  ၂ ယောက်ပါဝင်လာပါတယ်။ တစ်ဦးကတော့ မန်စီးတီးရဲ့ ဂျေးဆူဖြစ်ပြီး ၊ နောက်တစ်ဦးကတော့ ဘင်ဖီကာရဲ့ ဒါဝင်နူနက်စ်ဖြစ်ပါတယ်။ ဂျေးဆူရဲ့ ပါဝင်လာပုံကတော့ ဖာဒီနန်ရဲ့ မှတ်ချက်အပေါ်မှာ  ၂၀၁၉ ခုနှစ်တုန်းက အာတီတာအပေါ်ပေးဖူးတဲ့ သူ့ရဲ့မှတ်ချက်ကို ပြန်ကိုးကားပြီးရေးသားနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် နူနက်စ်နဲ့ပတ်သတ်တဲ့သတင်းတွေကတော့  အာဆင်နယ်ဖက်က သွားရောက်ချိတ်ဆက်နေတယ်ဆိုတာကနေ စတင်လာတာဖြစ်ပါတယ်။  ဒါကြောင့် နူနက်စ်ရဲ့အကြောင်း ၊ အပြောင်းအရွှေ့ရဲ့အလားအလာတွေကို ထုတ်နှုတ်တင်ပြပေးလိုက်ပါတယ်။​

လူးဝစ်ဆွာရက်ဇ်နဲ့ ခိုင်းနှိုင်းခံရတဲ့ အသက် ၂၂ အရွယ်တိုက်စစ်မှုးလေးဟာ ကစားသမားဘဝမှာ  ပွဲပေါင်း ၁၃၅ ပွဲကစားထားပြီး ဂိုးပေါင်း ၅၉ ဂိုးလည်းသွင်းယူထားပြီးဖြစ်ပါတယ်။ စပိန်ဒုတိယတန်းမှာလည်း ကစားခဲ့ဖူးပေမယ့် သူ့နာမည်ထိုးထွက်လာတာကတော့ ဘင်ဖီကာနဲ့သာဖြစ်ပါတယ်။ အတွေ့အကြုံနဲ့ အသက်အရွယ်အရတော့ ပိုအဆင့်မြင့်တဲ့ပြိုင်ပွဲတွေဆီကို ခြေလှမ်းပြင်ဖို့ အချိန်ကျနေပြီလို့ဆိုနိုင်ပါတယ်။  တဖက်မှာလည်း ဥရောပအသင်းကြီးတွေရဲ့ ရေဒါအောက်မှာ သူရှိနေတာ အသေအချာပဲဖြစ်ပါတယ်။  ဘာစီလိုနာကနေ  ဆွာရက်ဇ်ထွက်ခွာစဥ်တုန်းကလည်း နူနက်ကိုခေါ်ယူသင့်ကြောင်းရေးသားမှုတွေရှိခဲ့ပါတယ်။

Advertisements

နူနက်စ်ဟာ ခြေယောင်ပြလှည့်ထွက်မှုတွေကောင်းတယ်၊ flip flop  skill ကိုလည်းအသုံးပြုနိုင်တယ်။ နောက်ပြီး အာဆင်နယ်ရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ ဘယ်ခြမ်းတိုက်စစ်အတွက်လည်း ကစားနိုင်သူဖြစ်တယ်။  ညာသန်ဖြစ်တဲ့ နူနက်စ်ဟာ ဘယ်တောင်ပံကလဲကစားလေ့ရှိပြီး အတွင်းကို ချိုးဝင်ကာဂိုးသွင်းလေ့ရှိသူဖြစ်ပါတယ်။ တိုက်စစ်မှုးအဖြစ်ရော  Inverted Winger အဖြစ်ပါကစားနိုင်သူလဲဖြစ်တာကြောင့် အခြေခံအချက်အလက်အရတော့ အာဆင်နယ်နဲ့ကိုက်ညီနေပါတယ်။ ဒါပေမယ့် ပေါ်တူဂီလိဂ်က နောက်ခံလူတွေကို လှည့်စားသလိုမျိုး ပရီးမီးယားလိဂ်မှာလုပ်နိုင်မလားဆိုတာကတော့ မေးခွန်းတစ်ခုပဲဖြစ်ပါတယ်။  ဘာစီလိုနာ ၊ ဘိုင်ယန်မြူးနစ် နဲ့အာဆင်နယ်လိုအသင်းတွေနဲ့ထိပ်တိုက်ရင်ဆိုင်တဲ့ပွဲတွေမှာတော့ ထိုက်သင့်တဲ့စွမ်းဆောင်ရည်နဲ့ အလားအလာတွေကို ပေါ်လွင်အောင်ကစားထားနိုင်ခဲ့ပါတယ်။

မှတ်တမ်းတွေအရတော့ ဒီရာသီမှာ ပွဲပေါင်း ၃၀ ကစားပြီး ၂၅ ဂိုးသွင်းယူကာ ၂ ကြိမ်ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

နိုင်ငံလက်ရွေးစင်ကစားသမားဘဝကိုလည်းဖြတ်သန်းနေပြီဖြစ်တဲ့နူနက်စ်ဟာ အသင်းကြီးကစားသမားအဖြစ်အရွေးချယ်မခံရခင်ကတည်းက လူငယ်အဆင့်မှာအစွမ်းတွေပြနေခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ဒူးဒဏ်ရာရနေလို့ ၂၀၂၁ ကိုပါအမေရိကဖလားပွဲကိုတော့ ပါရာဂွေးနဲ့အတူမနွှဲနိုင်ခဲ့ပါဘူး။

Calciomercato ရဲ့ဖော်ပြချက်အရတော့ ကစားသမားကိုခေါ်ယူချင်ရင်ပေါင်သန်း ၅၀ ကျော်လောက်သုံးရဖို့ရှိနေပါတယ်။ ပြီးခဲ့တဲ့ဆောင်းရာသီအပြောင်းအရွှေ့မှာ ပေါင် ၄၅ သန်းနဲ့ကမ်းလှမ်းခဲ့တဲ့ ဝက်စ်ဟမ်းအသင်းကိုတော့ ဘင်ဖီကာဖက်ကပယ်ချခဲ့တယ်လို့သိရပါတယ်။ ကာဗာနီထွက်ခွာသွားဖို့သေချာနေတဲ့ မန်ချက်စတာယူနိုက်တက်ကလည်း နူနက်စ်ကို စိတ်ဝင်စားနေတယ် ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: