အာဆင်နယ်အသင်းရဲ့ အကောင်းဆုံး တကျော့ပြန်နိုင်ပွဲများ – အပိုင်း ၂

ဟူးလ်စီးတီး အာဆင်နယ်(၂၀၁၄ FAဖလားဖိုင်နယ်) 

၂၀၀၅ခုနစ် FAဖလားပြိုင်ပွဲမှာ နောက်ဆုံးဗိုလ်စွဲခဲ့တဲ့ ၀င်းဂါးရဲ့ အာဆင်နယ်ဟာ ၂၀၁၄မှာတော့ FAဖလားဖိုင်နယ်ကို ပြန်လည်တက်လှမ်းလာနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ တန်းဆင်းဇုန်ရဲ့အပေါ်နားလေးတင်မှာ ရှိနေတဲ့ ဟူးလ်စီးတီးကို အာဆင်နယ်ဟာ အလွယ်တကူပဲ ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ပရိသတ်တွေက ပွဲမစမီမှာ ခန့်မှန်းခဲ့ကြပါတယ်။ 

ဒါပေမယ့် ပထမပိုင်းမပြီးခင်မှာပဲ ဟူးလ်စီးတီးက အာဆင်နယ်ကို ဦးဆောင်ဂိုးနှစ်ဂိုးသွင်းယူခဲ့ပြီး ပရိသတ်တွေရဲ့ အထင်အမြင်တွေကို ပြောင်းပြန်လှန်ပစ်ခဲ့ကြပါတယ်။ ဒီနေရာမှာ အာဆင်နယ်ရဲ့ ကယ်တင်ရှင်ဖြစ်ခဲ့သူက ပရိသတ်တွေရဲ့အချစ်တော် ကာဇိုလာပါပဲ။ သူ့ရဲ့ ၂၇ကိုက်အကွာကနေ သွင်းယူ‌ခဲ့တဲ့ ဖရီးကစ်ဂိုးဟာ အာဆင်နယ်အတွက် မျှော်လင့်ချက်ရောင်ခြည်တစ်ခုဖြစ်ခဲ့ပါတယ်။ 

ဒုတိယပိုင်း ၇၁မိနစ်မှာ ကော့စီရယ်နီက ဒုတိယချေပဂိုးကို သွင်းယူခဲ့ပြီးတဲ့နောက် မိနစ်ကိုးဆယ်ပြည့်တဲ့အထိ နှစ်သင်းလုံး ဂိုးထပ်မသွင်းနိုင်ခဲ့တာကြောင့် အချိန် ဆက်ကစားခဲ့ရပါတယ်။ ပွဲချိန် ၁၀၉မိနစ်မှာတော့ ရမ်ဆေးဟာ အသင်းကို ဗိုလ်စွဲစေမယ့် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး အာဆင်နယ်ရဲ့ ကာလရှည်ကြာ ဆုဖလားနဲ့ ဝေးကွာမှုကိုလည်း အဆုံးသတ်ပေးနိုင်ခဲ့ပါတယ်။ ဒီဆုဖလားရဲ့ အသင်းရဲ့ သက်တော်ရှည်မန်နေဂျာကြီး အာဆင်၀င်းဂါးရဲ့ ဂုဏ်သိက္ခာကိုလည်း အဖက်ဆည်စေနိုင်ခဲ့ပါတယ်။ 

အာဆင်နယ် တော့တင်ဟမ်ဟော့စပါး(၂၀၁၂) 

ဒါဘီပွဲစဉ်တွေမှာ အရှုံးကနေ လိုက်ကစားပြီး ဂိုးပြတ်အနိုင်ယူနိုင်ခဲ့တာဟာ သိပ်ချိုမြိန်ဖို့ ကောင်းပါတယ်။ ပထမပိုင်း ၄မိနစ်နဲ့ ၃၅မိနစ်တို့မှာ ဆာဟာနဲ့ ဂါရတ်ဘေးလ်တို့ရဲ့ သွင်းဂိုးတွေနဲ့ စပါးက ဂိုးပြတ်‌ဦးဆောင်နေခဲ့ပေမယ့် အာဆင်နယ်အသင်းရဲ့ လက်စားချေမှုကလည်း မြန်ဆန်ခဲ့ပါတယ်။ ပွဲချိန် မိနစ်လေးဆယ်နဲ့ လေးဆယ့်သုံးမိနစ်တို့မှာ ဆက်ဂ်ညာ၊ ဗန်ပါစီတို့က အသင်းအတွက် ချေပဂိုးတွေကို သွင်းယူပေးခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာ သောမတ်စ်ရိုဆစ်စကီးက တစ်ဂိုး၊ ဝဲလ်ကော့နှစ်ဂိုး ထပ်မံသွင်းယူပေးခဲ့ပြီး အာဆင်နယ်သွင်းယူခဲ့တဲ့ သွင်းဂိုး ငါးဂိုးဟာ ၂၇မိနစ်အတွင်းမှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ဒီနိုင်ပွဲလေးကို ပရိသတ်တွေအနေနဲ့ အချိန်အကြာကြီး အမှတ်‌ရနေမှာ အသေအချာပါပဲ။ 

ချဲလ်ဆီး အာဆင်နယ်(၁၉၉၉) 

ချဲလ်ဆီးကို မိုဗစ်မ၀ယ်ယူခဲ့စဉ်က အာဆင်နယ်အတွက် ရင်ဆိုင်ရ သိပ်မခက်တဲ့ အသင်းတစ်သင်း ဖြစ်ခဲ့ပါတယ်။၁၉၉၉ခုနစ် စတန်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ သွားရောက်ကစားခဲ့စဉ်မှာတော့ အိမ်ရှင် ချဲလ်ဆီးဟာ အာဆင်နယ်ကို ဒုက္ခပေးနိုင်ခဲ့ပြီး အနိုင်ရလုနီးပါးဖြစ်ခဲ့ပါသေးတယ်။တကယ်လို့သာ အာဆင်နယ်တိုက်စစ်မှူး ကနူးရဲ့ ဟက်ထရစ်ကသာ မကယ်တင်ခဲ့ရင်ပေါ့။ 

ပွဲချိန် ၃၈မိနစ်နဲ့ ၅၂မိနစ်တွေမှာ သွင်းယူခဲ့တဲ့ ဂိုးတွေကြောင့် ချဲလ်ဆီးဟာ အိမ်ကွင်းမှာ အာဆင်နယ်ကို ၂ဂိုးပြတ်နဲ့အနိုင်ရနေခဲ့ပါတယ်။လန်ဒန်ဒါဘီမှာ  အမြှောက်တပ်သားတွေ ရှုံးနိမ့်ပြီလားလို့ စတွေးစရာ ဖြစ်ခဲ့ပေမယ့် London is red လို့ ကြွေးကြော်ခဲ့သူကတော့ ကနူးပဲ ဖြစ်ပါတယ်။ပွဲချိန် ၇၅မိနစ်၊၈၂မိနစ်နဲ့ ၉၀မိနစ်တွေမှာ အသင်းအတွက်လိုအပ်နေတဲ့ ချေပဂိုးတွေနဲ့ အနိုင်ဂိုးတွေကို တိုက်စစ်မှူးကြီးက သူတစ်ယောက်တည်း တဒိုင်းဒိုင်းကန်သွင်းပြီး ချိုမြိန်တဲ့ ဒါဘီနိုင်ပွဲတစ်ခုကို ပရိသတ်တွေအတွက် ဖန်တီးပေးခဲ့ပါတယ်။ 

အာဆင်နယ် မန်ချက်စတာယူနိုက်တက်(၂၀၀၇) 

အာဆင်နယ်နဲ့ မန်ချက်စတာတို့ ထပ်တိုက်တွေ့ဆုံတဲ့ ပွဲစဉ်၂၀၀ပြည့်မြောက်ခဲ့တဲ့ ပွဲစဉ်မှာတော့ အမြှောက်တပ်သားတွေဟာ သရဲနီတွေကို နောက်ကျသွင်းဂိုးတွေနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာ မန်ယူက အမှတ်ပေးဇယား အဆင့်တစ်နေရာမှာ ရပ်တည်နေပြီး အာဆင်နယ်ကတော့ မန်ယူနဲ့ ၁၂မှတ်အကွာ အဆင့်လေးနေရာမှာ ရပ်တည်နေပါတယ်။ 

ပထမပိုင်းမှာတော့ ဂိုးမရှိသရေကျခဲ့ပြီး ဒုတိယပိုင်းစပြီး ရှစ်မိနစ်အကြာမှာတော့ ရွန်းနီက မန်ယူအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးဆုံးဖို့ ၇မိနစ်ပဲ ကျန်ရှိချိန်မှာတော့ ဗန်ပါစီက ရိုဆစ်စကီးရဲ့ ဖန်တီးပေးပို့မှုကနေ ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ အနိုင်ဂိုးရှင်ကတော့ ကျွန်တော်တို့ရဲ့ ဂန္တ၀င် သီယာရီ အွန်နရီပဲ ဖြစ်ပြီး အီဘိုယေးကို ဖြတ်တင်ဘောကို ခေါင်းတိုက်သွင်းယူခဲ့ရာမှာ ဗန်ဒါဆားအနေနဲ့ မကာကွယ်နိုင်တာကြောင့် ပွဲပြီးဆုံးချိန်မှာတော့ လန်ဒန်သားတွေဟာမန်ချက်စတာသားတွေကို အနိုင်ယူနိုင်ခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: