အဆင့် ၄ အတွက် ထိပ်ဆုံးကနေ ရေပန်းမစားပေမယ့်  လူငယ်တွေရဲ့ ပျော်ရွင်မှုနဲ့တက်ကြွမှုကိုတော့ ရရှိထားတဲ့အာဆင်နယ်

တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် ၀က်ဖို့ဒ်နဲ့ပွဲစဉ်မတိုင်မီမှာ  မာတင်နယ်လီက အာဆင်နယ်အသင်းရဲ့ ပရိသတ်တွေကို Twitter ကနေ  စကားလက်ဆောင်ပါးလာခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာ ရာနှုန်းပြည့်နိုင်ပွဲ ယူခဲ့တဲ့ အာဆင်နယ်အသင်းအနေနဲ့ ၀က်ဖို့ဒ်ရဲ့ အိမ်ကွင်းမှာရော ရလဒ်ကောင်းတစ်ခု ဆက်လက် ရယူနိုင်မလားဆိုတာ စိတ်၀င်စားနေကြပါတယ်။

ဘရာဇီးလ်လူမျိုးတွေအတွက် ပွဲတော်ဆိုတာ စွမ်းအင်တွေ၊ အရောင်တွေ၊ သီချင်းတွေနဲ့ ပျော်ရွှင်မှုတွေပေါ့။ ကျွန်တော့်အတွက်ပွဲတော်ဆိုတာကတော့ ကောင်းကောင်းစားပြီး စောစောအိပ်တာပါပဲ” 

တနင်္ဂနွေနေ့မှာလည်း အမှတ်တွေအများကြီးရအောင် ကျွန်တော်တို့ ဆက်သွားကြမှာပါ။ Feliz Carnaval Brasil(ပျော်ရွှင်စရာ ဘရာဇီးလ်ပွဲတော်ဆိုတဲ့ အဓိပ္ပါယ်မျိုးပါ)”  ဆိုပြီး Twitter မှာရေးသားသွားခဲ့တာပါ။

မာတင်နယ်လီရဲ့ twitter ကစာလေးကို ဖတ်ကြည့်မယ်ဆိုရင် လာမယ့် တနင်္ဂနွေနေ့မှာ နိုင်ပွဲရယူနိုင်ဖို့ ဘရာဇီးလ်သားလေးဟာ စိတ်အားထက်သန်နေတာကို အတိုင်းသားတွေ့မြင်ရပါတယ်။ မကြာသေးမီကလည်း အသင်းရဲ့ အ၀တ်လဲခန်းထဲမှာ အသင်းသားတွေရဲ့ လတ်တလော ဖြစ်နေတဲ့ စိတ်ခံစားချက်တွေနဲ့ ပတ်သက်ပြီး ဘရာဇီးလ်သား‌လေးက ခုလို ဖွင့်ဟလာခဲ့ပါတယ်။ 

“ကျွန်တော်တို့ဟာ မိသားစုတစ်ခုပါ။ အလုပ်တစ်ခုအနေနဲ့ ဘောလုံးကန်နေကြတယ် ကျွန်တော်တို့ မမြင်မိကြပါဘူး၊ကျွန်တော်တို့အတွက် အာဆင်နယ်မှာကစားနေရတာဟာ ဒီ့ထက်ပိုပါတယ်” 

“ကွင်းထဲမှာကော ကွင်းပြင်မှာကော ကျွန်တော်တို့ အတူတကွပိုပြီး သန်မာလာကြပါတယ်။ကျွန်တော်တို့ အတူတကွ စားကြသောက်ကြတယ်။ ရာသီ၀က်လေ့ကျင့်ရေးခရီးစဉ်အဖြစ် ဒူဘိုင်းမှာရှိနေတုန်းက အသင်းသားတွေ၊၀န်ထမ်းတွေ အားလုံး အတူတကွ အသားကင်စားခဲ့ကြပါတယ်။ တကယ်ကို ကောင်းမွန်တဲ့ အချိန်တစ်ခုပါပဲ” 

အာဆင်နယ်အသင်းဟာ နိုင်ပွဲဆက်နေပြီးအခြေအနေကောင်းတွေရနေပေမယ့်  အဆင့် ၄ အတွက်ခန့်မှန်းမှုတွေမှာတော့ ကစားသမားအင်အားကွာဟမှုကြောင့် မန်ချက်စတာယူနိုက်တက်အသင်းကိုသာပိုမိုပြီး အလေးပေးနေကြတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာတော့ နောက်ဆုံး ၂၁ပွဲမှာ ၁၄ပွဲအနိုင်ရထားခဲ့ပြီး  အမှတ်ပေးဇယားအဆင့်၄လေးနေရာက မန်ယူအောက် သုံးပွဲလျော့ကစားပြီး နှစ်မှတ်သာကွာဟနေတာပါတယ်။

အသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင်တဖြစ်လဲ စကော့တလန်လက်ရွေးစင်ကစားသမားလေးကလဲ ချန်ပီယံလိဂ်၀င်ခွင့်အတွက် ယှဉ်ပြိုင်ရမှာဟာ ခက်ခဲမှာ ဖြစ်ပေမယ့် အသင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုက အသင်းရဲ့ အောင်ပွဲအတွက် အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်လာမယ်လို့ ဝက်ဖို့ဒ်နဲ့ပွဲမတိုင်ခင် အင်တာဗျူးတစ်ခုမှာ အခုလို ဆိုလာခဲ့ပါတယ်။ 

“ကျွန်တော်တို့ ဘယ်နေရာမှာ ရှိနေတယ် ၊ ဘာတွေလုပ်နေတယ်ဆိုတာ နဲ့ ဘယ်လောက်ခက်ခဲတဲ့အရာတွေကို ရင်ဆိုင်ရမယ်ဆိုတာ ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ အကောင်းမြင်စိတ်ပဲ ရှိနေပြီး ယုံကြည်မှုလည်း ရှိနေပါတယ်။ကျွန်တော်တို့မှာ ရဲ့ လူစာရင်းဟာငယ်ရွယ်ပြီး အတွေ့အကြုံနဲတယ်ဆိုပေမယ့် ယုံကြည်မှု အပြည့်အ၀ရှိနေကြပါတယ်။ ဒါက အရေးကြီးဆုံးအရာလို့လည်း ထင်ပါတယ်”

လာမယ့်တနင်္ဂနွေနေ့ည ၈နာရီခွဲမှာ ၀က်ဖို့ဒ်နဲ့ အာဆင်နယ်တို့ရဲ့ ယှဉ်ပြိုင်မှုကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ၀က်ဖို့ဒ်က အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက်အသင်းဆီက သရေတစ်မှတ် ခွဲယူနိုင်ခဲ့ပြီး လာမယ့် သီတင်းပတ်မှာရော မန်ယူရဲ့အနီးကပ်ဆုံး ပြိုင်ဘက် အာဆင်နယ်ကို ဆက်လက်ဒုက္ခပေးနိုင်မလားဆိုတာတော့ စောင့်ကြည့်ရပါမယ်။ 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: