နှစ်ဦးနှစ်ဖက် အဆင်ပြေခဲ့တဲ့ ပြောင်းရွှေ့မှု

မာဆေးဥက္ကဌ ပါဘလိုလောင်ဂိုရီးယားက အင်တာဗျူးမှာ အတည်ပြုပြောဆိုသွားပြီးတဲ့နောက်  အာဆင်နယ်ကွင်းလယ်ကစားသမားလေး မတ်တီယို ဂွမ်ဒူဇီယာ ရာသီကုန်မှာ မာဆေးလ်အသင်းကိုပြောင်းရွှေ့ကစားဖို့သေချာသွားခဲ့ပြီဖြစ်ပါတယ်။ ပေါင် ၉ သန်းခန့်ကုန်ကျနိုင်ဖွယ်ရှိတဲ့အပြောင်းအရွေ့ကြောင့် အာဆင်နယ်တို့ဟာ ဝင်ငွေအချို့ကိုရရှိဦးမှာဖြစ်ပေမယ့် ခေါ်ယူစဥ်တုန်းက ကုန်ကျခဲ့တဲ့ငွေကြေးနဲ့ နှိုင်းယှဥ်ရင်တော့  ၃ပုံ ၁ပုံခန့်လျော့နည်းသွားခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင်မျှော်လင့်ချက် ကြီးကြီးထားခဲ့ရတာ့ လူငယ်လေးတစ်ယောက်ကို လက်လွှတ်လိုက်ရတာလဲဖြစ်ပါတယ်။ ပရိတ်သတ်အချို့ကသူ့ကို နှမြောနေကြပါတယ်။

ဟိုးအစကိုပြန်သွားကြည့်တဲ့အခါ ဂွမ်ဒူဇီဆိုတာ တက်ကြွတဲ့ ၊ အားမန်ပြည့်တဲ့ကစားဟန်ရှိတဲ့ အာဆင်နယ် လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်။  ခြေစွမ်းကတော့ အတက်အကျရှိခဲ့ပါတယ်။ ကောင်းတဲ့နေ့မှာအရမ်းကောင်းနေပြီး ၊ ခြေပျက်တဲ့နေ့မှာတော့ အထိန်းအသိမ်းကအစ မမှန်တော့တဲ့သူမျိုးပါ။ သို့သော် အသင်းစိတ်ဓါတ်ရှိတဲ့ကစားသမားအဖြစ်လည်း အားလုံးကသတ်မှတ်ထားခဲ့ကြပါတယ်။ အာတီတာလက်ထက်မှာရော ၊ အမ်မရီလက်ထက်မှာပါထိုက်သင့်တဲ့ပွဲထွက်ခွင့်ကိုလဲရရှိခဲ့ပါတယ်။ ကွင်းထဲမှာအားမာန်အပြည့်နဲ့လည်း ကစားရင်းပရိတ်သတ်အချစ်ကိုရရှိခဲ့တဲ့သူပါ။ ဒါဆိုဘယ်အရာက သူ့ကိုအမ်မရီတ်ကဝေးကွာစေခဲ့ပါသလဲ။

Advertisements

အာဆင်နယ် အသင်းအတွက်ပွဲပေါင်း  ၈၀ခန့်  ကစားပေးခဲ့တဲ့ဂွမ်ဒူဇီဟာ   ပြစ်ဒဏ်မှတ်တမ်းကတော့မသေးတဲ့သူဖြစ်ပါတယ်။  လန်ဒန်အသင်းအတွက်ကစားနေစဥ်မှာ   အဝါကတ် အကြိမ် ၂၀၊  အနီကတ် ၁ကြိမ် ဆိုပြီးပစ်မှုမှတ်တမ်းရှိခဲ့တယ်။ စိတ်ဓါတ်ပြင်းပျတယ်ဆိုပြီး ခေါင်းစဥ်တပ်နိုင်သလို  အထိမ်းအကွပ်မဲ့တယ်လို့ဆိုရင်လဲမမှားပါဘူး။ အစပိုင်းမှာ ကြမ်းတမ်းတဲ့ကစားဟန်ကို ထိမ်းကျောင်းရင်းခရီးဆက်နိုင်ခဲ့သေးပေမယ့်   ဘရိုက်တန်ကစားသမား မူပေးကို  “ ခံစားခွင့် “ ခြင်းနှိုင်းယှဥ်ကာ မပြောသင့်တဲ့စကားပြောခဲ့ပြီးနောက်မှာတော့ အသင်းကနေစတင်ချန်လှပ်ခံခဲ့ရပါတော့တယ်။

အဲ့ဒီနောက် အာတီတာနဲ့ ပြန်လည်စေ့စပ်လို့မရတော့ပဲ  ဘွန်ဒက်စ်လီဂါကို အငှားထွက်ကစားခဲ့ပါတယ်။  ဂွမ်ဒူဇီဟာ သူ့ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ဂျာမန်မြေမှာတော့ ပြန်ရှာမတွေ့နိုင်ခဲ့သေးပါဘူး။  ကစားသမားဘဝကိုပြန်လည် တည့်မတ်သွားစေတာကတော့ သူ့ရဲ့မွေးရပ်မြေ ပြင်သစ်မှာပဲဖြစ်ပါတယ်။  မာဆေးလ်တို့အတွက် ပွဲပေါင်း ၃၈ ပွဲကစားကာခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အဆုံးမှာတော့ အပြီးသတ်ခေါ်ယူခွင့်ပါဝင်နေတဲ့စာချုပ်ကြောင့် ပြင်သစ်ကိုသူပြန်ရောက်သွားခဲ့ပါတယ်။  အဲ့ဒီနောက်တော့အားလုံးသိတဲ့အတိုင်းအပြီးသတ်ပြောင်းရွှေ့ဖို့အထိဖြစ်လာခဲ့ပါတယ်။

 ဒီအကြောင်းကို RMC Sport နဲ့တွေ့ဆုံရာမှာအခုလိုပဲ ပြောဆိုခဲ့ပါတယ်။

“  ဒီဆုံးဖြတ်ချက်ကို တော်တော်လေး ဂရုတစိုက်နဲ့ ချခဲ့ရတာပါ။  အသင်းဥက္ကဌနဲ့ဆွေးနွေးကြတော့  ကောင်းမွန်တဲ့အခြေအနေမှာရှိခဲ့ပါတယ်။  နည်းပြ နဲ့ မိသားစုဝင်တွေလဲအပါအဝင်ပေါ့ဗျာ။ အဆုံးမှာတော့ ဒီဆုံးဖြတ်ချက်ကို အတူတူချခဲ့ကြပါတယ်။  ကျွန်တော့်အတွက်တော့ အကောင်းဆုံးရွေးချယ်မှုပြုလုပ်ခဲ့တယ်လို့ဆိုနိုင်ပါတယ် “  ဆိုပြီးပြောဆိုသွားခဲ့တာပါ။

ဒီဆုံးဖြတ်ချက်ဟာ  အာဆင်နယ်အသင်းနဲ့ကစားသမားကြား နှစ်ဦးနှစ်ဖက်အဆင်ပြေခဲ့တယ်လို့ဆိုရပါလိမ့်မယ်။  အားပါးပြင်းထန်တဲ့ကစားဟန်နဲ့အတူ ပြသနာတွေပါယူဆောင်လာတဲ့ ကစားသမားလေးကို ထိန်းကျောင်းပေးဖို့အတွက်  အာဆင်နယ်ဟာ ဝန်ပိုတစ်ခုထမ်းချင်ပုံမရခဲ့ပါဘူး။  ထုံးစံအတိုင်း တစ်ယောက်ယောက်ထွက်ခွာသွားရင် လွမ်းတတ်တဲ့ပရိတ်သတ်တွေကတော့ နှမြောနေကြတာကိုတွေ့ရပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: