ကစားသမားဘဝကန့်လန့်ကာအချကို လီဝန်ဒေါစကီးဘယ်လိုဆုံးဖြတ်မလဲ

ဘယ်လိုစံချိန်တွေကို  လီဝန်ဒေါစကီး ချိုးခဲ့ပါတယ်ဆိုတာထက် ၊ သူမချိုးရသေးတဲ့စံချိန်ဘာရှိလဲလို့မေးတာက ပိုပြီးမှန်မယ့်တိုက်စစ်မှုးတစ်ယောက်လို့ တင်စားရင် ငြင်းမယ့်သူရှားပါလိမ့်မယ်။ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှုးတစ်ယောက် ၊  အသက် ၃၃ နှစ်ရောက်လာချိန်မှာ  ဂိုးပေါင်း ၆၀၀ ကျော်ထိသွင်းယူထားတဲ့တိုက်စစ်မှုးတစ်ယောက် ရာသီကုန်မှာတော့ လက်ရှိကစားနေတဲ့အသင်းကနေထွက်ခွာဖို့အကြောင်း ဖန်နေပါတယ်။  ၈ ရာသီတိုင်တိုင်လက်တွဲခဲ့တဲ့ဘိုင်ယန်နဲ့သူန့ကြားမှာ စာချုပ်သစ်အတွက်သဘောတူညီမှုမရသေးပါဘူး။  ထွက်ပေါ်လာတဲ့သတင်းတွေအရတော့ ရီးရဲ​ ၊  ပီအက်စ်ဂျီနဲ့   အာဆင်နယ်အသင်းတွေက လီဝန်ဒေါစကီးကို ခေါ်ယူလိုနေတယ်လို့သိရပါတယ်။  ထို ၃ သင်းထဲမှာ  ရီးရဲ နဲ့ ပီအက်စ်ဂျီတို့ဟာ ဆွေးနွေးမှုအချို့စတင်ပြီးပြီလို့ ဆိုပါတယ်။  အာဆင်နယ်ကတော့ စောင့်ကြည့်နေရုံဖြစ်ပါတယ်။ 

ဘိုင်ယန်တို့ဟာ ဟာလန်းကိုခေါ်ယူဖို့ရေပန်းစားတဲ့အသင်းတွေထဲမှာ ထိပ်ဆုံးကပါဝင်ပါတယ်။  သူနဲ့အပြိုင်ဖြစ်နေတဲ့ ချဲလ်ဆီးအသင်းဟာ ရုတ်တရက်ကြီးမားတဲ့အပြောင်းအလဲတွေဖြစ်လာခဲ့တာကြောင့်  နော်ဝေသားလေးကိုခေါ်ယူရေးမှာ နောက်ဆုတ်သွားကောင်း နောက်ဆုတ်နိုင်ပါတယ်။  ဘွန်ဒက်စ်လီဂါမှာ ကစားသမားတစ်ယောက်နာမည်ကျော်လာတိုင်း အချိန်တန်ရင်ဘိုင်ယန်ရောက်တယ်ဆိုတဲ့ အစဥ်အလာကို ဟာလန်းတစ်ယောက်ဆက်ထိန်းဦးမလားကြည့်ရပါမယ်။  လီဝန်ကိုယ်တိုင်လဲ တစ်ချိန်က ဒီလိုပဲရှိခဲ့တာမဟုတ်လား။  

Advertisements

ဟာလန်းဟာ ခေတ်သစ်ရဲ့ ဂိုးသွင်းစက်ဖြစ်ပါတယ်။  အသက် ၂၁ နှစ်အရွယ်မှာပဲ ဂိုးပေါင်း ၁၆၀ ကျော်သွင်းယူခဲ့ပြီးပါပြီ။ ဒါ့အပြင် တိုက်စစ်မှုးကောင်းတစ်ယောက်မှာရှိရမယ့်အချက်တွေအကုန်ရှိနေပါတယ်။ ဒီတော့ရိုးရှင်းပါတယ်။ ဘိုင်ယန်ဟာ ဟာလန်းကို ခေါ်ယူဖို့ကြိုးစားမှာပါပဲ။

အခုလီဝန်ရဲ့အသက်က ၃၃ နှစ်ရှိပြီ။  လာမယ့်ရာသီဆိုရင် ၃၄ နှစ်။ ဘိုင်ယန်နဲ့စာချုပ်က  ၂၀၂၃ ခုနှစ်အထိ ဆိုတော့ စာချုပ်သက်တမ်းကုန်ချိန်ဆိုရင် ၃၅ နှစ်ပေါ့။ အခုထိစာချုပ်သက်တမ်းတိုးဖို့ ညှိမရဘူးဆိုတဲ့အနေအထားမှာ အသက်အရွယ်လဲ သေချာပေါက် ပါဝင်ပါလိမ့်မယ်။ လီဝန်ကတော့ ခြေစွမ်းလဲရှိနေသေးသလို  ကမ္ဘာ့အဆင့်မှာလဲ ဆက်နေချင်သေးပုံပါပဲ။ ဒီတော့ တဖြေးဖြေးနောက်ဆုတ်ပေးရမယ့်အနေအထားကိုလက်ခံမှာမဟုတ်ပါဘူး။ ဘိုင်ယန်ဖက်ကလည်းပဲ  ကစားသမားရဲ့ အသက်အရွယ်အရ စာချုပ်သစ်ကမ်းလှမ်းရာမှာ သူတို့ကြိုက်နှစ်သက်တဲ့အနေအထားတစ်ခုကို ကိုင်စွဲထားမယ်လို့ ယူဆရပါတယ်။ တကယ်တော့ ဒါက ဘယ်သူ့ အမှားမှ မဟုတ်ပါဘူး။ ဘောလုံးလောကရဲ့ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောပါပဲ။

ဒီတော့ အနှစ်ချုပ်ရရင် လီဝန်တစ်ယောက် ရာသီကုန်မှာအသင်းပြောင်းသွားနိုင်ပါတယ်။  ပါရီမြေမှာ  ကြယ်တစ်ပွင့်အဖြစ်လင်းလက်မလား ၊ စပိန်ဘီလူးကြီးဆီသွားမလား ၊ ဒါမှမဟုတ် ဥရောပကို ကိုင်လှုပ်ဖို့ကြိုးစားနေကြတဲ့ အာဆင်နယ်လူငယ်တွေဆိကိုပဲသွားမလားဆိုတာကတော့ မကြာခင်မှာအဖြေပေါ်လာမှာပါ။ အဲ့တာတွေအားလုံးကိုရှောင်လွှဲပြီး  ဘိုင်ယန်နဲ့ပဲ ကစားသမားဘဝကို ကန့်လန့်ကာချသွားမယ်ဆိုတာမျိုးလဲဖြစ်လာနိုင်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: