Gunners’ Side – နောက်ဆုံးရအာဆင်နယ်သတင်းများ (3Mar)

လာကာဇက် အနေနဲ့  အာဆင်နယ်နဲ့ စာချုပ်ချုပ်ဆိုချင်နေလိမ့်မယ်လို့  ကင်းဘဲလ်ခန့်မှန်း

ကစားသမားဟောင်းကီဗင်ကင်းဘဲလ်က  လာကာဇက်အနေနဲ့  ကာလရှည်စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုဖို့အတွက် မျှော်လင့်နေနိုင်ကြောင်း Football Insider နဲ့တွေ့ဆုံတဲ့အစီအစဥ်မှာ သုံးသပ်ပြောကြားလာပါတယ်။  “ သူ့အနေနဲ့  သက်တမ်းတိုးစာချုပ်ထက် ကာလရှည်စာချုပ်ကိုပဲ ချုပ်ဆိုချင်နေပါလိမ့်မယ်။ အသက်အရွယ်အရ သူ့ရဲ့ လက်ကျန် ကစားသမားဘဝအတွက် အဆင်ပြေဖို့လိုအပ်ပါတယ်။ ကျွန်တော်ဲ ကိုယ်တိုင် အဲ့ဒီလိုအချိန်ကိုဖြတ်သန်းခဲ့ဖူးလို့နားလည်ပါတယ်။  တချိန်ထဲမှာပဲ လာကာဇက်ရဲ့အသင်းအပေါ်မှာထားတဲ့စိတ်ထားကို ဘယ်သူကမှ ငြင်းပယ်နိုင်မှာမဟုတ်ပါဘူး။  သူ့စာချုပ်က ရာသီကုန်ဆို သက်တမ်းစေ့ပြီ။ ဒါပေမယ့် သူကအသင်းအတွက် ၁၀၀ % ပေးဆပ်ကစားနေတုန်းပါပဲ “  လို့ မှတ်ချက်ပြုချီးကျူးသွားခဲ့တာပါ။

ဖရန့်ကတ်ဆီကို  အာဆင်နယ်ကမ်းလှမ်း

စပိန်သတင်းစာ Sport ရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ အေစီမီလန်ရဲ့ ကွင်းလယ်လူ ဖရန့်ကတ်ဆီကို ကမ်းလှမ်းလိုက်ပြီလို့ သိရပါတယ်။  ရာသီကုန်မှာ မီလန်နဲ့ စာချုပ်ကုန်တော့မယ့်ကစားသမားကို စိတ်ဝင်စားနေတဲ့အသင်းတွေအများကြီးရှိပေမယ့်  အာဆင်နယ်အသင်းကသာ အမှန်တကယ်စာချုပ်တစ်ရပ်ချုပ်ဆိုဖို့အားထုတ်လိုက်တဲ့  ပရီးမီးယားလိဂ်အသင်းဖြစ်တယ်လို့  ဆိုပါတယ်။​ သတင်းအချို့အရလည်း  ကတ်ဆီနဲ့ ဘာစီလိုနာတို့စကားပြောနေကြပြီဖြစ်ပြီး  ကစားသမားကလည်း ပြန်လည်စိတ်ဝင်စားနေတယ်လို့ ရေးသားနေကြပါတယ်။

ဂျက်စပန့်စ် ကိုစောင့်ကြည့်ဖို့  ဘိုင်ယန်အသင်းက ကင်းထောက်အဖွဲ့စေလွှတ်

အာဆင်နယ်အသင်းနဲ့ စပါးအသင်းတို့အပြိုင်စိတ်ဝင်စားနေကြတဲ့ မစ်ဒယ်ဘရော့နောက်ခံလူ ဂျက်ဒ်စပန့်စ်ကို  ဂျာမန်ကလပ်ဘိုင်ယန်မြူးနစ်အသင်းကလဲ ကြိုးပမ်းလာတော့မှာဖြစ်တယ်လို့  သတင်းများကဖော်ပြနေကြပါတယ်။  Sky Sports ရဲ့အဆိုအရ ဘိုင်ယန်တို့ဟာ နော်တင်ဟမ်မှာအငှားနဲ့ကစားနေတဲ့ စပန့်စ်ကို  ကင်းထောက်အဖွဲ့စေလွှတ်ကာ စောင့်ကြည့်စေခဲ့တယ်လို့ သိရပြီး ၊ ကစားသမားကို နွေရာသီမှာပဲ ကမ်းလှမ်းသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ပေပေကို ပြောဆိုနေထိုင်မှုတွေကို သဘောကျနေတဲ့  အယ်နီနီ

အာဆင်နယ်အသင်းရဲ့ အီဂျစ်ကွင်းလယ်လူ အယ်နီနီကို  ကစားဖော်နီကိုးလပ်စ်ပေပေအကြောင်းကို အခုလိုပဲပြောပြသွားခဲ့ပါတယ်။ “ ကျွန်တော်သူ့ကိုချစ်တယ်ဗျာ … သူက ဘောလုံးကွင်းပြင်ပမှာ တော်တော်သဘောကောင်းပြီး အမြတမ်းလိုလိုရီစရာတွေပဲပြောနေတတ်တဲ့သူပါ။  ကွင်းထဲမှာလဲအံ့သြစရာစွမ်းဆောင်ရည်ကိုပြသနိုင်တဲ့သူဖြစ်ပါတယ်။ AFCON  မှာလည်းအကောင်းဆုံးအစွမ်းပြနိုင်ခဲ့တာပါ။ သူပါဝင်ကစားနေတဲ့အသင်းကို အနိုင်ရခဲ့တဲ့အတွက်လည်း တကယ့်ကို ဂုဏ်ယူ ပျော်ရွင်မိပါတယ်  “  ဆိုပြီး ကစားဖော်ကိုချီးကျူးသွားခဲ့တာပါ။

ဂျေးဆူ ကိုခေါ်ဖို့  အာဆင်နယ်ကို ဖာဒီနန်တိုက်တွန်း

သူသာ အာဆင်နယ်တာဝန်ရှိသူတစ်ယောက်ဆိုရင်  မန်စီးတီးရဲ့ ဂါဘရီယယ်ဂျေးဆူကို ခေါ်ယူဖို့ကြိုးစားမှာဖြစ်တယ်လို့   မန်ယူဂန္တဝင်ဖာဒီနန်ကပြောကြားလာပါတယ်။  ၂၀၂၃ ခုနှစ်မှာ စာချုပ်ကုန်ဆုံးတော့မယ့် မန်စီတီးကစားသမားဟာ အီတီဟတ်မှာ အနာဂတ်မသေချာသေးတာကြောင့် ရာသီကုန်မှာ အသင်းပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့  ဖေဘရီဇီယိုရိုမာနိုက ခန့်မှန်းပြောကြားထားခဲ့ပါသေးတယ်။

ဖာဒီနန်က “ ဂျေးဆူအနေနဲ့ အသင်းနဲ့သေချာဆွေးနွေးဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုရင် ရာသီသစ်မှာ  တိုက်စစ်မှုးသစ်တစ်ယောက်က မန်စီးတီးကိုရောက်လာတော့မှာပါ။ ဒီတော့ သူနေရာရမယ် ၊ မရဘူးဆိုတာမသေချာပါဘူး။ ကျွန်တော်သာ အာဆင်နယ်အသင်းဆိုရင်တော့ သူ့ကို ဝယ်ယူဖို့စီစဥ်မှာပါပဲ  “  ဆိုပြီးမှတ်ချက်ပေးခဲ့တာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: