M.S.News – နောက်ဆုံးရအပြောင်းအရွှေ့သတင်းများ (3Mar)

မစ်ဒယ်ဘရော့ တောင်ပံကစားသမားကို စိတ်ဝင်စားနေကြတဲ့ အာဆင်နယ်နဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းနဲ့  အာဆင်နယ်တို့ဟာ မစ်ဒယ်ဘရော့ အသင်းရဲ့တောင်ပံကစားသမား အီဆီယာဂျုံးစ်ကိုခေါ်ယူလိုနေကြတယ်လို့  Planet Sport သတင်းထောက် ဂရေမီဘိုင်လီကဖော်ပြလာပါတယ်။ အသက် ၂၂ အရွယ်ကစားသမားလေးဟာ  ဒီရာသီမှာ ဘိုရိုတို့အတွက် ၃၈ ပွဲကစား  ၁ ဂိုးသွင်းပြီး  ၈ ကြိမ်ဖန်တီးပေးထားနိုင်သူဖြစ်ပါတယ်။ အဆိုပါကစားသမားလေးရဲ့စွမ်းဆောင်ရည်ကို  ခြေစွမ်းသိပ်မပြနိုင်တဲ့ပေပေနေရာမှာအစားထိုးဖို့ ပရိတ်သတ်အချို့ကမျှော်လင့်နေကြတယ်လို့လည်းဆိုပါတယ်။

လီဝန်ဒေါစကီးကို  ပီအက်ဂျီ ၊ အာဆင်နယ်နဲ့ ရီးရဲတို့ အပြိုင်စိတ်ဝင်စားနေကြ

အာဆင်နယ် ၊ PSG နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မူး လီဝန်ဒေါ့စကီး ကိုခေါ်ယူရန်အပြိုင်စိတ်ဝင်စားနေကြောင်း ပြင်သစ် မီဒီယာများကဖော်ပြလာခဲ့ကြပါတယ်။ အသက် (၃၃)နှစ်အရွယ်ပိုလန်တိုက်စစ်မှုးကြီးဟာ လာမယ့်နှစ် ဇွန်လမှာ ဘိုင်ယန်​မြူးနစ်အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့်  ယခုနွေရာသီအပြောင်း ရွေ့တွင်ယင်းကစားသမားကိုခေါ်ယူရန် ဥရောပအ သင်းကြီးများကစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။  လီဝန်ဒေါ့စကီးဟာဘိုင်ယန်မြူးနစ်အသင်းအတွက် ယခုရာသီလိဂ်ပြိုင်ပွဲ(၂၄)ပွဲမှာ (၂၈)ဂိုးသွင်း ယူထားပေးနိုင်သလို အသင်းရဲ့ စံချိန်တင်ဂိုးသွင်းရှင်လဲဖြစ်ပါတယ်။

ရူဒီဂါ ဥရောပအသင်းကြီးတွေနဲ့ စတင်ဆွေးနွေးပြီ

ချဲလ်ဆီးအသင်းရဲ့ အဓိက နောက်ခံကစားသမား ရူဒီဂါ ဟာ ရီးရဲမက်ဒရစ် နဲ့ ပီအက်စ်ဂျီအသင်းဖက်ကတာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေပြီဖြစ်တယ်လို့ Sky Sports ကဖော်ပြလာပါတယ်။ ကစားသမားရဲ့ လက်ရှိစာချုပ်ဟာ ရာသီကုန်မှာ  သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ ကစားသမားနဲ့သဘောတူညီမှုရရှိရင်   အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ စာချုပ်ပါအချက်အလက်များအရ အဂ်လန်ပြင်ပကအသင်းတွေနဲ့ ကြိုတင်ဆွေးနွေးနိုင်တယ်ဆိုတဲ့အချက်လဲပါဝင်ပါတယ်။

စံချိန်တင်လစာနဲ့  အမ်ဘာပေကို နောက်ဆုံးအကြိမ်ကြိုးစားလိုက်တဲ့  ပီအက်စ်ဂျီ

ပီအက်စ်ဂျီ အသင်းဟာ  အမ်ဘတ်ပေကို နောက်ဆုံးအကြိမ်ဖြစ်သက်တမ်းတိုးစာချုပ်ကမ်းလှမ်းထား ကြောင်းသိရပါတယ်။ ယင်းစာချုပ်အရ  ၂၀၂၄ နှစ် ကာလတို ၂ နှစ်သာ ချုပ်ဆိုမှာ ဖြစ်ပြီးစာချုပ်သက်တမ်းကုန်လျှင် ထွက်ခွာခွင့်ပြုမယ်ဆိုတဲ့ အချက်လည်းပါဝင်နေပါတယ်။ လက်မှတ် ထိုးကြေး ယူရိုသန်း ၁၀၀ နှင့် တစ်နှစ်လုပ်ခလစာ ယူရိုသန်း ၁၀၀ အပေါ် အခွန်အခဖြတ်ပြီး အသားတင် ယူရိုသန်း ၅၀ကိုလည်း ခံစားခွင့်အဖြစ် ပါဝင်နေပါတယ်။ ယင်းကမ်းလှမ်းချက်မှာ ရီးရဲလ်မက်ဒ ရစ်အသင်းဖက်ကပေးချေမည့်လုပ်ခလစာထက် ၂ ဆခန့်မြင့်မားနေကြောင်းလည်းသိရပါတယ်။ အကယ်၍ ယင်းစာချုပ်သစ်သဘောတူညီမူရရှိပါက မက်ဆီ၊ နေမာတို့ထက်များပြားသောလုပ်ခလစာသစ်ဖြင့် ကမ္ဘာ့လစာအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။

ယူနိုက်တက်ကိုပြောင်းရွှေ့လာဖို့ စိတ်ဝင်စားနေတဲ့ တန်ဟက်

အေဂျက်အသင်းနည်းပြ အဲရစ်တန်ဟက်ဟာ ယူနိုက်တက်အသင်းကိုပြောင်းရွှေ့နည်းပြဖို့ စိတ်ဝင်စားနေကြောင်းသတင်းများထွက်ပေါ်လာပါတယ်။  ယူနိုက်တက်အသင်းဖက်ကလည်း  နည်းပြသစ်ကို သေသေချာချာစိစစ်ရွေးချယ်လျှက်ရှိပြီး ၊ ဆုဖလားများရယူပေးနိုင်မယ့်နည်းပြကိုမျှော်လင့်နေတယ်လို့သိရပါတယ်။  အဲရစ်တန်ဟက်ကတော့  အဂ်လိပ်စကားကို ယခုထက်ကောင်းမွန်စွာအသုံးချနိုင်အောင်သင်ယူနေတယ်လို့လည်းသိရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: