အာဆင်နယ်အသင်း အသုံးပြနေတဲ့ Attacking Pattern များ

ဘယ်လောက်ပဲမာကျောတဲ့ခံစစ်ကြောင်းရှိနေပါစေ နိုင်ပွဲတွေရဖို့ဆိုရင်တော့ တိုက်စစ်က ဂိုးသွင်းမှရပါလိမ့်မယ်။ အာတီတာကတော့ အသင်းကိုအစအဆုံး တည်ဆောက်သူဖြစ်တာကြောင့်ခံစစံကိုအရင်ပြင်ဆင်ခဲ့ပါတယ်။ Overall Figure အရ မှန်ကန်တဲ့လုပ်ရပ်ဖြစ်ပါတယ်။  ထိုနည်းတူစွာတိုက်စစ်ကစားပုံကိုလည်းတဖြေးဖြေးချင်း ပြင်ဆင်လာတာသိသာနေပါတယ်။  Gunners’ Side ပရိတ်သတ်တွေအတွက်  အာဆင်နယ်အသင်း ဒီရာသီမှာကစားနေတဲ့  Attacking Pattern တွေကို လက်လှမ်းမှီသလောက်စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

 (Disclaimer  အနေနဲ့  ပြောလိုတာကတော့ နည်းစနစ်သုံးသပ်ချက်ဆိုတာထက်  Tactical အောက်က Pattern ငယ်လေးတွေအကြောင်းကို မြင်မိသလောက်ရေးတာသာဖြစ်ကြောင်းပါ )

Overlap နဲ့ Diagonal Run များ

ပြိုင်ဖက်အသင်းကွင်းဖက်ကိုရောက်လာပြီဆိုရင်  Overlap လဲမလုပ် ၊ အခြားကစားသမားတွေနဲ့လဲ တွဲလုံးတွေမဖန်တီး​ ၊  မထိုးဖောက်ပဲ  ထောင့်ဖြတ်ဆွဲဝင်လာပြီး အခွင့်အရေးတွေဖန်တီးတဲ့ပုံစံကို အာဆင်နယ်တိုက်စစ်မှာ မကြာခနမြင်နေရပါတယ်။ အထူးသဖြင့် ဆာကာရဲ့ အခြမ်းဖက်ကဖြစ်ပါတယ်။ အခြေအနေအရ တခါတရံ နောက်ကတက်လာတဲ့  Side Back တွေဆီဘောလုံးပြန်ချပေးတာမျိုးရှိပေမယ့်  မူလရည်မှန်းချက်ကတော့ ဧရိယာထဲဆွဲပြေးပြီး ကန်သွင်းခွင့်ရယူဖို့သာဖြစ်ပါတယ်။  အခြေအနေမဟန်ရင်တော့  တဖက်ခြမ်းတောင်ပံဆီ  Long Pass နဲ့ ဖြန့်ထုတ်တာမျိုး ၊ တက်လာတဲ့နောက်ခံအစွန်လူဆီကို ဘောလုံးချပေးတာမျိုးလုပ်တတ်ပါတယ်။  ဆာကာရသွားတဲ့ ဂိုးတွေကိုကြည့်ရင်  ထိုအချက်ကိုမြင်သာနိုင်ပါတယ်။ 

ဆာကာ က  Diagonal Run  တွေလုပ်နိုင်ဖို့အတွက် အနောက်ကနေကာပေးရတာကတော့ အိုဒီဂတ်နဲ့ ရှာခါ (တစ်ခါတစ်ရံ ဆမ်ဘီလိုကွန်ဂါ) တို့ပဲဖြစ်ပါတယ်။  ဆာကာရဲ့ ခြေစွမ်းအတက်အကျပေါ်မှုတည်ပြီး  ဒီပုံစံ အလုပ်ဖြစ် ၊ မဖြစ်ကိုကြည့်ရပါတယ်။  မာတင်နယ်လီလဲ  ဘယ်ခြမ်းကနေ ထောင့်ဖြတ်ထိုးဖောက်ပုံစံနဲ့ အထဲဝင်ကစားတာမျိုးရှိပေမယ့်  ဒီနည်းစနစ်မှာတော့  ဆာကာ ကပိုပြီးအလုပ်ဖြစ်တာကိုမြင်ရပါတယ်။

ဒီပုံစံကနေရရှိခဲ့တဲ့ဂိုးတွေထဲကမြင်သာတဲ့ဂိုးကတော့ စပါးအသင်းနဲ့ပွဲမှာသွင်းယူခဲ့တဲ့ဂိုးပါပဲ။

တန်ပြန်တိုက်စစ်

ပါတေး ရဲ့ အလောတော်ချပေးမှုတွေ ၊  ဘန်ဝှိုက်ရဲ့ Direct Pass တွေ ဒါမှမဟုတ်  ဆာကာ နဲ့ လာကာဇက်က ညာခြမ်းကနေအပေးအယူလုပ်ပြီး  ဘယ်ခြမ်းက မာတင်နယ်လီရဲ့  ပြေးလမ်းထဲကိုထည့်ပေးတဲ့ပုံစံဟာ  အာဆင်နယ်ဂိုးမြူးတဲ့ပွဲတွေမှာ အမြဲလိုလိုမြင်ရတဲ့ Attacking Pattern တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီပုံစံမှာပိုပြီးအလုပ်ဖြစ်တာက  စမစ်ရိုးပါပဲ။ သူ့ရဲ့ ကျွမ်းကျင်မှုတွေဖြစ်တဲ့  တဖက်သားကို ဟန်ချက်ပျက်စေတဲ့ အဖြတ်အတောက်တွေ ၊  လျှင်မြန်မှုတွေ ၊ ဂိုးလာဘ်တွေက အာဆင်နယ်ကို ဂိုးတွေရစေပါတယ်။ 

စမစ်ရိုး ဆိုတာက နမူနာထုတ်ပြောလိုက်တာပါ။  လိဒ်ယူနိုက်တက် နဲ့ ဝက်စ်ဟမ်းကို သွင်းတဲ့  မာတင်နယ်လီရဲ့ ဂိုး ၊  ဆာကာသွင်းယူတဲ့ ဘရိုက်တန်နဲ့ပွဲကဂိုးတွေမှာလည်း ဒီ Pattern ကို ကောင်းကောင်းမြင်ကြရမှာပါ။ အနှစ်ချုပ်ပြောလိုတာက နောက်တန်းကနေအပေးအယူလုပ်ပြီး  ဆန့်ကျင်ဖက်တောင်ပံဆီကို ဘောလုံးပေးပို့တိုက်စစ်ဆင်တာမျိုးပါ။  တဖက်အသင်းက တိုက်စစ်ကျွံသွားချိန်မှာသုံးပါတယ်။

Advertisements

Combination Play  (တွဲလုံးများ)

 တောင်ပံအထိ ဘောလုံးကို ဆွဲယူသွားလို့ဖြစ်စေ ၊ ဒါမှမဟုတ် တိုက်စစ်ဆင်နေရင်းထင်တိုင်းမပေါက်ပဲ အစွန်တွေကိုရောက်သွားတဲ့အခါမှာ  အိုဒီဂတ် ၊ လာကာဇက်တို့နဲ့အတူ တောင်ပံကဘောလုံးကိုင်နိုင်တဲ့ သူက ချိတ်ဆက်ပြီးအတွင်းကို ဝင်ရောက်ထိုးဖောက်တဲ့ပုံစံပါ။ အကောင်းဆုံးဥပမာကိုပြောရရင် လာကာဇက် ( OG ဖြစ်သွားခဲ့တဲ့ ဝုဗ်နဲ့ပွဲက အနိုင်ဂိုး ) နဲ့ ယူနိုက်တက်ဖက်ကို အိုဒီဂတ်သွင်းခဲ့တဲ့ ဒုတိယချေပဂိုး ဖြစ်ပါတယ်။  ဒီ ပုံစံနဲ့ထိုးဖောက်တာကို ပွဲတိုင်းလိုလိုမှာမြင်ရလေ့ရှိပါတယ်။   အစောပိုင်းတုန်းကလည်း ဒီနည်းစနစ်ကိုအသုံးပြုခဲ့ပေမယ့်  ကစားသမားတွေနဲ့အသားတကျမရှိခဲ့လို့ မထိရောက်ခဲ့ပါဘူး။ အခုနောက်ပိုင်းမှာတော့ အိုဒီဂတ်ရဲ့ အသင်းနဲ့ ပိုမိုအသားကျလာမှုနဲ့အတူ  အသင်းသားတွေက အကျိုးအမြတ်ရှိလာအောင်ကစားနိုင်ခဲ့ပါတယ်။

ဒါ့အပြင်  နောက်တန်းကနေ Overlap လုပ်လာတဲ့ တီယာနေ ၊ တိုမီယာစုတို့လိုကစားသမားတွေနဲ့အတူချိတ်ဆက်ပြီးလည်း ထိုးဖောက်လေ့ရှိတာကိုတွေ့ရပါတယ်။   အာတီတာအားကိုးတဲ့  Pattern တစ်ခုလည်းဖြစ်ပါတယ်။

ဒါပေမယ့်  Combination Play ကို တောင်ပံကထိုးဖောက်ရင်အလုပ်ဖြစ်သလောက် ကွင်းလယ်ကနေ အသုံးချတဲ့အခါမှာတော့  Number 9 ကစားသမားကောင်းကောင်းမရှိတဲ့ဒဏ်ကို အာဆင်နယ်တို့ကောင်းကောင်းခံရပါတယ်။ အာဆင်နယ်ရဲ့ တွဲလုံးတွေဟာ တောင်ပံကလာရင်ကောင်းသလောက်၊  ဗဟိုကလာတယ်ဆိုရင်  သာမန် Block လုပ်ထားရုံနဲ့တင် တားဆီးလို့ရနေသယောင်ရှိပါတယ်။

Set Play များ

Set Pieces နည်းပြပြောင်းလဲလိုက်ပြီးနောက်ပိုင်း အာဆင်နယ်အသင်းရဲ့   ထောင်ကန်ဘောတွေဟာပိုပြီးကြောက်ဖို့ကောင်းလာပါတယ်။ ဂါဘရီယယ်ရော ၊ ပါတေးရော ထောင်ကန်ဘောကတစ်ဆင့်ဂိုးတွေရဖူးကြပါတယ်။ ဂိုးမရရင်တောင် ကြောက်စရာကောင်းတဲ့ရွေ့လျားပုံတွေကြောင့် တဖက်အသင်းနောက်ခံလူတွေအတွက် Fear Factor ကိုဖြစ်ပေါ်စေတဲ့အခြေအနေပါပဲ။ သိပ်များများစားစားပြောစရာမရှိပါဘူး။

အခုရေးသားသွားတဲ့ တိုက်စစ်ပုံစံတွေက အာဆင်နယ်အသင်းတောက်လျှောက် အသုံးပြုနေတဲ့ ကစားဟန်တွေဖြစ်ပါတယ်။  ဒါပေမယ့် အာတီတာအသုံးပြုနေတဲ့ ပုံစံတိုင်းကတော့အလုပ်ဖြစ်နေတာမဟုတ်ပါဘူး။ အထူးသဖြင့်  အဆုံးသတ်ဂိုးသွင်းနိုင်တဲ့တိုက်စစ်မှုးမရှိပဲနဲ့   တီယာနေကို ဖြတ်တင်ဘောတွေတင်ခိုင်းနေတဲ့အချက်ဖြစ်ပါတယ်။ ဖြတ်တင်ဘောတွေလုပ်တိုင်းတဖက်အသင်းကခေါင်းဦးပြီး တိုက်စစ်ပျက်ပျယ်တာသာများပါတယ်။ ဘာကြောင့်ဆက်လုပ်နေသလဲမပြောတတ်ပေမယ့် အခုနောက်ပိုင်းပွဲတွေမှာတော့ မြင်ရနဲလာတယ်လို့ ခံစားမိပါတယ်။ Statistic တွေမကြည့်ပဲမှန်းရေးတာဖြစ်လို့  မှားနိုင်ပါတယ်။

နောက်ထပ်အားနည်းချက်တစ်ခုကတော့  ပင်နယ်တီဧရိယာထိပ်မှာ ရရှိလာတဲ့အခွင့်အရေးတွေကို အသုံးချနိုင်စွမ်းပဲဖြစ်ပါတယ်။

ဇုန်ထိပ်ကနေ ကန်သွင်းခွင့်ရတဲ့အရေအတွက်နဲ့ တကယ်ဂိုးရသွားတဲ့အရေအတွက် ကိုချိန်ဆကြည်ံ့ရင် ဒီအပိုင်းမှာ သိသိသာသာအားနဲနေတာကိုမြင်ရပါလိမ့်မယ်။  လာကာဇက်ဟာ တဖက်နောက်ခံလူတွေကို attract လုပ်ပြီးနေရာလွတ်တွေကို ဖော်နိုင်ပါတယ်။  ရလာတဲ့နေရာလွတ်တွေကိုလဲ အသုံးချပြီးကန်ခွင့်တွေဖန်တီးနိုင်ပါတယ်။ ဒါပေမယ့်အဲ့ဒီအခွင့်အရေးတွေကို ဂိုးအဖြစ်မပြောင်းလဲနိုင်တာကတော့  လာကာဇက်ရော ၊ ကျန်တဲ့ကွင်းလယ်သမားတွေရာအတူတူပါပဲ။   အချို့က ကန်ချက်မှန်ပြီး မဂိုးတာဖြစ်သလို ၊ ပါတေးနဲ့ လာကာဇက်တို့ကတာ့ ဂိုးပေါက်ပါမတည့်တာဖြစ်ပါတယ်။

နည်းသိရင် လမ်းရှိတယ်ဆိုပေမယ့်  သိတဲ့အတိုင်းအကောင်အထည်ဖော်နိုင်ဖို့ကတော့ အရည်အသွေးတွေစုံလင်တဲ့ ကစားသမားတွေရှိဖို့လိုအပ်ပါတယ်။ ဘောလုံးအပျက်နဲတဲ့ တောင်ပံသမားကောင်း ၊  ကန်ချက်ကောင်းတဲ့ကွင်းလယ်လူနဲ့  ဂိုးသွင်းအားကောင်းတဲ့တိုက်စစ်မှုးတွေရလာရင်တော့ အခုထက်ပိုကောင်းတဲ့အာဆင်နယ်ကို မြင်ရမယ်ထင်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: